cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မုတ်သုံဆုတ်ခွာမည့်ရက်နောက်ကျနိုင်ပြီး မုတ်သုံနောက်ကျမိုးတွေ ဆက်ရွာနေနိုင်

. ရာသီဥတု သတင်းများ
လက်ရှိ La Niña ဖြစ်နိုင်ချေ ၇၁% နဲ့ IOD negative အခြေအနေများကြောင့် စက်တင်ဘာလနဲ့ အောက်တိုဘာလ လကုန်ရက်များအထိ စိုထိုင်းဆ မြင့်မားပြီး၊ မိုးရွာနိုင်ခြင်းကို အားပေးသည့်ရာသီဥတုအခြေအနေဖြစ်လာနိုင်၊ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာ ရွာသွန်းမြဲအထက်မိုးရေချိန် ရရှိနိုင်ပါတယ်။
  • လက်ရှိ La Niña ဖြစ်နိုင်ချေ ၇၁% နဲ့ IOD negative အခြေအနေများကြောင့် စက်တင်ဘာလနဲ့ အောက်တိုဘာလ လကုန်ရက်များအထိ စိုထိုင်းဆ မြင့်မားပြီး၊ မိုးရွာနိုင်ခြင်းကို အားပေးသည့်ရာသီဥတုအခြေအနေဖြစ်လာနိုင်သည့်အတွက်၊ မုတ်သုံဆုတ်ခွာမည့်ရက်နောက်ကျနိုင်ပြီး မုတ်သုံနောက်ကျမိုး(Late monsoon rainfall) တွေ ဆက်ရွာနေနိုင်ပါတယ်။ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာ ရွာသွန်းမြဲအထက်မိုးရေချိန် ရရှိနိုင်ပါတယ်။

    ====

    အောက်တိုဘာလ ၁၀ ရက်နောက်ပိုင်း တနိုင်ငံလုံးမှမုတ်သုံအပြီးဆုတ်ခွာတဲ့အခါ မြန်မာနိုင်ငံအတွက်ဒီနှစ်(၂၀၂၅ ခုနှစ်) မိုးနှောင်းကာလကုန်ဆုံးပြီး “မိုးလွန်ကာလ”ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

    မိုးလွန်ကာလ = မုတ်သုံအပြီးသတ်ဆုတ်ခွာရက် ခန့်မှန်း-အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ

    ပုံမှန်ဖြစ်မြဲအပူချိန်အောက် အနည်းငယ်ကျဆင်းကာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မည့်အခြေအနေများလည်း ဆက်ရှိနေနိုင်ပါတယ်။

    မိုးနှောင်း/မိုးလွန်ကာလ စပါးရိတ်သိမ်းချိန်တွေမှာ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်၊ အာရေဗျပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ ဖြစ်လာနိုင်တဲ့ ထူးခြားမိုးလေဝသအခြေအနေသက်ရောက်မှုတွေက အောင်ရေ ရရှိနိုင်ခြင်းထက် ဖျက်မိုးအန္တရာယ်ပေးနိုင်သည်ကို သတိပြုရပါမယ်။

    ဖျက်မိုး အချိန်အခါမဟုတ်မိုးတွေကြောင့် ရေထုတ်မပေးနိုင်သော၊ ရေဝင်/ရေထွက်ကောင်းအောင် မြေပြင်အနိမ့်အမြင့်ကိုပြုပြင်မထားနိုင်သော လယ်ကွင်းတွေမှာ ရေဝပ်ပြီး စပါးခင်းများရေမြုပ်နိုင်သည့် အန္တရာယ်ကို သတိထားစောင့်ကြည့်ကြရပါမယ်။

    (အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်သုံးသပ်ချက်)

    This is "FORECAST" - We need to "MONITOR"Win Naing

    Administration Team,

    MMWEATHER,

    ------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
11
comments
0
views
3663
cover
cover
cover
cover
cover