တိုင်းရင်းကြက်များကို အသားနှင့်ဥ တိုးစေရန် အဆင့်ဆင့်မွေးမြူသားဖောက်နည်း
(၁) မျိုးကြက်ထီးရွေးချယ်ခြင်း
· ခြေဆံလက်ဆံမြင့်သောအထီး
· ရင်ပတ်နှင့်ကျော အလျားရှည်သောအထီး
· ရင်ပတ်နှင့်ကျော လုံးပတ် ပြည့်သောအထီး
· ခေါင်းကြီးပီး အမောက်ကြီးသောအထီး
အထက်ပါအချက်များနှင့်ပြည့်စုံသည့်အပြင် ကြက်မတကောင်မှ ပေါက်လာသော ကြက်အုပ်တအုပ်ထဲမှ အသက်ရွယ်တူအထီးများအနက်အခြားသောအထီးများထက်သိသာစွာကြီးသောအထီးတစ်ကောင်ကို ရွေးပါ။
(၂) မျိုးကြက်မရွေးချယ်ခြင်း
· သာမန်မျက်စိဖြင့်ကြည့်ရုံဖြင့် အသက်တူကြက်မများထက်ပိုကြီးသော ကြက်မဒန်း
· စောစောအုသောကြက်မဒန်း
· ဥများများ အုသောကြက်မဒန်း
· ဥအလုံးကြီးသောကြက်မဒန်း
· အထက်ပါအချက်များနှင့် ပြည့်စုံသည့် ကြက်အုပ်တအုပ်မှ ဖြစ်စေ၊ ထိုထက်ပိုသောကြက်အုပ်မှ ဖြစ်စေ၊ စိတ်ကြိုက် ကြက်မဒန်း ၃-၅ ကောင်ခန့်ကိုရွေးထားပါ။ထို့ထက်မကလည်းရွေးနိုင်ပါသည်။
(၃) အဆင့်ဆင့်မျိုးစပ်ခြင်း·
ရွေးချယ်ထားသောအမ များကို ရွေးချယ်ထားသော အထီးဖြင့် မျိုးစပ်ပါ။· ထိုကြက်မများမှပေါက်လာသောကြက်မလေးများကို မဒန်းအရွယ်ရောက်ချိန်တွင် အထက်ပါနည်းအတိုင်း စိတ်ကြိုက် ပထမမျိုးဆက်မဒန်းများကိုရွေးချယ်ပါ။
· ထိုရွေးချယ်ထားသော ပထမမျိုးဆက်မဒန်းများကို နောက်ထပ်အကောင်ကြီးသော အထီးအသစ် တကောင်ဖြင့် မျိုးစပ်ပါ။ (ယခင်အထီးကို အသုံးပြုပါက မျိုးနီးသားစပ်ခြင်းဖြစ်နိုင်သဖြင့် မျိုးပျက်ခြင်းများဖြစ်သွားနိုင် သောကြောင့် ဖြစ်သည်။)
· ပေါက်လာသော ဒုတိယမျိုးဆက်ထဲတွင်လည်း အထက်ပါအချက်များနှင့် ပြည့်စုံသော ကြက်မများကိုရွေး ချယ်ပါ။ ထို့နောက် နောက်ထပ်အထီးအသစ် တကောင်ဖြင့်မျိုးစပ်ပါ။
· ထိုသို့ အဆင့်ဆင့်မျိုးစပ်ပေးခြင်းဖြင့် တတိယ မျိုးဆက်ခန့်ရောက်လာပါက ပေါက်လာသော ကြက်ထီး၊ ကြက်မများသည် ကြီးထွားနှုန်း ကောင်းခြင်း၊ အကောင်ကြီးခြင်း၊ ဥများများအုခြင်း၊ ဥအလုံးကြီးခြင်း စသည့် ကောင်းကျိုးများကို ရမည်ဖြစ်သည်။
· အကြမ်းအားဖြင့် အချိန် ၁နှစ်ခွဲခန့်ကြာမည်ဖြစ်သည်။
· အထက်ပါ နည်းလမ်းများမှာ ကြက်ကိုစတင်မွေးမည်ဆိုပါက လုပ်ဆောင်ရန်ဖြစ်သည်။
· အကယ်၍မိမိတွင်ကြက်များရှိထားပါက ကြက်ထီးကိုသာ အသစ်ရှာပါ။ ကြက်မများထဲမှ အကောင်သေးသော ကြက်မများနှင့် ယင်းတို့မှပေါက်လာသော ကြက်ကလေးများအားလုံးကို ရောင်းထုတ်ပါ။ အကောင် ကြီးသောကြက်မများနှင့် သူတို့မှပေါက်လာသော ကြက်မများကို စိတ်ကြိုက်ရွေးထားပီး အထက်ပါအတိုင်း အဆင့်ဆင့်သားဖောက်ပါ။
ဆက်ရန် ရှိသည် ---
မွေးမြူရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/59174
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/tawetto-mwemyuyaetawinthumyaa
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း