cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း နိုဝင်ဘာ ၇ ရက် မှ နိုဝင်ဘာ ၁၃ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
တိုင်ဖွန်းမုန်တိုင်း KALMAEGI အကြွင်းအကျန်များကြောင့် ပြင်ဦးလွင်၊ မိုးကုတ်၊ ကျောက်ဆည်၊ မြင်းခြံ၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ ရမည်းသင်း၊ မြို့နယ်တွေမှာ ၇ ရက် မိုးရေချိန် ၃ လက်မ ခန့်မှ ၄ လက်မ အထက်အထိ ရွာသွန်းရရှိနိုင်ပြီး၊
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများနှင့် မုန်တိုင်းအကြွင်းအကျန်များ 

    ·          တောင်တရုတ်ပင်လယ်မှ အားကောင်းသောတိုင်ဖွန်းမုန်တိုင်း(Very Strong Typhoon – VST) KALMAEGI သည် Category-3 အဆင့် တိုင်ဖွန်းမုန်တိုင်းလေတိုက်နှုန်း(110 knots - တနာရီ ၁၂၇ မိုင်ခန့်)ဖြင့် ဗီယက်နမ်ကမ်းခြေကို နိုဝင်ဘာလ ၆ ရက် ည မှာ ဖြတ်ကျော်ဝင်ရောက်လျှက်ရှိပါတယ်။ 

    ·          အပူပိုင်းမုန်တိုင်း(Tropical Storm) မှ တိုင်ဖွန်းမုန်တိုင်းနောက်တလုံးဖြစ်လာမည့် မုန်တိုင်း FUNG WONG သည် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို CAT-3 အဆင့်တိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်အတွင်းမှာ အရှေ့ဘက်သို့ “ဂ”ငယ်ကွေ့ချိုးကွေ့ကာ ထိုင်ဝမ်ကျွန်းအနီးမှဖြတ်ပြီးအရှေ့ဖိလစ်ပိုင်လယ်(ပစိဖိတ်-အနောက်မြောက်ဘက်သို့)ဆက်လက်ရွေ့လျားသွားနိုင်ကြောင်း ECMWF Model ကြိုတင်ခန့်မှန်းလမ်းကြောင်းမှာတွေ့နေရတာကြောင့် မုန်တိုင်းအကြွင်းအကျန်ကိစ္စကိုစိုးရိမ်ရန်မရှိပါ။ 

    ·          CAT-3 တိုင်ဖွန်း KALMAEGI ရဲ့ အကြွင်းအကျန်များသည် နိုဝင်ဘာ ၈ ရက် ည မှာ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း TAK ခရိုင်မှတဆင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သို့ ရွေ့လျားရောက်ရှိလာပြီး နိုဝင်ဘာ ၈/၉/၁၀ ရက် များမှာ အဲ့ဒီတိုင်း/ပြည်နယ်များအတွင်း နေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။ 

    ·          မုန်တိုင်းအကြွင်းအကျန်များကြောင့် နိုဝင်ဘာ ၇ ရက် မှ နိုဝင် ၁၃ ရက်အထိ ၇ ရက်အတွင်း - ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း(အနောက်)၊ ပဲခူးတိုင်း(အရှေ့)၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ အထက်မှ ၆ လက်မအထက်အထိ မိုးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးများနိုင်၊ မိုးသည်းထန်နိုင်သည့်ဒေသတွေရှိနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မကွေးတိုင်းတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မဝန်းကျင်သာရွာသွန်းနိုင်/ မိုးရေချိန်နည်းနိုင်ပါမယ်။ 

    ·          လက်ရှိအချိန်အထိရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ၊ ဘင်္ဂလားပင်လယ်အော်တွင် ထူးခြားသည့် မိုးလေဝသအခြေအနေများဖြစ်ပေါ်ရန်မရှိပါ။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          တိုင်ဖွန်းမုန်တိုင်း KALMAEGI အကြွင်းအကျန်များကြောင့် ပြင်ဦးလွင်၊ မိုးကုတ်၊ ကျောက်ဆည်၊ မြင်းခြံ၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ ရမည်းသင်း၊ မြို့နယ်တွေမှာ ၇ ရက် မိုးရေချိန် ၃ လက်မ ခန့်မှ ၄ လက်မ အထက်အထိ ရွာသွန်းရရှိနိုင်ပြီး၊ 

    ·          သာစည်၊ မြစ်ငယ်၊ တံတားဦး၊ ညောင်ဦး၊ မန္တလေးမြို့ပေါ်မှ ခရိုင်/မြို့နယ်များ၊ တောင်သာ၊ နထိုးကြီး၊ မလှိုင်၊ စဉ့်ကိုင်၊ မြို့သာ(မြင်းခြံခရိုင်) စသည့် မြို့နယ်/ခရိုင်တွေမှာ ၇ ရက် မိုးရေချိန် ၁ လက်မအထက်မှ ၂ လက်မခွဲခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          မလှိုင်၊ စဉ့်ကိုင်၊ မြို့သာ(မြင်းခြံခရိုင်)တွေမှာတော့ ၇ ရက်အတွင်း မိုးရေချိန်ရရှိမှု အနည်းဆုံးဖြစ်နိုင်ပါမယ်။ 

    ·          နိုဝင်ဘာ ၁၂ ရက် နောက်ပိုင်းမှာ မန္တလေးတိုင်းအတွင်က ဒေသအတော်များများမှာ မိုးလေကင်းစင်ပြီး ၂၀၂၅ ခုနှစ်ရဲ့ မိုးရာသီ ပြီးဆုံးပြီလို့ ပြောနိုင်တော့မှာဖြစ်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          နိုဝင်ဘာ ၁၃ ရက် မှ စတင်၍ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၁°C အထိ ကျဆင်းလာနိုင်ပြီး ပြင်ဦးလွင်၊ မိုးကုတ်စတဲ့ တောင်ပေါ်ဒေသတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၆°C အထိ ကျဆင်းလာနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်းမှာ အရှေ့ဘက်နှင့်မြောက်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၅ မိုင်ခန့်အထိရှိနိုင်ပါမယ်။ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% အထက်တွင်ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်း မတ္တရာမြို့နယ်/ခရိုင်အတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၅°C အထိရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၈၀ အောက်မှာရှိနေနိုင်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော level မဟုတ်၍ စိုးရိမ်ရန်မလိုပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး၊ ပုစွန်ကန်များတွင် ထုံးပါဝင်မှုစစ်ဆေးရန်  

    ငါး၊ ပုစွန်မွေးမြူကန်အတွင်း ပါဝင်ရမည့် စုစုပေါင်း ထုံးပမာဏ Alkalinity တန်ဖိုးအရ ငါးမွေးရန် သင့်၊ မသင့်ကို အောက်ပါအချက်များဖြင့် ဖော်ပြအပ်ပါသည်။  

    • 20 ppm             -    ငါးမွေးမြူရန်မသင့်  
    • 20-75 ppm     -     CaCO3 အသုံးပြု၍ ရေသြဇာမွေးမြူရန် လိုအပ်  
    • 75-100 ppm   -     ပုံမှန် ထုံးအသုံးပြုရန်  
    • 100-250 ppm  -   သင့်တော်၊ အစာထိန်းကျွေးရန်  
    • 300ppm          -    ငါးမွေးမြူရန် မသင့်  

    -------------------  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
2
comments
0
views
543
cover
cover
cover
cover
cover