cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂျုံလက်ကျန် နည်းပါးလာပြီး ဈေးမြင့်တက်လာ

. ဈေးကွက်သတင်းများ
ယခုနှစ် ဈေးကွက်အတွင်း ဂျုံလက်ကျန်နည်းလာပြီးဖြစ်ကြောင်း ပြည်ပမှတင်သွင်းမှုလည်း မရှိတာကြောင့် ဂျုံ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ဦးသက်တင်က ပြောသည်။
  • ပြည်တွင်းဂျုံလက်ကျန်နည်း ပါးလာပြီး ဈေးမြင့်တက်လာ ကြောင်း ဂျုံစက်ပိုင်များထံမှ သိရ သည်။

    အောက်တိုဘာလကုန်ပိုင်းတွင် ဂျုံသစ်စိုက်ပျိုးချိန်ရောက်ရှိလာချိန် ဖြစ်ပြီး မတ်လမှသာ ဂျုံအသစ်များ ထွက်ရှိလာမည်ဖြစ်ရာ ယခုနှစ် တွင် ဈေးကွက်အတွင်း ဂျုံလက် ကျန်နည်းလာပြီးဖြစ်ကြောင်း ပြည်ပမှတင်သွင်းမှုလည်း မရှိတာ ကြောင့် ဈေးကွက် အတွင်း ဂျုံ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ဦးသက်တင် ကပြောသည်။

    `` ပြည်တွင်းဂျုံဈေးက လက် ကျန် နည်းဂျုံစေ့ပြတ်လပ်သွားပါ ပြီ။ နိုင်ငံခြားဂျုံကလည်း မဝင် တော့ဘူး။ ဂျုံအသစ်ပေါ်မှပဲ ရ တော့မှာပါ။ လက်ရှိမှာတော့ ပစ္စည်းပြတ်မသွားအောင် ၂-၃လ စာလောက် လှောင်ထားရတာပေါ့။ဒီနှစ်ကပစ္စည်းပြတ်တာစောတယ်။ မနှစ်ကဒီအချိန်ထိဝယ်လို့ ရ သေးတယ်။လက်ရှိမှာ ဈေးကွက် ကပေါက်ဈေးက မငြိမ်တော့ဘူး။အိတ်ရေများများလည်းဝယ်မရ တော့ဘူး။ဂျုံစေ့က ပေါက်ဈေးတာ ရှိနေတာဝယ်လို့မရတော့ဘူး´´ ဟု ၎င်းကပြောသည်။

    အောက်တိုဘာ ၃၀ ရက်တွင် ဂျုံ(တောင်ဘက်^ ငါန်းဇွန်^မြို့ သာ)ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ဂျုံ(မုံရွာ^ ဘုတလင်)ပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၃၅၀၀၀၊ ဂျုံ(စစ်ကိုင်း^ ဆားတောင်^ ရွှေ ဘို^ မြင်းမူ^ မြောင်)ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ဂျုံ(ကလေး)ပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၀၀၀၀၀၊ ဂျုံ(ရှမ်း) ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၀၅၀၀၀၊ ဂျုံ(AUS) တစ်ပိဿာလျှင် ငွေကျပ် ၃၈၅၀ အသီးသီးပေါက်ဈေးရှိနေသည်။

    ဂျုံသီးနှံကို နှစ်စဉ် အောက်တိုဘာ၊ နိုဝင်ဘာလမှစတင်ပြီး ဆောင်းစိုက်သီးနှံအဖြစ် မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်မြောက် ပိုင်းတို့တွင် စိုက်ပျိုးပြီး မတ်၊ ဧပြီလများတွင် ရိတ်သိမ်းသည်။

    ပြည်တွင်းဂျုံစားသုံးမှုမှာ လျော့နည်းနေသလို ဂျုံစိုက်ပျိုးမှု မှာလည်း လျော့ကျနေကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
1
comments
0
views
365
cover
cover
cover
cover
cover