cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တောင်သူအသိ တောင်သူသတိ ပိုးမွှားရောဂါ ကာကွယ်ကြမယ်

. စိုက်ပျိုးအသိပညာ
နေ့စဥ် စိုက်ခင်းကို စစ်ဆေးခြင်းဟာ အန္တာရယ်ကို အချိန်မီသိရှိနိုင်ပြီး အချိန်မီကာကွယ်ထိန်းချုပ်နိုင်ပါမယ်။ ဥပမာ-ကျရောက်တဲ့နေရာကို ဖြစ်လျင်ဖြစ်ချင်းထိန်းချုပ်တဲ့အတွက်ကြောင့် စိုက်ခင်းအားလုံးပျံနှံ့သွားမှ ထိန်းချုပ်တာထပ်စာရင် ထိရောက်ပြီး ဆေးဖိုးကုန်ကျစရိတ်သက်သာစေပါတယ်။
  • (၁) အထွက်နှုန်းကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့မျိုး ဒေသနဲ့ကိုက်ညီတဲ့မျိုး စျေးကွက်လည်းရှိတဲ့မျိုးရွေးစိုက်ပါ။  

    (၂) ပေါင်းမြက်ရှင်းလင်းပါ။ 

    ပိုးမွှားရောဂါတွေက သီးနှံစိုက်မှ ပန်းပွင့်မှ အသီးသီးမှ ရောက်ရှိလာတာ မျိုးမဟုတ်ပါဘူး။ စိုက်ခင်းဘေးက ပေါင်းမြက်တွေမှာ ခိုအောင်နေတတ်တာပါ။ အခွင့်အရေးကိုစောင့် နေတာပေါ့။ 

    (၃) မီးခိုးမှိုင်းတိုက်ပါ။  

    ပေါင်းမြက်တွေကို ရှင်းလင်းပြီးနောက် မီးရှို့ ပစ်လိုက်ခြင်းက ခိုအောင်းနေတဲ့ပို့မွှားရောဂါတွေကို အမြစ်ဖြတ်ခြင်း တမျိုးပါ။ မီးခိုးမှိုင်း အနံ့က သီးနှံပင်တွေမှာ ပိုးမွှားတွေ မကြိုက်နှစ်သက်တဲ့အနံ့မျိုးဖြစ်ပေါ်စေပါတယ်။ 

    (၄) သဘာဝပိုးသတ်ဆေး/ရောဂါသတ်ဆေးကို ​ဖော်စပ်ပြီး (၃) ရက်တစ်ကြိမ် အသုံးပြုပါ။  

    သဘာဝက ထုတ်တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့် ဓါတုဆေးလိုကဲ့သို့ ကြာရှည်အဆိပ်မဖြစ်နိုင်တာမို့ (၃)ရက်ခြားဖျန်းပေးဖို့လိုအပ်ပါတယ်။ 

    (၅) နေ့စဥ်ကွင်းဆင်းစစ်ဆေးပါ။ 

    နေ့စဥ် စိုက်ခင်းကို စစ်ဆေးခြင်းဟာ အန္တာရယ်ကို အချိန်မီသိရှိနိုင်ပြီး အချိန်မီကာကွယ်ထိန်းချုပ်နိုင်ပါမယ်။ ဥပမာ-ကျရောက်တဲ့နေရာကို ဖြစ်လျင်ဖြစ်ချင်းထိန်းချုပ်တဲ့အတွက်ကြောင့် စိုက်ခင်းအားလုံးပျံနှံ့သွားမှ ထိန်းချုပ်တာထပ်စာရင် ထိရောက်ပြီး ဆေးဖိုးကုန်ကျစရိတ်သက်သာစေပါတယ်။ 

    (၆) ဆေးသုံးမည်ဆိုပါက သိနားလည်သည့် စိုက်ပျိုးရေးပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။  

    ဒါကတော့တောင်သူဟာ စိုက်ခင်းထဲ ပြသနာတခုခု ကြုံတဲ့အခါ သေချာစွာ ခွဲခြမ်းစိတ်ဖြာတတ်ဖို့အရေးကြီးပါတယ်။ သီးနှံပင်မူမမှန်ခြင်းဟာ ရောဂါကြောင့်လား။ ပိုးကြောင့်လား။ ရေကြောင့်လား။ မြေကြောင့်လား။ရာသီဥတုကြောင့်လားဆိုတဲ့ လား ပေါင်းများစွာနဲ့ စိစစ်သင့်ပါတယ်။ ဥပမာ- အခင်းထဲမှာ ရောင်မညီကွက်ကြားတွေ မြင်ရပါပြီဆိုပါစို့ ဒါကို ကာကွယ်ရဖို့ ၂ ဆင့်လိုပါတယ်။ ဒီဗိုင်းရပ်စ်ရောဂါ ဟာ သယ်ဆောင်သူ စုပ်စားပိုးကောင်ကြောင့်ရောဂါ ပျုံနှံ့ရတာ ဖြစ်လို့ တောင်သူအရင် ထိန်းချုပ်ရမှာ သယ်ဆောင်သူပိုးမွှားကို ထိန်းချုပ်ပြီးမှ ရောဂါ ထိန်းချုပ်ဆေးသုံးရမှာပါ။ဒါဟာ မြင်သာတဲ့ဥပမာပါ.. တောင်သူဟာ အနာနဲ့ဆေး မတိုးလို့ ငွေကြေးပိုကုန်ကျရတာများပါတယ်။ ဒါကြောင့် နားလည် တတ်သိတဲ့ ပညာရှင်ကို သေချာ မေးမြန်းဖို့ တိုက်တွန်းပါတယ်။ 

    မေ့ရင်သွေး 

    -----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
  • article
  • article
  • article
  • article
  • article
likes
15
comments
1
views
1711
cover
cover
cover
cover
cover