cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရမ်းကြွပ်သီး စိုက်ပျိုးနည်း🌱🌱

. စိုက်ပျိုးနည်းစနစ်များ
ခရမ်းကြွပ်သီးကို မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း စိုက်ပျိုးနိုင်သည်။ ရေဆင်းရေလာကောင်းပြီး မြေဆီလွှာကောင်းသော မည်သည့်မြေတွင်မဆို စိုက်ပျိုးနိုင်သည်။ နေရောင်ခြည်ကြိုက်နှစ်သက်ပြီး ရာသီမရွေး စိုက်ပျိုးနိုင်သည်။
  • ခရမ်းကြွပ်သီးကို များသောအားဖြင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး နှစ်လခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချနိုင်သည်။ မိမိအိမ်တစ်နိုင်တစ်နိုင်အတွက် စိုက်ပျိုးလိုပါက ဘူး၊ အိုးတို့ဖြင့် တစ်ကျင်း ၁ စေ့နှုန်း စိုက်ပျိုးနိုင်သည်။ စီးပွားဖြစ်စိုက်ပျိုးပါက ပျိုးဘောင်ဖော်ပြီး မျိုးစေ့များကြဲကာ ပျိုးထောင်ရပါမည်။ အစေ့များကို ဘောင်ပေါ်ဖြန့်ကျဲပြီး အပေါ်မှ စပ်မြေအရောကို ပါးပါးပြန်ဖုံးပေးရမည်။ ရေ ပါးပါးလောင်းပေးရမည်။ (ရေအများကြီးမလောင်းမိစေရန် သတိထားပါ)။ (၆ - ၈) ရက်ကြာလျှင် အပင်ပေါက်လေးများကို မြင်တွေ့နိုင်ပါသည်။ အပင်ပေါက်များအား ပြန်လည်ခွဲထုတ်ကာ ပျိုးသက် ၁ လခန့်မှာ ရွှေ့ပြောင်းစိုက်သင့်ပါသည်။

    ရွှေ့ပြောင်းစိုက်ရန် ပျိုးပင်များအား ဘောင်ဖော်၍ ၂ - ၃ ပေခြား အတန်းလိုက်စိုက်ပျိုးကြသည်။ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျနိုင်သည်။ (မိမိထည့်သွင်းသော သွင်းအားစုပေါ်မူတည်၍ ကွာခြားနိုင်ပါသည်)။

    ခရမ်းကြွပ်သီးကို ငါးရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ပြီး သွင်းအားစုထည့်သွင်းပေးနိုင်မူပေါ်မူတည်ပြီး အသီးကုန်ချိန်အထိ ငါးလခန့်အကြာ ခူးဆွတ်ရသည်။ တစ်ဧကလျှင် အလုံးရေ ၈၀၀၀၀ ခန့်ထွက်ရှိသည်။ ခရမ်းကြွပ်သီးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြသည်။

    ထွက်တိုး

    -------

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။


  • article
likes
8
comments
0
views
1908
cover
cover
cover
cover
cover