cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းဆံ၊မတ်ပဲ၊ ခရမ်းချဉ် ဈေးတက်လာပြီး ပဲစင်းငုံ၊ ပဲပုတ် ဈေးကျဆင်းနေ

. ဈေးကွက်သုံးသပ်ချက်
ပြီးခဲ့တဲ့အပတ် မြန်မာ့သီးနှံဈေးကွက်၏ သုံးသပ်ချက်များအရ ပဲစင်းငုံနှင့် ပဲပုတ် ဈေးကျဆင်းနေခဲ့ပြီး မတ်ပဲဈေးကွက်ကမူ ပြန်လည် မြင့်တက်လာခဲ့သည်။ ထို့အပြင် ခရမ်းချဉ်သီးနှင့် ပြောင်းဆံ ဈေးနှုန်းများလည်း တက်လာသည်ကို တွေ့ရသည်။
  • ပဲစင်းငုံ

    ပဲစင်းငုံနီကတော့ ယခုတစ်ပတ်မှာလည်း ဆက်ပြီး ဈေးကျလာခဲ့သည်။ ပဲစင်းငုံကို ပြည်ပဝယ်လိုအား နည်းသွားသည့်အပြင် လက်ကျန်ပမာဏလည်း မရှိသလောက် နည်းနေသည့်အတွက် ဈေးကွက်လည်း အေးနေခြင်းဖြစ်ကြောင်း သိရသည်။ FOB ဈေးနှုန်းက ယခုတစ်ပတ်မှာ ၅ ဒေါ်လာ ပြုတ်ကျသွားပြီး အမေရိကန်ဒေါ်လာ ၆၆၅ မှ ၆၇၅ အတွင်း ရှိသည်။ 

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ကျပ် ၂,၅၉၅,၀၀၀၊ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့မှာ ကျပ် ၂,၅၅၅,၀၀၀၊ ကြာသပတေးနေ့မှာ ကျပ် ၂,၅၅၇,၀၀၀၊ သောကြာနေ့မှာ ကျပ် ၂,၅၄၅,၀၀၀ ဈေးရှိခဲ့သည်။ အရင်တစ်ပတ် တနင်္လာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ကျပ် ၂,၅၈၅,၀၀၀ မှ ၂,၆၁၅,၀၀၀ ကျပ် ရှိခဲ့သည်။

    ပြောင်း

    ပြည်တွင်း ပြောင်းဈေးကွက်မှာ ပြောင်းဆံအဝယ် ပြန်လိုက်လာပြီး ဈေးနှုန်း ပြန်တက်လာသည်ဟု သိရသည်။ ပြောင်းဆံကို ကုန်သည်တွေ၊ ပြည်တွင်း မွေးမြူရေးအစာစပ် စက်ရုံတွေနှင့် သိုလှောင်မည့်သူတွေ အဝယ်ရှိနေခြင်း ဖြစ်သည်။ လက်ရှိ ရန်ကုန်ဘုရင့်နောင်မှာ ပြောင်း တစ်ပိဿာကို ကျပ် ၁,၄၂၀ မှ ၁,၄၄၀ ကျပ်အတွင်းရှိပြီး အရင်တစ်ပတ်နဲ့ယှဉ်လျှင် တစ်ပိဿာကို ကျပ် ၂၀ အတက်ပြလာခြင်း ဖြစ်သည်။ 

    မန္တလေးကုန်စည်ဒိုင်မှာလည်း ပြောင်း (ရှမ်း) ၅၄ ပိဿာ တစ်အိတ်ကို ကျပ် ၇၄,၀၀၀ မှ ၇၅,၀၀၀ ကျပ် ရှိလာပြီး အရင်တစ်ပတ်ကထက် ကျပ် ၃,၀၀၀ မှ ၆,၀၀၀ ကျပ်အတွင်း တက်လာသည်။ ပြောင်း (CP) ကလည်း ၅၄ ပိဿာ တစ်အိတ်ကို ကျပ် ၇၄,၅၀၀ မှ ၇၅,၀၀၀ ကျပ် ရှိလာကာ အရင်တစ်ပတ်နဲ့ယှဉ်လျှင် တစ်အိတ်ကို ကျပ် ၃,၀၀၀ မှ ၄,၅၀၀ ကျပ်အတွင်း တက်လာသည်။

    ပဲပုတ်

    ပဲပုတ်ကတော့ ယခုနိုဝင်ဘာ နောက်ဆုံးပတ်မှာ ပဲပုတ် (ရှမ်း) နဲ့ ပဲပုတ် (ဗမာ) နှစ်ခုလုံးက အကျဈေးတန်းမှာ ရှိနေသည်။ လက်ရှိ ပဲဈေးကွက်ထဲကို မိုးပဲအသစ် ဝင်ရောက်မှုရှိထားပြီး လုပ်ငန်းသုံးသမားနဲ့ ဆီစက်တွေက အဝယ်အေးတာကြောင့် ဈေးတန်းအေးနေခြင်း ဖြစ်သည်ဟု သိရသည်။ 

    မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုတ် (ဗမာ) က ကျပ် ၃၂၀,၀၀၀ ရှိပြီး ပဲပုတ် (ရှမ်း) က ကျပ် ၂၈၅,၀၀၀ မှ ၃၀၀,၀၀၀ ကျပ် ရှိနေသည်။ နိုဝင်ဘာ ဒုတိယပတ်လောက်တုန်းက ပဲပုတ် (ဗမာ) က ကျပ် ၃၅၅,၀၀၀ ရှိပြီး ပဲပုတ် (ရှမ်း) က ကျပ် ၂၈၅,၀၀၀ မှ ၃၁၅,၀၀၀ ကျပ် ရှိခဲ့သည်။

    ခရမ်းချဉ်သီး

    ကုန်စိမ်းဈေးကွက်မှာ ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက် မြင့်တက်လာနေသည်။ ယခုကာလက ရှမ်းတောင်မှာ ခရမ်းချဉ် အထွက်နှုန်း နည်းသွားပြီး ဒေသအစုံကနေလည်း ခရမ်းချဉ်သီး ထွက်ရှိမှု မရှိသေးတာကြောင့် ဈေးနှုန်း မြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၈ ရက်နေ့ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဈေးကွက်မှာ ခရမ်းချဉ်သီး ဂွတ်သီးတစ်ပိဿာကို ကျပ် ၃,၂၀၀၊ ခရမ်းချဉ်သီး ရှယ်သီးက တစ်ပိဿာကို ကျပ် ၃,၀၀၀ နှင့် ခရမ်းချဉ်သီး အသေး တစ်ပိဿာ ကျပ် ၂,၈၀၀ ဈေးရှိသည်။ နိုဝင်ဘာ ၁၇ ရက်နေ့တုန်းကဆိုလျှင် ခရမ်းချဉ်သီး ဂွတ်သီးတစ်ပိဿာကို ကျပ် ၂,၀၀၀၊ ခရမ်းချဉ်သီး ရှယ်သီးက တစ်ပိဿာကို ကျပ် ၁,၈၀၀ နှင့် ခရမ်းချဉ်သီး အသေး တစ်ပိဿာ ကျပ် ၁,၅၀၀ သာ ရှိခဲ့သည်။

    AMIA

    တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၂၄.၁၁.၂၀၂၅ မှ ၂၈.၁၁.၂၀၂၅)

    -------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
11
comments
1
views
1853
cover
cover
cover
cover
cover