cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှံစားပြောင်း စိုက်ပျိုးနည်း

. စိုက်ပျိုးအသိပညာ
အမျိုးအစား

မိုးရာသီတွင် စိုက်ပျိုးသောမျိုးများမှာ ဘိုင်ကာလာ၊ ဆာနူယပ်စ် နှင့် မာလ်ဂါရစ်တို့ဖြစ်ပြီး မိုးနှောင်းရာသီတွင် စိုက်ပျိုးသောမျိုးများမှာ ဟိုင်ယန်၊ ရောက်စ်ဘာဂီနှင့် ဆာခါတောစ် တို့ဖြစ်ကြသည်။
  • article
  • နှံစားပြောင်းတွင် ခွံပြောင်းနှင့် ဆန်ပြောင်းဟူ၍ နှစ်မျိုးရှိရာ တောင်သူများအနေဖြင့် ခေါ်ဝေါ်သော လယ်ကြီး၊ ရုံးစင်းကြီး၊ ပြောင်းကောက်၊ ညှင်းတို့သည် ဆန်ပြောင်းမျိုးများဖြစ်ကြပြီး ကုလားပြောင်းနက်၊ ခွဲပြောင်းညိုနှင့် နှံကားမျိုးတို့မှာ ခွံပြောင်းများဖြစ်ကြသည်။

    ခွံပြောင်း- ခွံပြောင်း၏ ပင်စည်ရိုးတံမှာ ရင့်သောအခါ နီကြန့်ကြန့် အရောင်ရှိပြီး အသားပျော့၍ သကြားရည်ရွှမ်းသည်။အပင်ရင်းမှာ ဆန်ပြောင်းထက် ပိုမြင့်ပြီး အနှံကားသည်။အစေ့မှာ အနီရောင်၊ အညိုရောင်နှင့် အမည်းရောင်ရှိသည်။

    ဆန်ပြောင်း- ဆန်ပြောင်း၏ ပင်စည်ရိုးတံမှာ စိမ်းလဲ့လဲ့အရောင်ရှိပြီး အသားမာသည်။ အပင်မှာမူ သေး၍ ခွံပြောင်းကဲ့သို့ မမြင့်ပေ။ ဆန်ပြောင်းစေ့များမှာ အဖြူရောင်ရှိပြီး အခွံပေါ်သို့ပြူးထွက်လျက်ရှိသည်။အမျိုးအစားကောင်းမွန်သည့်အလျောက် လူများစားသုံးနိုင်သည်။စပါးမစိုက်ပျိုးသော ဆန်ရှားသောဒေသများတွင် ဆန်ပြောင်းကိုစားသုံးကြသည်။ဆန်ပြောင်းသည် အစေ့ကိုလိုက်၍ မွဲပြာသော အခွံရှိသည့် အစေ့ဖြူ အကြီးစားမျိုး၊ညိုသော အခွံရှိသည့် အစေ့ဝါမျိုးနှင့် မည်းသောအခွံရှိသည့် အစေ့ဖြူမျိုးဟူ၍ ၃ မျိုးကွဲပြားသည်။


    ရာသီဥတု


    တစ်နှစ်လျှင် မိုးရေချိန်(၂၅-၃၀) လက်မရွာသွန်းသော ဒေသများတွင် ဖြစ်ထွန်းပြီး သီးနှံသက်တမ်းတွင် မိုးရေချိန် (၁၈-၂၀) လက်မရှိလျှင်ကောင်းစွာလုံလောက်မှုရှိသည်။အပူချိန် (၈၀-၉၀)ဒီဂရီဖာရင်ဟိုက်အတွင်းကောင်းစွာဖြစ်ထွန်းပြီး အပူချိန် (၆၀-၁၀၀) ဒီဂရီခံနိုင်ရည်ရှိသော မျိုးများလည်းရှိသည်။


    မြေအမျိုးအစား


    ရေဝပ်သောမြေ၊စမ်းပေါက်သောမြေ၊ကျောက်စရစ်မြေမှအပ ကျန်မြေများတွင် ဖြစ်ထွန်းသည်။အကောင်းဆုံးမြေမှာ နုန်းမြေစေးဖြစ်သည်။မြေချဉ်ငန်ဓါတ် pH (၇.၅-၈.၅) ကိုကြိုက်သည်။


    မြေပြုပြင်ခြင်း


    မိုးရာသီစိုက်ပျိုးရေးအတွက် မြေပြုပြင်ရာတွင် မိုးနှောင်းထယ်ရေးဖြစ်စေ၊ မိုးဦးကျစတွင်ဖြစ်စေ အခြားသီးနှံများကဲ့သို့ပင် မြေပြင်စိုက်ပျိုးကြသည်။မိုးစတင်ရွာသွန်းသည်နှင့်တစ်ပြိုင်နက် ၅သွားထွန်ဖြင့် (၂-၃)စပ် အနက်၄လက်မခန့် ရရှိအောင်ထွန်ယက်ပြီး ထယ်ရေးညက်သည့်တိုင် ၇သွားထွန်ဖြင့် အပြီးသတ်ထွန်ယက်စိုက်ပျိုးရမည်။မြေမှုန့်ညက်လေကောင်းလေဖြစ်သည်။ထွန်ရေးညက်ပြီး အစိုဓါတ်ရရှိလျှင် ချက်ချင်းစိုက်ရမည်။မစိုက်နိုင်သေးပါက ကြမ်းတုံးဖိပေးရမည်။

    မိုးနှောင်းစိုက်ပျိုးရေးအတွက်မှာ မိုးဦးသက်လျင်သီးနှံများ ရိတ်သိမ်းပြီးနောက် တော်သလင်းလတွင် မြေကိုအမှိုက်များ လျင်မြန်စွာ ရှင်းလင်းပြီး ထယ်ထိုးထွန်ယက်ရမည်။သဲမြေပွများတွင် စိုက်ပျိုးပါက ထယ်ကို အသုံးမပြုဘဲ ထွန်ဖြင့်မြေကို ကြေညက်အောင်ပြုလုပ်ရမည်။မိုးနှောင်းထယ်ရေးအတွက် သတိပြုရမည်မှာ အစိုဓါတ်ကောင်းစွာ မီရန် အချိန်မီပြုပြင်ရမည်။


    မြေသြဇာထည့်ခြင်း


    စိုက်ပျိုးရာတွင် သင့်တော်သော မြေသြဇာမှာ နွားချေး (၁)ဧကလျှင် လှည်း (၁၀-၁၅)စီးခန့်ကို မထွန်ယက်မီ ချပေးသင့်သည်။ဓါတ်မြေသြဇာ သုံးစွဲလိုပါလျှင် အမိုနီယမ် ဖော့စဖိတ်ပေါင် (၁၀၀-၁၅၀) နှုန်းကို မျိုးစေ့နှင့် အတူချပေးရမည်။အစေ့ထွက် အများဆုံးရရှိရန် စိုက်ပျိုးပါက အောက်ပါအတိုင်း ထည့်ပေးသင့်သည်။

    - ထယ်မထိုးမီ အမိုနီယမ်ဆာလ်ဖိတ် မြေသြဇာပေါင် ၆၀ကို ကြဲပက်၍ မြေထဲသို့ ၆လက်မခန့်နက်အောင် ထယ်ထိုးပေးပါ။

    - စိုက်ချိန်တွင် စူပါဖော့စ်ဖိတ် မြေသြဇာပေါင် ၆၀ ကို မျိုးစေ့နှင့် အတူ ကြဲ၍ ကြမ်းတုံးဖိပေးရမည်။

    - (၄၅)ရက်သားခန့်တွင် အတန်းဘေးများတွင် ကပ်၍ အမိုနီယမ် ဆာလ်ဖိတ်ပေါင် ၆၀ကို ညီညာစွာဖြူးပြီး ကြားထွန်ဖြင့် မြေနှင့်သမအောင်ပြုလုပ်ပါ။မြေစိုလွန်းလျှင် ပေါင်၁၂၀ခန့် ချသင့်သည်။

    - ပိုတက်ရှ်မြေသြဇာချလိုပါက ထယ်မထိုးမီ အမိုနီယမ် ဆာလ်ဖိတ်နှင့်အတူ ပိုတက်ဆီယမ်ဆာလ်ဖိတ် မြေသြဇာ ၄၅ပေါင်ကြဲပေးရမည်။


    စိုက်ပျိုးချိန်


    မိုးဦးနှင့်မိုးနှောင်းကာလများတွင် စိုက်ပျိုးကြသည်။များသောအားဖြင့် မိုးရေချိန် ၂၅လက်မထက်ကျော်သောဒေသများတွင် မိုးဦးပိုင်းတွင် စိုက်ပျိုးကြပြီး မိုးရေချိန် ၂၅လက်မထက်ရွာသော ဒေသများတွင် မိုးဦး၊ မိုးနှောင်း ၂ချိန်စလုံး စိုက်ပျိုးကြသည်။မိုးဦးရာသီစိုက်ပျိုးခြင်းကို နယုန်၊ ဝါဆိုလများတွင် အပြီးသတ်စိုက်ပျိုးကြပြီး၊ မိုးနှောင်းရာသီစိုက်ပျိုးခြင်းကို တော်သလင်းလတွင် စိုက်ပျိုးကြသည်။အချို့ကမူ မိုးရာသီစိုက်ပျိုးခြင်းကို ဝါခေါင်လအထိစိုက်ပျိုးကြသည်။


    စိုက်ပျိုးနည်း


    နှံစားပြောင်းစိုက်ပျိုးရာတွင် မြေပြင်ပြီးနောက် ၁ဧကလျှင် (၄-၈)ပြည်ဖြင့် ကြဲပက်စိုက်ပျိုးပါက ပေါင်းမြက်ရှင်းလင်းရန် မလွယ်ကူသဖြင့် အပင်သန်စွမ်းမှုမရှိပေ။ထို့ကြောင့် အတန်းလိုက်စိုက်ပျိုးသင့်သည်။အတန်းလိုက်စိုက်ပျိုးရာတွင် ၂ပေအကွာ ထွန်ကြောင်းများရရှိစေရန် ၇သွား ၄ပေထွန်ကို ၄သွားမျှ ဖြုတ်ထားခြင်းဖြင့် ၂ပေကွာ ၃သွားထွန်ရရှိသည်။ထို ၃သွားထွန်ဖြင့် ကြောင်းဆွဲခြင်းဖြင့် ၂ပေကွာ ထွန်ကြောင်းများရရှိသည်။

    ၂ပေကွာတန်းများ ဖော်ပြီးသည်နှင့်တစ်ပြိုင်နက် မျိုးစေ့များကို ထွန်ကြောင်းထဲတွင် ဖြူးချပေးရမည်။မျိုးစေ့နှုန်းမှာ အနှံအတွက် အဓိကထားပါက ၁ဧကလျှင် ၁တင်းနှုန်းဖြစ်သည်။ ၇သွား ၄ပေထွန်ကို ၄သွား သာထား၇ှိခြင်းဖြင့် ရလာသော ၁၆လက်မ အတန်းကို ၁ဧကမျိုး ၁တင်းခွဲကြဲခြင်းဖြင့် ပြောင်းရိုးအထွက်ပိုကောင်းသည်။

    စိုက်ပျိုးပြီး ၅ရက်ခန့်ကြာသော် အပင်ငယ်ကလေးများပေါက်လာပြီး ပေါင်းမြက်များအခြေအနေကို ကြည့်၍စိုက်ပျိုးပြီး ၁၅ရက်မှစ၍ ၅သွား သံထွန်ဖြင့် (၂-၃)ကြိမ်ပေါင်းသင်မြေဆွပေးရမည်။

    အစေ့အတွက်စိုက်ပျိုးပါက အပင်ပေါက်ထူလွန်းလျှင် အထူအပါးလိုက်၍ ၃သွား သို့မဟုတ် ၅သွားထွန်ဖြင့် အပင်မှုန်းပေးရမည်။သို့သော်သတိပြုရမည့် အချက်မှာ အစိုဓါတ်မိရန် ထွန်ရေးအပြီးတွင် ကြမ်းတုံးအုပ်ခြင်းနှင့် အချိန်မီစိုက်ပျိုးခြင်းပြုလုပ်ရမည်။


    ပိုးမွှားရောဂါ


    နှံစားပြောင်းစိုက်ပျိုးရာတွင် ပျပိုး၊ ရွက်ဖြတ်ပိုးနှင့် အိုင်းရောဂါများကျရောက်တတ်သည်။

    ပြောင်းပင်များငယ်စဉ်အခါ အရွက်များမှာ နူးညံ့ပြီး ချိုသောကြောင့် ရွက်နုများပေါ်တွင် ပျကောင်များ ကျရောက်ပြီး အရွက်မှ အရည်ကို စုပ်ယူဖျက်ဆီးတတ်သည်။ပျပိုးကောင်များ အနည်းငယ်ကျရောက်ပါက ရွက်နုများပါး၍ အပင်မထနိုင်ဘဲရှိမည်။အထူးသဖြင့် မိုးအုံ့သောအခါများတွင် သိသာစွာ ကျရောက်သည်။

    ပြောင်းပင်ငယ်စဉ်အရွက်များချိုသဖြင့် ကျရောက်ဖျက်ဆီးတတ်သော ပိုးတစ်မျိုးမှာလည်း ရွက်ဖြတ်ပိုးဖြစ်သည်။ရွက်ဖြတ်ပိုးများသည် ပြောင်းခင်းအတွင်းတွင်သော်လည်းကောင်း၊ နီးစပ်ရာ မြက်ခင်းယာခင်းများတွင်သော်လည်းကောင်း ဖလံမများ၏ ဥများမှ ပေါက်ဖွားပြီး အပင်ပေါ်သို့ကူးသန်းကျရောက်ပြီး အရွက်များကို ကိုက်ဖြတ်စားသောက်ကြသည်။ရွက်ဖြတ်ပိုးများကို နှိမ်နင်းရန်မှာ နံနက်စောစောတွင် လင်ဒိန်း ၂၆ ရေဖျော်ဆေးမှုန့် ၁.၅ပေါင်ကိုရေ ၆ဂါလံတွင် ဖျော်၍ ပက်ဖျန်းပေးရမည်။

    ပြောင်းများတွင် ဖြစ်တတ်သော ရောဂါမှာ အနှံများတွင် ကျရောက်သည့်မှိုရောဂါဖြစ်သည်။ထိုမှိုရောဂါကို ဒေသအလိုက် အိုင်းရောဂါ၊မှိုတောင့်နှံရောဂါ၊ ဖောင်းရောဂါစသည်ဖြင့် ခေါ်ကြသည်။ရောဂါဖြစ်ပွားပါက ရိတ်သိမ်းခါနီးတွင် ပြောင်းစေ့များမှာ ကျပ်ခိုးနှင့်တူသော အမှုန့်ခဲများဖြင့် တဖြည်းဖြည်းပြည့်လာသည်။အနည်းငယ်သာကျရောက်ပါက အပျက်အဆီးမရှိသော်လည်း ကျရောက်မှုများပါက ပျက်ဆီးဆုံးရှုံးမှုများသည်။ရောဂါလက္ခဏာမှာ အစေ့များရှည်ထွက်လာ၍ ကြပ်ခိုးကဲ့သို့ အမှုန့် အခဲများဖြင့်ပြည့်လာသည်။

    ထိုအမှုန့်အခဲများသည် အခြားပြောင်းစေ့သို့လွင့်၍ ကပ်နေသောအခါ ထိုအစေ့ကိုစိုက်ပါက ရောဂါမှိုများမှာလည်း ပြောင်းပင်နှင့် အတူကြီးထွားပြီး ပြောင်းနှံများဆီသို့ တစ်ဖန်ကျရောက်ဖျက်ဆီးပြန်သည်။ကာကွယ်ရန်မှာ အစေ့များတွင်ကပ်နေသော အမည်းမှုန့်များကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။ဖျက်ဆီးရန်မှာ မျိုးစေ့ ၄ပြည်ကို ဒုတ္ထာ ၂% တွင်စိမ်ပြီးမှ စိုက်ပျိုးရမည်။မစိုက်ပျိုးမီ (၂-၃)ရက်ကြိုတင်၍ မျိုးစေ့ကို ဆေးရည်တွင် ၁၀မိနစ်ခန့် မွှေပေးပါ။မွှေပြီးပါက အခြောက်ခံပြီးမှဖြစ်စေ၊ အစိုအတိုင်းပင်ဖြစ်စေ စိုက်ပျိုးနိုင်သည်။မျိုးစေ့အများအပြားစိမ်မည်ဆိုပါက စိမ်ပြီးသား ဆေးရည်ကိုသာ ထပ်မံ၍ အသုံးပြုနိုင်သည်။


    ရိတ်သိမ်းခြင်း


    နွားစာအတွက် ရိတ်သိမ်းပါက အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ ရိတ်သိမ်းနိုင်သည်။အခြောက်ရိတ်သိမ်းပါက အနှံများပါ စားသုံးရန်ရရှိနိုင်သည်။အစိမ်းရိတ်သိမ်းလိုပါက စိုက်ပြီးတစ်လခွဲမှ ၂လသားခန့်တွင် အရင်း ၆လက်မချိန်၍ ရိတ်သိမ်းကျွေးနိုင်သည်။ပြောင်းချိုမျိုးများသည် အတက်ပေါက်မြန်၍ ပထမအကြိမ် ရိတ်ဖြတ်ပြီးနောက် အတက်များအလိုအလျောက်ထပ်မံပေါက်လာသည်။ဒုတိယအကြိမ်ရိတ်ပြီး အငုတ်များကို ဆက်လက်ထားရှိပါက နတ်တော်၊ ပြာသိုလများတွင် အနှံများနှင့် အရိုးများကို နောက်ဆုံး ရိတ်သိမ်းနိုင်သည်။ထိုကဲ့သို့ ရိတ်ခြင်းသည် မိုးဦးစိုက်ပြောင်းများအတွက်သာ သင့်တော်သည်။မိုးနှောင်းစိုက်ပြောင်းများကို အစိမ်းရိတ်ကျွေးပါက အနှံဖြစ်ထွန်းနိုင်မည်မဟုတ်ပေ။

    အစာစိမ်းရိတ်ကျွေးပါက အနှံများကို ရိတ်သိမ်းနိုင်သည်။ မိုးနှောင်းစိုက်များအတွက် ပြာသို၊ တပို့တွဲလများတွင် အနှံများရိတ်သိမ်းနိုင်သည်။ နှံစားပြောင်းများကို ရိတ်သိမ်းရာတွင် အရင်းမှကပ်၍ ရိတ်ပြီးအကွက်ထဲတွင် အခြောက်ခံထားရမည်။ပြောင်းရိုးများမခြောက်မီ အနှံများကို တံစဉ်ဖြင့် လိုက်လံဖြတ်သိမ်းရမည်။အနှံများကို တလင်းတွင် ဖြန့်ကာ နွားဖြင့် နင်းနယ်၍ အစေ့များကို ခြွေထုတ်ရမည်။

    Source - MOALI


likes
5
comments
0
views
1542
cover
cover
cover
cover
cover