cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါး၊ ပုစွန်မွေးမြူရေးကန်၏ ရေချဉ်ဖန်နှုန်းအကြောင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါး၊ ပုစွန်မွေးမြူရေးကန်တစ်ခု၏ ရေချဉ်ဖန်နှုန်းသည် ငါး၊ ပုစွန်များ အသက်ရှင်သန်ခြင်းနှင့် ကြီးထွားနှုန်း အတွက် အရေကြီးသောအချက် ဖြစ်ပါသည်။
  • ယခင်ထွက်တိုးတွင် ရေ၏ချဉ်ဖန်နှုန်းအကြောင်းကို ရှင်းပြခဲ့ ပါသည်။ ငါး၊ ပုစွန် မွေးမြူရေးကန်တစ်ခု၏ ရေ၏ချဉ်ဖန်နှုန်းသည် (၆)မှ (၉)အတွင်း ရှိသင့်ပါသည်။ သို့သော် (၇.၅) မှ (၈.၅) အတွင်းရှိပါက အကောင်းဆုံးဖြစ်ပါသည်။

    ရေ၏ချဉ်ဖန်နှုန်းအတက်အကျသည် ကန်၏ရုပဆိုင်ရာအချက်အလက်များပေါ်တွင်မူတည်နေကြပါသည်။ ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းရခြင်း ( PH 6) အောက်သို့ ကျဆင်းရခြင်းသည် (၁) အောက်ခံမြေသားအက် စစ်ဆန်နေခြင်း၊ (၂) ကန်အောက်ခြေတွင် အညစ်အကြေး များနေခြင်း၊ (၃)ကန်အတွင်း မိုးရေများနေခြင်း၊ (၄)ကျောက်ချဉ် အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

    ထိုအတူ ကန်ရေချဉ်ဖန်နှုန်း (PH 9 )အထက် ၁၀ နှင့် ၁၁ ဖြစ်ရခြင်းအကြောင်းမှာ (၁)ထုံး အလွန်အကျွံ သုံးစွဲခြင်း၊ (၂)မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်း၊ (၃)အစာအလွန်အကျွံ ကျွေးခြင်း၊ (၄)အစာအေလအလွင့် များခြင်း နှင့် (၅) အောက်ခံမြေသား ချဉ်ဖန်နှုန်းမြင့်တက်နေခြင်း (တနည်း)ထုံးမြေဆန်ခြင်း တို့ကြောင့် ဖြစ်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    --------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
7
comments
0
views
2068
cover
cover
cover
cover
cover