မန္တလေးတိုင်း နိုဝင်ဘာ ၁၄ ရက် မှ နိုဝင်ဘာ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများနှင့် မုန်တိုင်းအကြွင်းအကျန်များ
· နိုဝင်ဘာ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိတကြိမ်၊ နိုဝင်ဘာ ၂၃ ရက် မှ ၂၆ ရက်အတွင်းတကြိမ်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေပွေလှိုင်း ၂ ကြိမ်ဖြစ်ပေါ်နိုင်ပြီး တကြိမ်တွင်ပိုမိုအားကောင်းလာနိုင်ကာ အနည်းဆုံးမုန်တိုင်းငယ်အဆင့်အထိ ရောက်လာနိုင်ပါတယ်။ အီကွေတာအနီး ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းပင်လယ်ပြင် အပူပိုင်းဇုန်အတွင်းမှာ ယခုလိုအခြေအနေများဆက်လက်ဖြစ်ပေါ်နေနိင်ပါတယ်။
· ECMWF Tropical Cyclone Activity Chart (including genesis)မုန်တိုင်းအစပျိုးဖြစ်ပေါ်နိုင်ချေ ကြိုတင်ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်း(ထိုင်းပင်လယ်ကွေ့တောင်ဘက်)မှာ နိုဝင်ဘာ ၁၆ ရက် မှ နိုဝင်ဘာ ၂၄ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ အများဆုံး ၅၀% မှ ၆၀% ရှိနေကြောင်း တွေ့ရပါတယ်။
· ဒီအခြေအနေတွေကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ယခုတပတ်အတွင်း မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းဒေသအချို့မှာနေရာကွက်၍ ခေတ္တမျှမိုးသည်းထန်နိုင်ပါတယ်။ ယခုတပတ်အတွင်း - တနင်္သာရီတိုင်းမှာ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက်၊ မိုးအများဆုံးရွာသွန်းနိုင်ပါမယ်။
၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ
· ရမည်းသင်း၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ မြင်းခြံ၊ မလှိုင်၊ ငါန်းဇွန်၊ မန္တလေးမြို့ပေါ် အောင်မြေသာဇံ/ချမ်းအေးသာဇံ၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ တံတားဦးစတဲ့ မြို့နယ်/ခရိုင်တွေမှာ မနက်အစောပိုင်းမြူဆိုင်းခြင်းမှ ရရှိနိုင်သည့် မြူနှင်းမိုးရေချိန် အနည်းငယ်မျှသာရရှိနိုင်ပါမယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ
· နိုဝင်ဘာ ၁၃ ရက် မှ စတင်၍ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၁°C အထိ ကျဆင်းလာနိုင်ပြီး ပြင်ဦးလွင်၊ မိုးကုတ်စတဲ့ တောင်ပေါ်ဒေသတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၄°C အထိ ကျဆင်းလာနိုင်ပါတယ်။
· မန္တလေးတိုင်းအတွင်းမှာ အရှေ့ဘက်နှင့်မြောက်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၅ မိုင်ခန့်အထိရှိနိုင်ပါမယ်။
· နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၈၀% အထက်တွင်ရှိနေနိုင်ပါမယ်။
· လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၄°C အထိရှိနိုင်ပါတယ်။
· မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၁၀၀ အောက်မှာရှိနေနိုင်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော level မဟုတ်၍ စိုးရိမ်ရန်မလိုပါ။
Win Naing
Administration Team,
MMWEATHER,
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများထံသို့
ကြက်သွန်လှေးပိုးကာကွယ်နှိမ်နင်းနည်း အကြံပြုချက်
- သရစ်(လှေး)ပိုးက အပူချိန်မြင့်၊စိုထိုင်းဆနည်းပြီး ညအပူချိန်မြင့်တဲ့အချိန်မှာ အဓိကပွားများနှုန်းမြန်တာကြောင့် စိုက်ခင်းအစိုဓာတ်ကိုထိန်းပေးပါ။
- လှေးပိုးကျရောက်နေသော စိုက်ခင်းများအနေဖြင့် နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး၊ မြေဩဇာများကို အလွန်အကျွံအသုံးမပြုပါနဲ့။
- ပထမအကြိမ်အနေနဲ့ Acetamiprid+ Cyrantraniliprole (သို့မဟုတ်) Acetamiprid+ Lambda cyhalothrin ကိုမနက်ခင်းပိုင်းမှာဖျန်းပေးပါ။
- ပထမအကြိမ် ဆေးဖျန်းပြီး စိုက်ခင်းကို အမြဲကွင်းဆင်းစစ်ဆေးဖို့လိုပြီး ၃ ရက်ခန့်ကြာရင် ဒုတိယအကြိမ်အနေနဲ့ Spinosad ကိုဖျန်းပေးပါ။
အေးသောကာလ ငါးကန်များ သတိပြုရန်
ည (၁၂)နာရီကျော်လွန်သော အချိန်တွင် ငါး၊ ပုစွန်မွေးမြူရေး ကန်၏ ရေကို လှုပ်ရှားပေးရန်လိုအပ်ပါသည်။ ကန်အောက်ခြေရှိ ရေကို စုပ်ယူပြီး ရေပြန်ချခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မှသာ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ရရှိနိုင်ပါမည်။
အစာကျွေးခြင်းကိုလည်း ဂရုပြုရန် လိုအပ်ပါသည်။ ငါး၊ ပုစွန်များသည် သတ်မှတ်ထားသော အပူချိန်ရှိမှ သာ အစာစားခြင်းကို ဆောင်ရွက်လေ့ရှိသဖြင့် အပူချိန် ၂၅ မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်းမှသာ အစာကျွေးရန် အကြံပြုပါသည်။ ကန်ရေ အပူချိန် ကျဆင်းနေပါက အစာကျွေးခြင်းကို ဆင်ခြင်ရန် လိုအပ်ပါသည်။ ထို့အတူ မိမိ ကျွေးသော အစာများ ကုန်၊ မကုန်ကို စစ်ဆေးပေးသင့်ပါသည်။ အစာမကုန်ပါက/အစာကျန်များရှိနေပါက နောက်တနေ့တွင် အစာလျော့ကျွေးခြင်းကို ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။
--------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း