cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီဥတုပြောင်းလဲခြင်းကြောင့် ငါး၊ပုစွန်မွေးမြူသူများ သတိပြုရန်

. ရာသီဥတု သတင်းများ
မြန်မာနိုင်ငံ၏ ရာသီဥတုအရ နိုဝင်ဘာနှင့် ဒီဇင်ဘာများသည် ဆောင်းရာသီအဖြစ် သတ်မှတ်ထားသဖြင့် အဆိုပါလများတွင် ကန်ရေ၏ အပူချိန် ကျဆင်းခြင်း နှင့် နောက်ဆက်တွဲတွင် ပျော်ဝင် အောက်စီဂျင် လျော့နည်းခြင်းများ ကြုံတွေ့နိုင်ပါသည်။ အဆိုပါအချက်ကို သတိပြုရပါမည်။
  •            ငါး၊ ပုစွန်မွေးမြူတောင်သူများသည် ၂၀၂၀ခုနှစ် နောက်ပိုင်းတွင် စိန်ခေါ်မှု အမျိုးမျိုးနှင့်ရင်ဆိုင်နေ ကြရပါသည်။ အထူးသဖြင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းတို့ကြောင့် ဆုံးရှုံးမှုများနှင့်လည်း ကြုံတွေ့ရရှိ ပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ရာသီဥတုသည် လာနီညာ ရာသီ ဥတုဖြစ်ပေါ် နိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါသည်။

               လာနီညာ ရာသီဥတု၏ သဘောသဘာဝမှာ အေးပြီးစွတ်စိုတတ်ပါသည်။ တခါတရံ မိုးရွာခြင်းများလည်း ရှိတတ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရာသီဥတုအရ နိုဝင်ဘာနှင့် ဒီဇင်ဘာများသည် ဆောင်းရာသီအဖြစ် သတ်မှတ်ထားသဖြင့် အဆိုပါလများတွင် ကန်ရေ၏ အပူချိန် ကျဆင်းခြင်း နှင့် နောက်ဆက်တွဲတွင် ပျော်ဝင် အောက်စီဂျင် လျော့နည်းခြင်းများ ကြုံတွေ့နိုင်ပါသည်။ အဆိုပါအချက်ကို သတိပြုရပါမည်။ အထူးသဖြင့် ပုံမှန် ထက် အေးသော နေ့ရက်များတွင် ညအချိန်၌ ကန်အတွင်း အောက်စီဂျင်ပြတ်တောက်ခြင်းများကို ကြုံတွေ့ ရပါမည်။ နှင်းများစွာကျရောက်သော မနက်ပိုင်းတွင်လည်း ငါးများ ကန်ရေမျက်နှာပြင်အထိ တက်ရောက် အသက်ရှူခြင်းများ တွေ့ရှိရပါမည်။

               အဆိုပါအခြေအနေမျိုးတွင် ကြုံတွေ့ပါက ည (၁၂)နာရီကျော်လွန်သော အချိန်တွင် ငါး၊ ပုစွန်မွေးမြူရေး ကန်၏ ရေကို လှုပ်ရှားပေးရန်လိုအပ်ပါသည်။ ကန်အောက်ခြေရှိ ရေကို စုပ်ယူပြီး ရေပြန် ပြန်ချခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မှသာ ကန်အတွင်းပျော်ဝင်အောက်စီဂျင် ရရှိနိုင်ပါမည်။

               အစာကျွေးခြင်းကိုလည်း ဂရုပြုရန် လိုအပ်ပါသည်။ ငါး၊ ပုစွန်များသည် သတ်မှတ်ထားသော အပူချိန်ရှိမှ သာ အစာစားခြင်းကို ဆောင်ရွက်လေ့ရှိသဖြင့် အပူချိန် ၂၅ မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်းမှသာ အစာကျွေးရန် အကြံပြုပါသည်။ ကန်ရေ အပူချိန် ကျဆင်းနေပါက အစာကျွေးခြင်းကို ဆင်ခြင်ရန် လိုအပ်ပါသည်။ ထို့အတူ မိမိ ကျွေးသော အစာများ ကုန်၊ မကုန်ကို စစ်ဆေးပေးသင့်ပါသည်။ အစာမကုန်ပါက/အစာကျန်များရှိနေပါက နောက်တနေ့တွင် အစာလျော့ကျွေးခြင်းကို ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

    ရေးသားသူ

    ဆရာဦးစန်းအောင်

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
10
comments
0
views
513
cover
cover
cover
cover
cover