cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ချင်း (ဂျင်း) ကို အိမ်ထဲမှာ ဘယ်လိုစိုက်မလဲ ...

. စိုက်ပျိုးနည်းစနစ်များ
သဘာဝကပေးတဲ့ ဆေးစွမ်းတလက် ရနိုင်ဖို့ အော်ဂဲနစ် ချင်း (ဂျင်း) များရရှိရန် မိမိနေအိမ်ခြံဝန်း အတွင်းမှာပဲ စိုက်ကြည့်မယ်။
  • ဂျင်းကို ဘာကြောင့်ရွေးသင့်လဲ? 

    ဂျင်းဟာ မီးဖိုချောင်အတွက်သာမက အလှအပ အတွက်ရော ၊ ကျန်းမာရေးအတွက်ပါ တကယ်ကို ကောင်းမွန်တဲ့ သဘာဝဆေးတစ်မျိုးလည်း ဖြစ်တာကြောင့်  ကျန်းမာရေးအတွက် အိမ်မှာ အလွယ်တကူ စိုက်ပျိုးထားတာ မမှားပါဘူး ။ 

    ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ  

    Antioxidant ပါဝင်သောကြောင့် အရိုး ၊ အဆစ်နာကျင်ခြင်းကို လျော့ကျစေပြီး ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အစာမကြေခြင်း ၊ ရင်ပြည့်ရင်ကယ်ခြင်း နဲ့ မအီမသာဖြစ်ခြင်း တို့ အတွက် ချင်း(ဂျင်း) ပြုတ်ရည် တစ်ခွက်က သက်သာစေပါတယ်။ အအေးမိခြင်း၊ ဖျားနာခြင်းနဲ့ ရာသီတုပ်ကွေး ကူးစက်မှုတွေကို တိုက်ဖျက်ပေးတယ်။ ကိုလက်စထရောနဲ့ သွေးတွင်း သကြားဓာတ်ကို လျော့ချပေးနိုင်တယ်။  

    နေရာနည်းနည်းပဲ ရှိတယ်ဆိုရင်တောင် ချင်း (ဂျင်း) ကို သဘာဝ နည်းတွေ နဲ့ စိုက်ပျိုးနိုင်ပါတယ်။ 

    ချင်း (ဂျင်း) မျိုးရွေးချယ်ခြင်း -  

    မျက်စေ့(၁)စေ့မှ(၂)စေ့ ပါဝင်ပြီး (၂)ကျပ်သားခန့်ရှိ ကျန်းမာ သန်စွမ်းသော ချင်းတက်ကို တိုက်ရိုက်မြေချ စိုက်ပျိုးနိုင်ပါသည်။ ၄င်းအပြင် ချင်းတက်မှမျက်စေ့ပါသောချင်းတက်ဖုကို လက်ဖြင့်ဖဲ့၍ ချင်းမျက်စေ့အား အပေါ်ဘက်ထားပြီး မြေတွင်တိုက်ရိုက်မြုပ်၍လည်း စိုက်ပျိုးနိုင်သည်။ ချင်းတက် ဖဲ့သည့်အခါ အစေးများထွက်ပြီး ၎င်းအစေးကြောင့် မှိုရောဂါဝင်ပြီး ချင်းပုပ်တတ်ပါသည်။ သို့ပါ၍ ချင်းကို အတက်ဖဲ့ပြီး (၂)နာရီခန့် လေသလပ်ခံပြီး အစေးခြောက်သည် အထိ ထားပြီးမှ မိမိ စိုက်ပျိုးလို သည့် နေရာတွင် ချစိုက်ပါ။ 

    မျိုးပြင်ဆင်ခြင်း - စိုက်ပျိုးမည့် ချင်း (ဂျင်း) မျိုးအား ရေတစ်ညအိပ်စိမ်ပေးပါ။ သို့မှသာ ပိုးသတ်ဆေးများ ကို ဖယ်ရှားနိုင်မှာ ဖြစ်ပါသည်။  

    စိုက်ပျိုးမည့် အိုးရွေးချယ်ခြင်း - ချင်း (ဂျင်း) သည် အလျားလိုက် ဥသောကြောင့် ကျယ်ပြန့်ပြီး , အနက်တိမ်သော အိုး (သို့) ခြင်း (သို့) အိတ် မိမိနှစ်သက်ရာ ရွေးချယ်စိုက်ပျိုးပါ။ အိုးထဲသို့ သဘာဝမြေဩဇာကောင်းတဲ့စပ်မြေ နှင့် သဲအနည်းငယ်ရောစပ်၍ ထည့်ပါ။  

    စိုက်ပျိုးခြင်း- ဂျင်းမျိုးအား (၁-၂) လက်မအထိ မြေကြီးထဲနှစ်ထားပါ။ ရေအစိုဓါတ် မပြတ်စေရန် ရေကို ပုံမှန်လောင်းပေးရပါမည်။ နေရောင်ခြည်တိုက်ရိုက်မထိတွေ့သောနေရာတွင် ထားပေးပါ။ ရက်သတ္တပါတ်  အနည်းငယ် (၂-၄ ပါတ်) အတွင်း အညှောင့်ထွက်လာမှာ ဖြစ်ပါတယ်။   

    ရိတ်သိမ်းခြင်း 

    စိုက်ပြီး (၄-၅) လအတွင်း စတင်ရိတ်သိမ်းနိုင်ပြီ ဖြစ်သော်လည်း (၈–၁၀)  လအထိ ထားပေးခြင်းဖြင့်  အပြည့်အဝကြီးထွားသန်စွမ်းတဲ့ ဂျင်းတတ်များကို ရရှိနိုင်ပါသည်။ မိမိလိုချင်သည့် ပမာဏကို ဖြတ်ယူကာ ကျန်ရှိသော ဂျင်းတက်များအား  ပြန်လည် စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။ 

    https://www.linkedin.com/posts/organic-consumers-association-of-australia... | Chat | Microsoft Teams မှ ကိုးကားဖော်ပြပါသည်။ 

     ------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe    

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။    


  • article
likes
3
comments
0
views
603
cover
cover
cover
cover
cover