တချို့ဝက်ခြံတွေမှာ ရောဂါဖြစ်နေတယ်ဆိုတဲ့ အသံတွေကြားနေရတယ်....
- #ဇီဝလုံခြုံရေးဆိုတာဘာလဲ? ဘယ်လောက်အထိအရေးကြီးသလဲ? ဘယ်အချက်တွေပါသလဲ? - ဇီဝလုံခြုံရေးဆိုတာဘာလဲ? - ဇီဝလုံခြုံရေးဆိုတာ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်တွေ ကူးစက်ရောဂါ တမျိုးမျိုးမဖြစ်ဖို့ ကြိုတင်ကာကွယ် တား ဆီးတာဖြစ်သလို၊ အခန့်မသင့်လို့ ကူးစက်ခဲ့မယ်ဆိုရင်လည်း ကူးစက်မှုအနည်းဆုံး/သေဆုံးနှုန်းအနည်းဆုံး ဖြစ် အောင် ပြုလုပ်ဖို့ မွေးမြူရေးခြံ တစ်ခြံ အတွက် မဖြစ်မနေလိုအပ်တဲ့ စီမံခန့်ခွဲမှု တစ်ခုဖြစ်ပါတယ်။ - #ဒီနေရာမှာ မေးခွန်းမေးစရာရှိတာက ကိုယ့်ခြံကို ကိုယ်လုပ်ပေးရင် လုံလောက်သလားဆိုတာပါ။ - အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် အတိုင်းအတာတခုအတွက်တော့ လုံလောက်လုံခြုံပါတယ်။ ဒါပေမဲ့ လုံးဝ စိတ်ချရသလားဆိုတာတော့ မဟုတ်ပါဘူး၊ ကိုယ်တယောက်ထဲ လုပ်ရမဲ့အပြင် အခြားသော ခြံတွေအားလုံးလည်း လုပ်မယ်ဆိုရင်တော့ ပိုပြီး လုံခြုံမှာပါ။ (ဘာကြောင့်လဲဆိုတာကိုတော့ ရောဂါပိုးကူးစက်မှုဖြစ်စဥ်ကို အသေးစိတ်ရှင်းပြတဲ့အခါမှာ ပိုသိလာမှာပါ။ ရောဂါပိုး/ရောဂါ ကူးစက်ပုံအသေးစိတ်ကို သီးသန့်ဆောင်းပါး တခုရေးပေးပါ့မယ်။) - လောလောဆယ်တော့ ဇီဝလုံခြုံရေးလုပ်ဆောင်ဖို့ ကိုယ့်ခြံကို ကိုယ်လုပ်ဖို့လိုသလို အခြားသူများလည်းလုပ်ဖို့လို တယ်ဆိုတာ လေးကိုမှတ်ထားရင်ရပါပီ။ - #ဇီဝလုံခြံရေးဟာဘယ်လောက်အထိ အရေးကြီးပါသလဲ? - အရမ်းကိုအရေးကြီးပါတယ်။ - ဇီဝလုံခြုံရေးဟာ ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကို ရှင်းမပြခင်မှာ ကူးစက်ရောဂါဆိုတာဘာလဲ ဆိုတာ ကိုနည်းနည်းလေးသိဖို့လိုပါလိမ့်မယ်။ - ကူးစက်ရောဂါဘာလဲဆိုတာကိုတော့ ခုလောလောဆယ်အလွယ်တကူ နားလည်လွယ်အောင်ပြောရရင် ကိုယ်မွေး ထားတဲ့ ကျွဲ၊နွား၊သိုး၊ဆိတ်၊ဝက်တွေ မှိုင်မယ်၊ အစာမစားဘူး၊ ကိုယ်ပူမယ်၊ ဝမ်း ချုပ်မယ်၊ တချို့ဆီးချုပ်မယ်၊ စတဲ့ လက္ခဏာ (၄)ချက် သို့မဟုတ် (၅)ချက်စလုံး ကို ၁ရက်မကဆက် ဖြစ်နေတာကို တွေ့နေတယ်။ ( ကြာလာရင်တခြား - လက္ခဏာတွေနဲ့လည်းတွဲတွေ့နိုင်ပါသေးတယ်၊ ဥပမာ-ချောင်းဆိုးတယ်၊ အန်တယ်၊ အရေပြားတွေ ပြာနှမ်းလာတယ်.. ....အစရှိသဖြင့်ပေါ့) သေလည်းသေနေတယ်ဆိုရင် ကူးစက်ရောဂါတမျိုးမျိုးဖြစ်နေပီလို့ အကြမ်းအားဖြင့် ယူဆလို့ရပါပီ။ - #ကိုယ်ခြံမှာ ဇီဝလုံခြုံရေးမကောင်းလို့ ကူးစက်ရောဂါတမျိုးမျိုးဖြစ်ပီဆိုရင် - (၁) ဆေးကုသမှု ကုန်ကျစားရိတ်တက်လာမယ်၊ ကိုယ်တိုင်ဆေးကုတတ်လည်း ဆေးဝယ်ရမဲ့ကုန်ကျစားရိတ် တက်လာမယ်။ - (၂) ဆေးကု လို့မရတဲ့ရောဂါဆိုရင်တော့ ကိုယ်မွေးတဲ့တိရစ္ဆာန်အားလုံးနီးပါး သေမယ်၊ ငွေဆုံးရှုံးမယ်။ - (၃) ဆေးကုသလို့ရတဲ့ရောဂါ ဖြစ်ရင်တောင်မှ ရောဂါဖြစ်သွားတဲ့ တိရစ္ဆာန်ဟာ အနည်းနဲ့အများ ကြီးထွားနှုန်းတွေ၊ သားပေါက်နှုန်းတွေ၊ နို့ထွက်နှုန်းတွေ မကောင်းနိုင်တော့ဘူး၊ ကြက်တွေဘဲတွေမှာဆို ဥနှုန်းသိပ်မကောင်းနိုင်တော့ ဘူး။ အစာဘိုးတွေကုန်ကျတာများပီး ပြန်ရတာနည်းမှာ ဆိုတော့ အမြတ်နည်းတာ၊ ရှုံးတာတွေဖြစ်တော့မှာပေါ့။ - (၄) ရောဂါဖြစ်ပီး မသေလို့ကျန်ခဲ့တဲ့ အကောင်တွေမှာလည်း ရောဂါပိုးကိုသယ်ဆောင်ထားတာဖြစ်နိုင်တဲ့အတွက် အချိန်မရွေး ရောဂါပြန်ဖြစ်နိုင်ခြေရှိနိုင်ပါတယ်။ - (၅) ကိုယ့်ခြံမှာ ဖြစ်တဲ့ကူးစက်ရောဂါဟာ သူများခြံကိုလည်း အချိန်မရွေးကူးစက်နိုင်သလို အခြားခြံကဖြစ်တဲ့ ကူး စက်ရောဂါဟာလည်း ကိုယ့်ခြံကို အချိန်မရွေးကူးစက်နိုင်ပါတယ်၊ ဘယ်အချိန်ကိုယ်ခြံထဲ ကူးစက်မလဲဆိုပီး စိတ် တထင့်ထင့်နဲ့ မွေးရတော့မှာပါ။ - (၆) အခန့်မသင့်လို့ ဖြစ်တဲ့ကူးစက်ရောဂါဟာ အဲဒီတိရစ္ဆာန်က တဆင့်လူကို ကူးစက်နိုင်တဲ့ရောဂါဆိုရင် ကိုယ့် အိမ် မှာ ရှိတဲ့လူတွေအတွက် အန္တရယ်ရှိသလို အခြားလူတွေအတွက်လည်း အန္တရယ်ရှိနိုင်ပါတယ်။ - အခြားသောအချက်တွေရှိပါသေးတယ်၊ ဒါပေမဲ့ဒီလောက်ဆို ကူးစက်ရောဂါတမျိုးမျိုးဖြစ်ပီ ဆိုရင် ဘယ်လောက်အ ထိနစ်နာဆုံးရှုံးမလဲဆိုတာ သဘောပေါက်လောက်ပါပီ။ - ဒါကြောင့် ကူးစက်ရောဂါ တမျိုးမျိုးမဖြစ်သေးခင်မှာ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ခြံကို ဇီဝလုံခြုံရေး နဲ့ဆိုင်တဲ့ အချက်တွေကို သေသေချာချာ လုပ်ထားဖို့လိုပါတယ်။ ရောဂါဖြစ်တဲ့အသံကြားမှ ထလုပ်တာထက်စာရင် ရောဂါ မဖြစ်သေးခင်ကြိုတင်လုပ်ဖို့လိုသလို ခနလေးလုပ်ရမှာမဟုတ်ပါဘူး၊ အမြဲတမ်းလုပ်ဖို့လိုပါတယ်။ - တဆက်ထဲမှာဘဲ ကိုယ်ခြံကို ဇီဝလုံခြုံရေး ကောင်းကောင်းလုပ်သလို တခြားခြံတွေ( အထူးသဖြင့် မိမိခြံနဲ့နီးတဲ့ခြံ၊ မိမိရွာရှိခြံ) လည်း ဇီဝလုံခြုံရေးကို မဖြစ်မနေလုပ်ဖို့အတွက် သေချာရှင်းပြပီး လုပ်ဖို့အတွက် တိုက်တွန်းဖို့ လို ပါတယ်။ ဒါမှသာ ကိုယ်ခြံကနေ သူများခြံကို၊ သူများခြံကနေ ကိုယ့်ခြံကို ကူးစက်ရောဂါ မကူးစက်နိုင်မှာပါ။ - ဇီဝလုံခြုံရေးကို သူလည်းမလုပ်၊ ကိုယ်လည်းမလုပ်ဘူးဆိုရင် သူ့ခြံကနေကိုယ်ခြံ၊ ကိုယ်ခြံကနေသူများခြံကိုရောဂါ ကူးစက်ပီး ကိုယ့်ရွာကနေသူများရွာ၊ သူများရွာကနေ ကိုယ့်မြို့နယ်၊ ကိုယ့်မြို့နယ်ကနေ တနိုင်ငံလုံးရောဂါ ကူး စက်ပီး ဆုံးရှုံးမှုတွေကို အားလုံးရင်ဆိုင်ရတော့မှာပါ။ - ဒါကြောင့် ဇီဝလုံခြုံရေးဟာ အရမ်းကို အရေးကြီးပါတယ်။ အားလုံး မဖြစ်မနေလုပ်ဖို့လိုပါတယ်။ - ဇီဝလုံခြုံရေးအတွက် ဘယ်အချက်တွေကိုလုပ်ပေးရမလဲ? - ဇီဝလုံခြုံရေးအတွက် လုပ်ဆောင်ရမဲ့အချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မွေးမြူရေးသမားတွေ လက်လှမ်းမှီပီး လက်တွေ့လုပ်ဆောင်လို့ ရတဲ့ အချက်တွေကို နောက်ဆောင်းပါးမှာ တချက်ခြင်းအသေးစိတ်ရှင်းပြ ပါ့မယ်။ - ဆက်ရန်- ဇီဝလုံခြုံရေးလုပ်ဆောင်ရန် မဖြစ်မနေလုပ်ဆောင်သင့်သည့်အချက်များ - မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
