ရှမ်းပြည်နယ် နိုဝင်ဘာ ၂၂ ရက် မှ နိုဝင်ဘာ ၂၈ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
· ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ မာလက္ကာရေလက်ကြားတွင် စတင်ဖြစ်ပေါ်လျှက်ရှိသည့် INVEST-95B သည် နိုဝင်ဘာ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်လည်းကောင်း၊ နိုဝင်ဘာ၂၄ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းလာကာ၊ နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အတွင်း မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်း SENYAR အဖြစ်ရောက်ရှိလာနိုင်ပါတယ်။
· မူလလမ်းကြောင်းကြိုတင်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဩရိဿပြည်နယ်ကမ်းခြေ Bhubaneshwar မြို့အနီးမှကုန်းတွင်းသို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းရပါတယ်။
· မုန်တိုင်းအကြွင်းအကျန်များဆက်လက်ရွေ့လျားနိုင်မည့်လမ်းကြောင်းအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့တွင် မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်/တိုင်းဒေသများတွင် မိုးရွာနိုင်မည့်အခြေအနေမရှိပါ။
ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
· ရှမ်းပြည်နယ်တွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၃°C ခန့် ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၀°C ခန့် ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၉°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၁°C ခန့် ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၅၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၁၀၀% ရှိနေနိုင်ပါမယ်။
· နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၂၈°C ခန့်ရှိနေနိုင်ပါမယ်။
· ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 50 ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 80 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ 30 ဝန်းကျင်သာရှိနိုင်ပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်း အနည်းဆုံးဖြစ်ပါမယ်။
· ရှမ်းပြည်နယ်တခုလုံးမှာ ယခုတပတ်အတွင်း လေထုညစ်ညမ်းမှုအန္တရာယ် မရှိပါ။
Win Naing
Administration Team,
MMWEATHER,
ရှမ်းပြည်နယ်အတွင်း မုန်ညင်း/မုန်လာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
ရှမ်းပြည်နယ်အတွင်း မုန်ညင်း/မုန်လာစိုက်ပျိုးတောင်သူများအနေဖြင့် စိန်ကွက်ဖလံပိုး ကြိုတင်ကာကွယ်နိုင်စေရန် အကြံပြုချက်
မုန်ညင်း/မုန်လာများတွင် စိန်ကွက်ဖလံ ပိုးကျရောက်ပါက လောက်ကောင်အဆင့်မှာ အရွက်၏ အပြင် ပိုင်းအလွှာတို့ကို စားသုံးပြီး သေးငယ်သောအပေါက်ငယ်တွေ ဖြစ်ပေါ်လာပါသည်။ လောက်ကောင်ကြီး လာသည်နှင့်အမျှ ပိုကြီးမားတဲ့ အပေါက်တွေ ဖြစ်လာစေကာ အရည်အသွေးကျဆင်းပြီး ရောင်းတန်း မဝင်ခြင်းများဖြစ်ပေါ်စေပါသည်။
စိန်ကွက်ဖလံပိုးကို ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -
- နိုက်ထရိုဂျင်(ပုလဲ) ပမာဏ အလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ပါ။
- ပိုးကျနေသော အရွက်များကို ဖယ်ရှားပါ။
- ခိုအောင်းရာပေါင်းမြက်များအားဖယ်ရှားရှင်းလင်းပေးပါ။
- ဓာတုဆေးများဖြင့် ကာကွယ်နှိမ်နင်းလိုပါက Emamectin Benzorate Lambda cyhalothrin
- Indoxacarb၊ Cypermethrin ကဲ့သို့သောဆေးအဆိပ်များပါဝင်သည့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြု၍နှိမ်နင်းနိုင်ပါသည်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ဒီတစ်ပတ်မှာ အအေးပိုလာနိုင်တာမို့ ငါး/ပုစွန်မွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ
- ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊
- ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊
- အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊
-----------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59297
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း