🐓 🐓 တိုင်းရင်းကြက်မျိုးရွေးချယ်ခြင်း ✅
- (၁)စစ်တကောင်းကြက် - · စိမ်းနီရောင်ရှိပီး အမောက်ကြီးသည်။ - · အရွယ်ရောက်အထီးသည် ၂ ပိသာ၊၅၀ ကျပ်သားထိရှိပီး အမသည် ၂ ပိသာအထိ ရှိပါသည်။ - (၂) အင်ပင်ဝကြက် - · မိထ္ထီလာမြို့နယ် အင်ပင်ဝရွာ မှထွက်သောကြက်များကိုအစွဲပြုပီး အင်ပင်ဝကြက်ဟုခေါ်သည်။ - · အများစုသည် အဖြူနှင့်အနက်ပြောက် ဖြစ်သည်။ - · အရွယ်ရောက်အထီး သည် ၂ ပိသာခန့်ရှိပီး အမသည် ၁.၈၀ ပိသာခန့်ရှိသည်။ - (၃) လည်ပြောင်ကြက် - · ဦးခေါင်းထိပ်တွင် အမွေးရှိပြီး လည်ပင်းတွင်အမွေးမရှိပါ။ အရောင်မျိုးစုံရှိသည်။ - · အရွယ်ရောက်ကြက်ထီး ၂ ပိသာခန့်၊ အမ ၁.၈၀ ပိသာခန့်ရှိသည်။ - (၄) လုံးတီးကြက် - · ခေါင်းထိပ်နှင့်ခြေဖျားတွင်သာ အမွေးအနည်းငယ်ရှိပီး ကျန်တကိုယ်လုံးတွင် အမွေးမရှိပါ။ - · မျိုးထွန်းကြောင့်ဖြစ်လာသောကြက်များဖြစ်သည်။ - · အရွယ်ရောက်အထီး ၂ ပိသာခန့်၊အမသည် ၁.၆၀ ပိသာခန့်ရှိသည်။ - ကျေးရွာများတွင်မမွေးသင့်သောကြက်များ - (၁) ကြက်တိန်ညင် - (၂) ရွှေတဆုတ် - (၃) ကြက်တောင်ပျံ - (၄) တိုက်ကြက် စသည့်ကြက်များသည် အကောင်သေးပီး ဥနှုန်းလည်းနည်းသဖြင့်မမွေးသင့်ပါ။ - ကျေးရွာတွင်မွေးမြူသင့်သောကြက်များ ကိုဖော်ပြပီးဖြစ်သော်လည်း လက်တွေ့တွင် ထိုကြက်မျိုးများကို ရှာဖွေပြီး မွေးမြူရန်ခက်ခဲပါသည်။ ထို့ကြောင့်ပိုမိုကောင်းသည့်နည်းလမ်းမှ မိမိကိုယ်တိုင်ကြက်များကို အဆင့်ဆင့်မျိုးစပ်ပီး မွေးမြူခြင်းက ပိုမိုကောင်းမွန်ပါသည်။ - ဆက်ရန် ရှိသည် --- - မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း - 🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/59084 - 🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com - 🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4 - 🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
