cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း အောက်တိုဘာလ ၂၈ ရက် မှ နိုဝင်ဘာ ၃ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရုတ်တရက်ဖြစ်ထွန်းလာသော မိုးတိမ်တောင်ကြီးများကြောင့် လျှပ်စီးလက်၊ မိုးခြိမ်လာသည့်အခါ မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိနေကြောင်းကိုလည်း အသိရှိပြီး သတိထားကြရန်လိုပါမယ်။
  • တောင်တရုတ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ 

    တောင်တရုတ်ပင်လယ် 

    ·          တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံတောင်ဘက် ကမ်းနီးပင်လယ်ပြင်မှာ လေပွေလှိုင်းတခုဖြစ်ပေါ်နေပြီး၊ အားကောင်းလာနိုင်ခြင်းမရှိပဲ ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့ပေါ်မှဖြတ်သန်းရွေ့လျားပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့မှာ ထိုင်းပင်လယ်ကွေ့အတွင်းကို ရောက်လာနိုင်ပါတယ်။ 

    ·          ထိုင်းပင်လယ်ကွေ့အတွင်း အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် ကပ္ပလီပင်လယ်မြောက်ပိုင်းကို ရောက်လာပြီးနောက် အနောက်ဘက်ကိုဆက်လက်ရွေ့လျားကာ နိုဝင်ဘာ ၁ ရက်နေ့ ညမှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေပွေလှိုင်းအဖြစ်ဆက်လက်တည်ရှိနေနိုင်ပါတယ်။ 

    ဘင်္ဂလားပင်လယ်အော် 

    ·          အောက်တိုဘာ ၂၅ ရက်နေ့တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ အားကောင်းရောက်ရှိလာသည့် ဆိုင်ကလုန်းမုန်တိုင်း MONTHA သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်ခြင်းမရှိပဲ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းခြေသို့ ဦးတည်ရွေ့လျားပြီး၊ အောက်တိုဘာ ၂၉ ရက်နေ့မှာ အန်ဒရာပရာဒက်ပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပါမယ်။ 

    ·          ကုန်းတွင်းကိုဝင်ရောက်ပြီးတဲ့နောက် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း၊ လေပွေလှိုင်းအဖြစ်အဆင့်ဆင့်အားလျော့လာပြီး အိန္ဒိယနိုင်ငံအတွင်းမှာ၊ အနောက်မြောက်ဘက်၊ မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တို့သို့ ဆက်လက်ရွေ့လျားပြီး၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့တွေမှာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးအထိ ရောက်ရှိလာနိုင်ပါတယ်။ 

    ·          တချိန်တည်းမှာ ထိုင်းပင်လယ်ကွေ့မှတဆင့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းကိုဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော်အထိရွေ့လျားလာနိုင်မည့် လေပွေလှိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း တွေမှာ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး နေရာကွက်၍မိုးသည်းထန်နိုင်၊ မိုးရေချိန်များနိုင်ပါတယ်။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်/ခရိုင်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ပဲခူးတိုင်းအနောက်ခြမ်းက ဟင်္သာတ၊ လက်ပံတန်း၊ ပေါင်းတည်၊ သာယာဝတီ၊ မြန်အောင်၊ ပြည် မြို့နယ်/ခရိုင်များနဲ့ 

    ·          ပဲခူးတိုင်းအရှေ့ခြမ်းက တောင်ငူ၊ ဖြူး၊ ပဲခူး၊ အုတ်တွင်း၊ ကျောက်တံခါး၊ ညောင်လေးပင် မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက် မိုးရွာနိုင်ပါတယ်။ နေ့စဉ်၂၄ နာရီ မိုးရေချိန်အနေနဲ့ ၀.၅ လက်မခန့်သာရှိနိုင်ပြီး အောက်တိုဘာ ၃၁ ရက် မှ နိုဝင်ဘာ ၉ ရက်အထိ နေရာကွက်ပြီး မိုးသည်းထန်နိုင်တာတွေကို သတိပြုကြရပါမယ်။ 

    ·          ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သော ပျမ်းမျှမိုးရေချိန်များနေနဲ့ ပဲခူးအနောက်ခြမ်း ၁.၅၂ လက်မ၊ ပဲခူးအရှေ့ခြမ်း ၁.၂၂ လက်မ၊ ပဲခူးတိုင်းတခုလုံးမှာ ၁.၃၇ လက်မ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          စပါး/ဆောင်းသီးနှံစိုက်တောင်သူများသတိပြုရန် - 

    §   ပဲခူးတိုင်းအတွင်းမှာ များသောအားဖြင့်၊ မိုးရာသီနှောင်းပိုင်း(မိုးလွန်ကာလအတွင်း)၊ စပါးရင့်မှည့်ပြီး ရိတ်သိမ်းမည့်အချိန်အထိ အစိုဓါတ်လုံလောက်စွာ ရရှိနိုင်သော်လည်း၊ နေရာကွက်မိုးသည်းထန်နိုင်သောကြောင့် ရိတ်သိမ်းပြီးစပါးများ အချိန်မီအမိုးအကာအောက်ရောက်ရန်နှင့်၊ 

    §   ဟင်္သာတနှင့်သာယာဝတီခရိုင်များအတွင်း ကျယ်ပြန့်ပြည့်နှက်နေသည့် အနိမ့်ပိုင်းလယ်ကွင်းများတည်ရှိမှုက စပါးအခြောက်ခံ/နေလှမ်းခြင်း အနည်းငယ်နှောင့်နှေးနိုင်သည်ကို သတိပြုကြရပါမယ်။ 

    §   ရုတ်တရက်ဖြစ်ထွန်းလာသော မိုးတိမ်တောင်ကြီးများကြောင့် လျှပ်စီးလက်၊ မိုးခြိမ်လာသည့်အခါ မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိနေကြောင်းကိုလည်း အသိရှိပြီး သတိထားကြရန်လိုပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ပဲခူးတိုင်းတခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၄၀°C အထိရှိနိုင်ပါမယ်။ 

    ·          အောက်တိုဘာ ၃၀ ရက်အထိ လေထုစိုထိုင်းဆအခြေအနေ နေ့လည်ဘက်မှာ ၅၀% မှ ၆၀% အထိ ကျဆင်းနိုင်ပြီး နံနက်ခင်းနဲ့ ညနေ/ညအချိန်တွေမှာ ၉၀% မှ ၁၀၀% ရှိနိုင်ပါမယ်။ အောက်တိုဘာ ၃၁ ရက် မှ နိုဝင်ဘာလ ပထမပတ်အထိ တနေ့တာလုံး၏ လေထုစိုထိုင်းဆသည် ၇၀% မှ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ ၅၀ အထက်သို့ ပြန်လည်မြင့်တက်လာပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းရော အနောက်ခြမ်းဒေသတွေမှာပါ အချို့မြို့နယ်/ခရိုင်များတွင် AQI Value 130 အထိ မြင့်တက်လာတာတွေ့ရတဲ့အတွက် တောင်ယာမီးရှို့ခြင်းများကို တတ်နိုင်သလောက် လျှော့ချပေးကြရန် လိုပါမယ်။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၃ ပေခန့် ရှိနိုင်ပြီး၊ 

    ·          ကုန်းတွင်းမှာ တောင်/အရှေ့တောင်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်ခန့်နှင့်၊ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၀ မိုင်ခန့်ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးကန်များတွင် ရေကြည်နှုန်းတိုင်းတာခြင်း 

    ငါး၊ ပုစွန်မွေးမြူရေးကန်အတွင်း အပင်မျှောလှေးရှိသင့်သောအခြေအနေကို ရေကြည်နှုန်း တိုင်းသော ကိရိယာ(Secchi-disc) ဖြင့် တိုင်းတာပြီး ၊ အပင်မျှောလှေး များ ၊မများ ကိုသိရှိနိုင်ပါသည်။ အပင်မျှောလှေး နည်းနေပါကလည်း အပင်မျှောလှေး ပေါက်ဖွားနှုန်းကောင်းစေရန် မြေဩဇာများထပ်မံဖြည့်သွင်းနိုင်သည်။ အပင် မျှောလှေးများနေပါကလည်း အစာကျွေးခြင်းရပ်ဆိုင်းခြင်း နှင့် အပင်မျှောလှေးလျော့ထုတ်ခြင်းကို ဆောင်ရွက် ရပါမည်။ 

    ရေကြည်နှုန်းသည် 20 cm (၈)လက်မအောက်လျော့နည်းနေပါက ကန်ရေ၏အရောင်သည် အလွန်စိမ်းပြီး အောက်စီဂျင်ပြဿနာတက်နိုင်ပါသည်။ ရေများများလဲ‌ပေးရပါမည်၊ အစာလျှော့ကျွေးပေးရပါမည်။ ရေကြည်နှုန်း 30cm (၁၂)လက်မ) မှ 40 cm(၁၆) လက်မအတွင်းရှိပါက အပင်မျှောလှေး လုံလောက်စွာရရှိနေခြင်းဖြစ်ပါသည်။ ရေကြည်နှုန်း 40 cm(၁၆)လက်မမှ 60 cm (၂၄)လက်မ အတွင်းရှိပါက ကန်အတွင်း အပင်မျှောလှေး နည်းပါးသွားပါသဖြင့် မြေဩဇာထပ်မံထည့်သွင်း ခြင်းကိုဆောင်ရွက်နိုင်ပါသည်။ 

    ----------- 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
3
comments
0
views
3553
cover
cover
cover
cover
cover