cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၁)"

. ကြက်မွေးမြူနည်း
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။ ကံထူးရှင်များကို ထွက်တိုးမှ 1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်၊ 2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်၊ 3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
  • တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။

    အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ

    -   ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ

    ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။

    ကံထူးရှင်များကို ထွက်တိုးမှ

    1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်

    2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်

    3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။

    ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။

    ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၄)အထက်ပါ အချက်အားလုံး ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော်

    တိုင်းရင်းကြက်မွေးမြူခြင်းသည် အသားတိုးကြက် (အရပ်အခေါ်-စီပီကြက်) မွေးမြူခြင်းထက် အားသာချက်များစွာ ရှိပါသည်။ ၄င်းတို့မှာ-

    ·      မြေနေရာအကျယ်အဝန်းအနည်းငယ်ရှိလျှင် မွေးမြူနိုင်ခြင်း

    ·      ခြံဆောက်စားရိတ် အနည်းငယ်သာကုန်ကျခြင်း

    ·      စျေးကွက်တွင် ဝယ်လိုအားကောင်းသဖြင့် အချိန်မရွေးရောင်းနိုင်ခြင်း

    ·      အရှုံးမရှိ၊ သေချာပေါက်အမြတ်ရနိုင်ခြင်း

    ·      အရင်းနှီး အနည်းငယ်ဖြင့်စတင်နိုင်ခြင်း

    ·      နည်းပညာများစွာတတ်ကျွမ်းရန်မလိုဘဲ မည်သူမဆိုမွေးမြူနိုင်ခြင်းစသည့် အားသာချက်များ ရှိပါသည်။ 

    ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။

    ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၂) ၅ ချက် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ဝက်မွေးမြူရေးကို ပြုလုပ်မည်ဆိုပါက အောက်ပါအချက်များဖြစ်သည့် -

    (၁) မျိုး - မိမိအတွက်မွေးမြူသင့်သည့် ဝက်မျိုးကိုရွေးချယ်ခြင်း

    (၂) ခြံ   - ဝက်ခြံကို မည်သည့်နေရာတွင်၊ မည်သည့်ပုံစံ၊ မည်မျှ အကျယ်အဝန်းဖြင့် ဆောက်လုပ်ခြင်း

    (၃) အစာအာဟာရ - ဝက်များကြီးထွားမှု၊ သားပေါက်ကောင်းစေရန် ကျွေးသင့်သည့်အစာအဟာရများ

    (၄) ဆေး - မည်သည့်ကာကွယ်ဆေး၊သံချဆေး၊ အားဆေး၊ ကုသဆေး ကိုအသုံးပြုသင့်သည်

    (၅) ဇီဝလုံခြုံရေး - ရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားပါကအသေပျောက်အနည်းဆုံးဖြစ်ရန်ဆောင်ရွက်ခြင်း စသည့် (၅) ချက်ကို မဖြစ်မနေသိထားပီး လိုက်နာကျင့်သုံးရန်လိုပါသည်။

    ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
  • article
  • article
likes
19
comments
6
views
2256
cover
cover
cover
cover
cover