“တိုင်ဖွန်းမုန်တိုင်း KOTO အား - ၂၀၂၅ ခုနှစ် မုန်တိုင်းရာသီ၏ နောက်ဆုံးမုန်တိုင်းအဖြစ်မှတ်တမ်းတင်ရတော့မည်”
· ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော Cyclone DITWAH သည် မြောက်-အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံအရှေ့ကမ်းခြေအတိုင်း ဆက်လက်ရွေ့လျားရင်း ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ တမီလ်နာဒီူးပြည်နယ်နှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ နယ်စပ်အနီးပင်လယ်ပြင်တွင် မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပါတယ်။
· ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ မလက္ကာရေလက်ကြားတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း SENYAR သည် မလေးရှားနိုင်ငံကိုဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်အတွင်း ဆက်လက်ရွေ့လျားဝင်ရောက်ကာ အရှေ့-အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားရင်း Tropical Depression 34(TD-THIRTYFOUR) အဖြစ် အမည်သစ်တခုရရှိပြီးနောက် နိုဝင်ဘာ ၃၀ ရက် ညပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားနိုင် ပါတယ်။
(အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ကပ္ပလီပင်လယ်မှ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်သွားသည့်အတွက် မုန်တိုင်းအမည်သစ် TD-THIRTYFOUR အဖြစ်သတ်မှတ်ခြင်းဖြစ်ပါတယ်။)
· တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးမှ တိုင်ဖွန်းမုန်တိုင်း KOTO သည်၊ ဒီဇင်ဘာ ၃ ရက်နေ့မှာ ဗီယက်နမ်တောင်ပိုင်းကမ်းခြေအား Tuy Hoa မြို့အနီးမှဖြတ်ကျော်ဝင်ရောက်ပြီးနောက် ဒီဇင်ဘာ ၄ ရက် ညပိုင်းမှာ ဟိုချီမင်းစီးတီးအနီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားနိုင်ပါမယ်။
· ဒီဇင်ဘာ ၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာနိုင်မည့် လေပွေလှိုင်း(သို့မဟုတ်) လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းဖြစ်လာနိုင်ခြင်းမရှိလျှင် လတ်တလောဖြစ်ပေါ်လျှက်ရှိသည့် မိုးလွန်ကာလမုန်တိုင်းများအနက် တိုင်ဖွန်းမုန်တိုင်း KOTO သည် ၂၀၂၅ ခုနှစ် မုန်တိုင်းရာသီ၏ နောက်ဆုံးမုန်တိုင်း ၁ လုံးအဖြစ်မှတ်တမ်းတင်ရတော့မှာဖြစ်ပါတယ်။
· ဖြစ်ပေါ်နေသော မုန်တိုင်းများ၊ မုန်တိုင်းအကြွင်းအကျန်များသည် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု-မရှိနိုင်တော့ပါ။
Win Naing
Administration Team,
MMWEATHER,
---------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437




ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း