cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံစျေးကျပြီး ပဲစင်းငုံ စျေးကွက်ငြိမ်၊ စပါးစျေးကွက်အေး
  • (၃.၁၁.၂၀၂၅ မှ ၇.၁၁.၂၀၂၅)

    မတ်ပဲ

    မတ်ပဲကတော့ တန်ဆောင်တိုင် ရုံးပိတ်ရက်တွေအပြီး ပြန်ဖွင့်လာတဲ့ ပဲမျိုးစုံ စျေးကွက်မှာလည်း စျေးအကျပြနေပါတယ်။ အခုတစ်ပတ်မှာ တစ်တန်ကို ၄၀,၀၀၀ လောက် စျေးကျတာဖြစ်ပါတယ်။ မတ်ပဲ FAQ ရဲ့ FOB စျေးကလည်း အခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ ၆၉၅ မှ ၇၀၅ အတွင်းသာရှိပါတယ်။ အရင်အပတ်ထက် ၅ ဒေါ်လာ ကျသွားပါတယ်။ သိုလှောင်ထားတဲ့ မတ်ပဲတွေ ထုတ်ရောင်းချမှုရှိနေပြီး အိန္ဒိယအဝယ်နည်းတာကြောင့် စျေးက ဆက်တိုက်ကျလာတာဖြစ်ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကတော့ အခုတစ်ပတ်မှာ တစ်တန် ၂၆ သိန်းကျော်နဲ့ စျေးကွက်ငြိမ်နေတာ တွေ့ရပါတယ်။ FOB စျေးနှုန်းကလည်း အရင်တစ်ပတ်ကဖြစ်ပေါ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၆၇၀ မှ ၆၈၀ အတွင်းမှာပဲ ရှိနေပါတယ်။ ပဲစင်းငုံက လက်ရှိ ပြည်တွင်းမှာ လက်ကျန်နည်းနေပြီး လှောင်လက်သမားတွေသာ ထုတ်ရောင်းခြင်းရှိပေမယ့် ပြည်ပတင်ပို့မှုနည်းတဲ့အတွက် စျေးတန်းငြိမ်နေတာဖြစ်တယ်လို့ သိရပါတယ်။ တန်ဆောင်တိုင် ပိတ်ရက်တွေအကြောင့်လည်း စျေးကွက်ငြိမ်နေတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ

    • ဗုဒ္ဓဟူးနေ့ – ၂၆,၃၅၀,၀၀၀ ကျပ်
    • ကြာသပတေးနေ့ – ၂၆,၅၀၀,၀၀၀ ကျပ်
    • သောကြာနေ့ – ၂၆,၄၅၀,၀၀၀ ကျပ်

    အရင်တစ်ပတ်က တနင်္လာနေ့ကနေ သောကြာနေ့အထိ ပဲစင်းငုံနီတစ်တန်ကို ၂၅,၇၇၀,၀၀၀ မှ ၂၆,၄၀၀,၀၀၀ ကျပ်ရှိခဲ့ပါတယ်။

    နှမ်း

    နှမ်းမျိုးစုံစျေးကွက်က တန်ဆောင်တိုင်ပွဲတော်ပိတ်ရက်တွေနဲ့အတူ ဝယ်လက်အေးလို့ စျေးနှုန်းတွေ ကျရိပ်ပြခဲ့ပါတယ်။ နှမ်းနက်စမုံကလည်း ပြည်ပဝယ်လက်အေးလို့ စျေးကျပါတယ်။ နှမ်းဖြူဂျပန်ကလည်း စျေးကျလာပြီး နှမ်းညိုကလည်း နှမ်းအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှုရှိနေပြီး ဆီစက်သမားအဝယ်အေးတဲ့အတွက် စျေးနှုန်းကျလာပါတယ်။ နှမ်းအမျိုးအစားအလိုက် တစ်အိတ်ကို ၈,၀၀၀ မှ ၁၅,၀၀၀ ကျပ်လောက် စျေးကျလာတာဖြစ်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ

    • နှမ်းနက်စမုံ – (၄၅ ပိဿာ) တစ်အိတ် ၇၁၀,၀၀၀ မှ ၇၈၀,၀၀၀ ကျပ်
    • နှမ်းညို – ၂၆၇,၀၀၀ မှ ၂၈၅,၀၀၀ ကျပ်
    • နှမ်းဖြူဂျပန် – ၂၉၀,၀၀၀ မှ ၃၀၀,၀၀၀ ကျပ်
    • နှမ်းဖြူဗမာ – ယခုတစ်ပတ် စျေးဖွင့်လှစ်ထားခြင်းမရှိပါ။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ တန်ဆောင်တိုင်ရုံးပိတ်ရက်တွေအပြီး မန္တလေးစျေးကွက်မှာ စျေးပြန်တက်လာတာ တွေ့ရပါတယ်။ မိုးပဲတီစိမ်းအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိပေမယ့် ဆောင်းပဲစိုက်ပျိုးရာသီဖြစ်တာကြောင့် မျိုးစေ့ဝယ်လိုအားနဲ့ ပြည်ပဝယ်လိုအားရှိတဲ့အတွက် စျေးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။

    မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (၅၆.၂၅ ပိဿာ) တစ်အိတ် ၃၄၀,၀၀၀ မှ ၃၆၀,၀၀၀ ကျပ်ရှိလာပါတယ်။

    အရင်တစ်ပတ်က ၃၃၀,၀၀၀ မှ ၃၄၅,၀၀၀ ကျပ်သာရှိခဲ့တာကြောင့် တစ်အိတ်ကို ၁၀,၀၀၀ မှ ၁၅,၀၀၀ ကျပ်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ

    • ပဲတီစိမ်း (ခရမ်းရွှေဝါ) – တစ်ပိဿာ ၆,၉၁၅ ကျပ်
    • ပဲတီစိမ်း (ပဲခူးရွှေဝါ) – တစ်ပိဿာ ၆,၉၁၅ ကျပ်
    • ပဲတီစိမ်း (အညာ) – ၅,၁၆၅ မှ ၅,၁၈၅ ကျပ်
    • ပဲတီစိမ်း (ဝါးခယ်မ) – ၅,၂၇၀ ကျပ်

    AMIA မှ ပေးပို့ပါသည်။

    -------    

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
8
comments
0
views
1281
cover
cover
cover
cover
cover