ရေငန်ပုစွန်ကျား စီးပွားဖြစ်မွေးမြူနည်းများ
မြန်မာနိုင်ငံတွင် ရေငန်ပုစွန်ကျားမွေးမြူခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း (၄၀)ကျော်ရှိခဲ့ပါသည်။ အများ စုမွေးမြူခဲ့သောနေရာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်ခဲ့ပါသည်။ မွေးမြူခဲ့သော စနစ်မှာ သမရိုးကျ နည်းဖြင့် ( TRAP AND HOLD) သဘာဝရေပြင်မှ ရေငန်ပုစွန်သားပေါက်များအား ဒီရေဖြင့် သွင်းယူလှောင်ထား၍ မွေးမြူသောစနစ်ဖြစ်သည်။ ပင်လယ်ကမ်းခြေ၊ ရေငန်အတက်အကျရှိသော မြစ်တလျှောက်နှင့် မြေလွတ်မြေရိုင်း များတွင် တာပတ်ပြီး ဆောင်ရွက်ကြပါသည်။ တာပတ်ထားသော ကန်တကန်၏ အကျယ်အဝန်းမှာ (၁၀)ဧက မှ (၇၀) ဧကအထိ လုပ်ကိုင်ကြပါသည်။ တစ်ဧကကန် တစ်ကန်၏ တနှစ် ပုစွန်ကျားထုတ်လုပ်မှုမှာ (၁၀)ပိဿာရရှိ ကြပါသည်။ ပုစွန်ကျား၏ ဈေးနှုန်းကောင်းမွန်ခြင်း နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်မရှိခြင်းတို့ကြောင့် အဆိုပါ ထွက်ရှိနှုန်းဖြင့်သာ အကျိုးအမြတ်ရရှိပြီး ဆက်လက်လုပ်ကိုင်နေကြပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တဆင့် အဆိုပါမွေးမြူရေးပုံစံကို မွန်၊ ဧရာဝတီနှင့် တနင်္သာရီ တိုင်းများသို့ ပြန်ပွားကူးစက်လာပြီး ၁၉၇၆ခုနှစ်တွင် သမရိုးကျ ပုစွန်ကျားမွေးမြူသော ဧကပေါင်း (၄၁၇၁၇) အထိ ရှိလာပါသည်။ အဆိုပါမွေးမြူခြင်းစနစ်သည် မြေအသုံးချခြင်း များပြားခြင်း၊ ဒီရေတောများ ပျက်စီးခြင်း နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသဖြင့် သမရိုးကျမွေးမြူသည့်စနစ်မှ သိပ္ပံနည်းကျစနစ်သို့ ကူးပြောင်း မွေးမြူ ခြင်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ သိပ္ပံနည်းကျ ဆောင်ရွက်ခဲ့သော ပုစွန်ကျားမွေးမြူရေးလုပ်ငန်းမှာ ရခိုင် ပြည်နယ်တွင် ၂၆ ဧက၊ ဧရာဝတီတိုင်းတွင် ၁၇ ဧက၊ တနသာရီတိုင်းတွင် ၄၄.၃၂ ဧက နှင့် ရန်ကုန်တိုင်းတွင် ၇၂.၃၆ ဧက ၊ စုစုပေါး (၁၉၉.၆၈)ဧကရှိခဲ့ပါသည်။
ပြီခဲ့သောအတိတ်ကာလများမှ ပထဝီအနေအထားကို လေ့လာပြီး၊ မိမိတို့ဒေသတွင်းမှ မူလအရင်းအမြစ် များဖြစ်သော ကုလားပုစွန် ခေါ် ရေငန်ပုစွန်ကျားကို သိပ္ပံနည်းကျ ဖြစ်စေ သမရိုးကျစနစ်ထက်အဆင့်မြင့်သည့် နည်းစနစ်တိုင်းဖြစ်စေ မွေးမြူပါက အောင်မြင်စေနိုင်ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ အထက်ဖော်ပြပါ ပြည်နယ် တိုင်းဒေသများတွင် ပုစွန်ကျားသားပေါက်ကို သဘာဝမှ ရရှိနိုင်သည့်အပြင် ယခုအချိန်တွင် ပုစွန် ကျား သားပေါက်ထုတ်လုပ်သော စခန်းများလည်း ရှိနေပါသည်။ ထို့အပြင် ပုစွန်ကျားများ နေထိုင်စားသောက် ကြီးပြင်း နိုင်သော ရေခံ၊မြေခံများဖြစ်သောကြောင့် ရေငန်ပုစွန်ကျားမွေးမြူနည်းစနစ်အား ဖော်ပြအပ်ပါသည်။
ရေငန်ပုစွန်ကျားမွေးမြူခြင်းကို အောက်ပါနည်းစနစ်များအတိုင်း မွေးမြူနိုင်ပါသည်-
Ø IMPROVE EXTENSIVE( သို့မဟုတ်) EXTENSIVE PLUS နည်းစနစ်
Ø SEMI-INTENSIVE စနစ်
Ø INTENSIVE နည်းစနစ် နှင့်
Ø SUPER INTENSIVE နည်းစနစ်တို့ဖြစ်ပါသည်။
အထက်ဖော်ပြပါ နည်းစနစ်များမှ မိမိတို့ဒေသ တွင်ရှိသော မူလအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပြီး မည်သည့်နည်း နှင့် ဆောင်ရွက်နိုင်ကြောင်း ကို စနစ်တခုချင်းအလိုက် တင်ပြအပ်ပါမည်။
ဦးစန်းအောင်
ထွက်တိုး
--------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း