cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဝဥ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေ

. ဈေးကွက်သတင်းများ
လက်ရှိ စျေးကွက်တွင် ဝဥများ စျေးကောင်းနေပြီး လိုက်လံဝယ်ယူမှုများလည်းရှိနေကြောင်း ဝဥ စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။
  • ဝဥများကို ပြီးခဲ့သည့် စက်တင်ဘာလ ဆန်းပိုင်းမှစ၍ တောင်သူများ စတင်တူးဖော်ရောင်းချနေကြပြီး ယခင်နှစ်ကထက် ဈေးကောင်းရနေသဖြင့် တူးဖော်ရောင်းချသူများ များပြားနေကြောင်း သိရသည်။

    ဝဥများကို တူးဖော်ပြီး အစိုအတိုင်း ရောင်းချသူများရှိပြီး အချို့မှာ အခြောက်ခံပြီးမှ ပြန်လည်ရောင်းချခြင်းများလည်း ရှိကြသည်။

    လက်ရှိ ဝဥအစို တစ်ပိဿာလျှင် ၂၀၀၀ ကျပ်အထက် နှင့် အခြောက်တစ်ပိဿာလျှင် ၁၅၀၀၀ မှ ၃၀၀၀၀ အထက်တွင် ရှိပြီး ဒေသတစ်ခုနှင့် တစ်ခု၊ အမျိုးအစားပေါ်မူတည်ကာ ဝယ်စျေးနှုန်း အနည်းအများ ကွာဟနိုင်ကြောင်း သိရသည်။

    “အခုကာလက စျေးကွက်မှာ ဝဥ စပေါ်ချိန်ဆိုတော့ စျေးကောင်းရနေတယ်။ ဝယ်ယူသူတွေလည်း များတယ်၊ လိုက်ဝယ်နေကြတယ်။ နောက်ပိုင်း ရောင်းတဲ့သူတွေအများလာရင်တော့ စျေးကွက်သဘောအရ စျေးက ကျသွားနိုင်တယ်။ အခုချိန်က မိုးရွာနေတော့ အစိုပဲ များဦးမယ်။ တချို့တွေကတော့ အရောင်ရွေးပြီး အဝါမျိုးပဲ ဝယ်ကြတာရှိတယ်” ဟု ဝဥ စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

    မြန်မာနိုင်ငံအတွင်း အရောင်းအဝယ် ဖြစ်နေသော ဝဥအမျိုးအစားများမှာ သုံးမျိုးရှိပြီး ပန်းရောင်၊ အဝါရောင်နှင့် အဖြူရောင်တို့ကို အများဆုံး အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရသည်။

    တချို့ဒေသများတွင် ဒေသတွင်း အခြေအနေ တည်ငြိမ်မှု မရှိသဖြင့် ဝဥခင်းများကို ထားခဲ့ကာ တိမ်းရှောင်နေရသောကြောင့် ဝဥမဖော်နိုင်ပဲ အစေ့ဖြင့်သာ ရောင်းချနေရကြောင်းလည်း သိရသည်။

    မြန်မာနိုင်ငံတွင် ဝဥသီးနှံကို ဧက ၁၃၀၀၀ ကျော် စိုက်ပျိုးထားရှိပြီး ဝဥကို ချင်းပြည်နယ်တွင် အဓိက စိုက်ပျိုးကြပါသည်။

    ဝဥကို ဝဥခြောက်အနေဖြင့်သာ ပြည်ပသို့ တင်ပို့မှုများပြားပြီး တရုတ်နိုင်ငံမှသာ အများဆုံး ဝယ်ယူနေကြောင်း သိရသည်။

    ဖိုးချဲ (AMIA)

    -----------

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
4
comments
0
views
1494
cover
cover
cover
cover
cover