ဝက်မဒန်းကို သားတင်ခြင်းနှင့် ဇီးဝက်မကို ပြုစုမွေးမြူခြင်း
ဝက်မဒန်းကို သားတင်ခြင်း
· သားတင်မည့် ဝက်မဒန်းသည် ဝက်မဲအုပ်စုဖြစ်စေ၊ ဝက်ဖြူအုပ်စုဖြစ်စေ အလျားရှည်ပြီး ခြေဆံလက်ဆံ အတော်အသင့် ရှည်၊ အတော်အသင့် တုတ်ခိုင်ရမည်။
· နို့တံ ၁၂-၁၄ လုံးရှိရမည်။
· သားတင်မည့်ဝက်မဒန်းသည် အသက်၅လဝန်းကျင်တွင် အလွန်ဝသည်ဟု ထင်ပါက ထိုအချိန်မှ စတင် ပြီး အစာကို ထိန်းကျွေးရမည်။
· သားတင်မည့်ဝက်မဒန်း၏ အသက်သည် အနည်းဆုံး(၇)လရှိရမည်။
· သားတင်မည့်ဝက်မဒန်း၏ အသားထွက်အလေးချိန်သည် အနည်းဆုံး (၃၀) ပိဿာရှိရမည်။
· သားတင်မည့်ဝက်မဒန်းသည် သားတောင်းအကြိမ် အနည်းဆုံး(၃) ကြိမ်မြောက်ဖြစ်ရမည်။
· သားတောင်းတောင်းချင်းမတင်ဘဲ တန်ဆာစတင်ညိုးချိန် (သို့) ဝက်မခါးကိုဖိပါက စတင်ငြိမ်ခံသောအချိန်တွင် တကြိမ်သားတင်ပေးရမည်။ နောက်ထပ်(၁၂)နာရီကြာပါက နောက်ထပ်(၁)ကြိမ် တင်ပေးရမည်။
· ဝက်သိုးဖြင့် သားတင်နိုင်သကဲ့သို့ မေထုန်မဲ့နည်းဖြင့်လည်း သားတင်ပေးနိုင်သည်။ မေထုန်မဲ့နည်းဖြင့် သား တင်ပေးနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။
· သားတင်ပြီးသည့် ၁ရက်အတွင်း ဝက်မကို တကောင်ထဲသီးသန့်ထားပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်ပေးအိပ်ပါ။
· သားတင်ပြီးသည့်နေ့မှစတင်ပြီး ၁၈-၂၁ရက်အတွင်း ကျွေးလက်စရှိသည့် အစာပမာဏအတိုင်း မကျွေးဘဲ ကျွေးနေကျအစာ၏ ၇၅% ကိုသာ ကျွေးပါ။ သားပြန်မတောင်းတော့မှသာ ကျွေးလက်စရှိသည့် ပမာဏအတိုင်း ပြန်ကျွေးပါ။
ဝက်မဒန်းသားတင်ရာတွင် အထူးသတိပြုရှောင်ကြည်သင့်သည့် အချက်များ
· ဝက်မဒန်း အသက် ၇လအောက်၊ အသားထွက် ၃၀ ပိသာ မရှိသေးပါက သားမတင်ပေးသင့်ပါ။
ဇီးဝက်မကို ပြုစုမွေးမြူခြင်း
· ဝက်မသားတင်ပြီးနောက် နောက်ထပ် ၁၈-၂၁ ရက် ကြာတွင် သားပြန်မတောင်းပါက သားအောင်သွားပြီဟု အကြမ်းအားဖြင့် ယူဆနိုင်သည်။
· ဝက်မ ဇီးလွယ်ကာလသည် ရက်အားဖြင့် ၁၁၃-၁၁၆ ရက် ဖြစ်သည်။ အလွယ်တကူ မှတ်ရန်မှာ ၃၃၃ (၃လ၊ ၃ပတ်၊ ၃ရက်) သို့မဟုတ် ၄၄ (၄လ၊ ၄ရက်လျော့ ဖြစ်သည်။) သားတင်သည့်ရက်ကို မဖြစ်မနေမှတ်သား ထားပြီး ဇီးလွယ်ကာလကိုတွက်ပါက မည်သည့်ရက်တွင် ဝက်မပေါက်မည်ကို သိရှိနိုင်ပြီး ကြိုတင်လုပ်ဆောင်ရမည့်အရာများကို လုပ်ဆောင် နိုင်မည်ဖြစ်သည်။
· ဇီးဝက်မကိုလည်း အစာ(၃) အုပ်စုကို လိုအပ်သည့်ပမာဏအတိုင်း နေ့စဥ်ကျွေးရမည်။
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
-----------
🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59698
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483





ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း