ငါးမွေးမြူရေးအောင်မြင်ရန် ရေကြည်နှုန်းသတိပြုပါ
- ရွှံ့ကြောင့်နောက်ကျိရခြင်းတွင် သဘာဝအားဖြင့် ကန်ရေ၏ ရွှံ့နွံအနယ်အနှစ်များခြင်းကြောင့် ဖြစ်ပါ သည်။ ရွှံ့စေး (၆၀)ရာခိုင်နှုန်းအထက်ပါရှိသော ငါးကန်များ မိုးရွာချိန်တွင် ရွှံ့နွံ့ကြောင့် ကန်ရေနောက်ကျိနိုင် ပါသည်။ ရွှံ့နွံကြောင့် ကန်ရေနောက်ကျိနေပါက နေရောင်ခြည် (အလင်းရောင်)ထိုးဖောက်နိုင်စွမ်း မရှိသော ကြောင့် (၁)သက်ရှိအစာပွားခြင်းကို ဟန့်တားစေပါသည်၊ (၂)ရေဩဇာကြွယ်ဝမှုကို ဟန့်တားစေပါသည်၊ (၃) ငါးများကြီးထွားနှုန်းကို ထိခိုက်စေပါသည်။ (၄) ငါး၊ ပုစွန်များ၏ ပါးဟက်တွက် ရွှံ့နွံများ ဝင်ရောက်နိုင်သဖြင့် ငါး ပုစွန်များ အသက်ရှူ ကြပ်ပြီး သေဆုံးနိုင်ပါသည်။ - ရွှံ့နွံကြောင့် ရေနောက်ကျိပါက အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။ ကန်တစ်ဧကနှင့် ရေအနက် တစ်မီတာ (၃)ပေ ရှိပါက (က)ကျောက်ချည် (၁၂ -၂၄)ပိဿာ (သို့မဟုတ်) ထုံး (၆၀ -၁၂၀)ပိဿာ ထည့်ပေးပါ ။ (၂) CaSo4 လချေးကျောက် (Gypsum) ထုံးမှုန့် (၆၀- ၁၂၀)ပိဿာထည့်ပေးပါ ။(၃) ကြက်ချေး၊ နွှားချေး (၁၂၀ -၂၄၀) ထည့်သွင်းပေးနိုင်ပါသည်။ - ဦးစန်းအောင် - ထွက်တိုး - -------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
