cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း မိုးလေဝသအခြေအနေနှင့် ရေလုပ်ငန်းအကြံပြုချက်

. ရာသီဥတု သတင်းများ
မကွေးမြို့၊ ပွင့်ဖြူမြို့၊ ဆင်ဖြူကျွန်းမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့၊ ကျောင်းတော်ရာ(၁)(၂)၊ အောင်သာမြို့နှင့် မင်းဘူးမြို့များတွင် အောက်တိုဘာ ၂၃ ရက်နေ့၌ ခံစားရသည့်အပူချိန် (Feels Like Temperature) ၃၉°C ရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သိုရွေ့လျားပြီး ပိုမိုအားကောင်းလာကာ အောက်တိုဘာ ၂၂ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Depression)အဖြစ်ရောက်ရှိလာပြီး တမီလ်နာဒူးပြည်နယ်မြောက်ပိုင်း၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်တောင်ပိုင်းကိုရောက်ရှိလာနိုင်ပါတယ်။ 

    ·          အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး ၂၄ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်ကြောင်း၊ ဤအခြေအနေသည် အောက်တိုဘာလ ၂၆-၂၇ ရက်နေ့များအထိဆက်လက်ရှိနေနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။ 

    ·          GFS model ခန့်မှန်းချက်မှာတော့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်တွေမှာ အောက်တိုဘာ ၂၂ ရက်နေ့တွင် စတင်ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးပိုမိုအားကောင်းလာကာ အောက်တိုဘာ ၂၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ်(Deep Depression)ဖြစ်လာနိုင်ပြီး၊ အောက်တိုဘာ ၂၆ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း တွေ့ရပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်ကမ်းခြေကို ဦးတည်ရွေ့လျားနေတဲ့ အားကောင်းသောအပူပိုင်းမုန်တိုင်း FENGSHEN သည် တိုင်ဖွန်းမုန်တိုင်းဖြစ်မလာနိုင်‌ဘဲ၊ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် မုန်တိုင်းအကြွင်းအကျန်များသည် ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်အနီးအထိရောက်ရှိလာနိုင်ကြောင်း CIMSS မှ အတည်ပြုထားပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်မှမုန်တိုင်း FENGSHEN အကြွင်းအကျန်များ၊ အရှေ့မြောက်မုတ်သုံလေအားကောင်းနေခြင်းနှင့်၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့်/ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းတို့၏ သက်ရောက်မှုများကြောင့် - မြန်မာနိုင်ငံဘက်မှာ အကြမ်းအားဖြင့် အောက်တိုဘာ ၂၇ ရက် မှ စတင်၍ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး၊ 

    ·          တနင်္သာရီတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ အောက်တိုဘာ ၂၂ ရက် မှ အောက်တိုဘာ ၂၈ ရက်အထိ ၁၆၈ နာရီအတွင်း မိုးအသင့်အတင့်ရွာနိုင်၊ နေရာကွက်၍ မိုးသည်းထန်နိုင်၊ မိုးများနိုင်ပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ကြောင်း GFS Model ကြိုတင်ခန့်မှန်းချက်အား အတည်ပြုနိုင်ရန် သင်္ချာပုံစံပြု model အားလုံး ရဲ့ခန့်မှန်းချက်များ ထပ်တူကျလာသည်အထိ စောင့်ကြည့်ရန်လိုအပ်ပါတယ်။ 

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    Windy နှင့် Ventusky Application တို့၏ ကြိုတင်ခန့်မှန်း Model များဖြစ်သော icon နှင့် gfs model များမှ ရရှိသည့်အချက်အလက်များအရ - 

    ·          မကွေးတိုင်းအတွင်းမှ အောက်ဖေါ်ပြပါမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မနှင့်အထက် ရွာသွန်းရရှိနိုင်ပါတယ် - 

    မင်းတုံး၊ သရက်၊ မင်းဘူးနှင့် ပွင့်ဖြူမြို့နယ်/ခရိုင်များ 

    ·          မကွေးတိုင်းအတွင်းမှ အောက်ဖေါ်ပြပါမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ အထက် ၃ လက်မ နီးပါး ရွာသွန်းရရှိနိုင်ပါတယ် - 

    မကွေး၊ ချောက်၊ နတ်မောက်၊ ရေနံချောင်းနှင့် ပခုက္ကူမြို့နယ်/ခရိုင်များ 

    ·          ၇ ရက်အတွင်း ၁ လက်မအထက် ၃ လက်မအောက် မိုးရေချိန်ရွာသွန်းရရှိနိုင်သည့် မြို့နယ်/ခရိုင်များ - ဂန့်ဂေါ၊ ဆော၊ မြို့သစ်၊ ဆိပ်ဖြူ 

    ·          မကွေးတိုင်းတခုလုံးတွင် ၇ ရက်အတွင်း ပျမ်းမျှမိုးရေချိန် ၃.၁၅ လက်မ(၈၀ မီလီမီတာ)ခန့် ရွာသွန်းရရှိနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၂°C ရှိနိုင်ပြီး၊ 

    ·          မကွေးမြို့၊ ပွင့်ဖြူမြို့၊ ဆင်ဖြူကျွန်းမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့၊ ကျောင်းတော်ရာ(၁)(၂)၊ အောင်သာမြို့နှင့် မင်းဘူးမြို့များတွင် အောက်တိုဘာ ၂၃ ရက်နေ့၌ ခံစားရသည့်အပူချိန် (Feels Like Temperature) ၃၉°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၇၀% ခန့် ရှိနိုင်ပါမယ်။ မကွေးတိုင်းဒေသအားလုံးမှာ ညပိုင်းနှင့် နံနက်အစောပိုင်းလေထုစိုထိုင်းဆများသည် ၉၀% ခန့်ရှိနေနိုင်ပါတယ်။ 

    မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI level) 60 to 70 - အသင့်အတင့်(In Moderate Range)မှာ ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    Secchi-disc ဖြင့် ငါးကန်ရေကြည်နှုန်းတိုင်းတာနည်း 

    ရေကြည်နှုန်းသည် 20 cm (၈)လက်မအောက်လျော့နည်းနေပါက ကန်ရေ၏အရောင်သည် အလွန်စိမ်းပြီး အောက်စီဂျင်ပြဿနာတက်နိုင်ပါသည်။ ရေများများလဲ‌ပေးရပါမည်၊ အစာလျှော့ကျွေးပေးရပါမည်။ ရေကြည် နှုန်းသည် 20 cm(၈)လက်မ မှ 30 cm (၁၂)လက်မ ကြားရှိပါက ရေညှိရေမှော်များ ဖြစ်ပေါ်လာနိုင်ပြီး ရေလဲပေး ခြင်းနှင့် အစာထိန်းကျွေးခြင်းများကို ဆောင်ရွက်ပေးရပါမည်။ ရေကြည်နှုန်း 30cm (၁၂)လက်မ) မှ 40 cm(၁၆) လက်မအတွင်းရှိပါက အပင်မျှောလှေး လုံလောက်စွာရရှိနေခြင်းဖြစ်ပါသည်။ ရေကြည်နှုန်း 40 cm(၁၆)လက်မမှ 60 cm (၂၄)လက်မ အတွင်းရှိပါက ကန်အတွင်း အပင်မျှောလှေး နည်းပါးသွားပါသဖြင့် မြေဩဇာထပ်မံထည့်သွင်း ခြင်းကိုဆောင်ရွက်နိုင်ပါသည်။ 

    --------   

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
3537
cover
cover
cover
cover
cover