cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးရောဂါ ကာကွယ်ကုသနည်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမွေးကန်အများစုသည် ရာသီအပြောင်းအလဲကာလများတွင် ရောဂါကျရောက်ခြင်းများ ကြုံတွေ့ကြရပါသည်။ အများစုသိတဲ့အတိုင်း အနီးစက်ကျရောဂါသည် ရာသီအပြောင်းအလဲတွင် ဖြစ်ကြပါသည်။
  •            အချို့သော ငါးကန်များတွင် တနေ့လျှင် ငါးအကောင်ရေ ၂၀ မှ ၅၀ ထိ သေဆုံးကြသည်ကို တွေ့ရှိရပါသည်။ ငါးကန်တွင် အနီစက်ရောဂါကျရောက်ပါက ငါးမွေးတောင်သူများသည် ပိုးသတ်ဆေးသုံးခြင်းကို ဆောင်ရွက်ကြ သည်ကို တွေ့ရှိရပါသည်။ ပိုးသတ်ဆေးသုံးသော အနီစက်ရောဂါကျ ငါးကန်များသည် ထိရောက်မှုအားနည်း ကြောင်းကို တွေ့ရှိရသည့်အပြင် ငွေကုန်မှုများ ရှိလာပါသည်။

               ဗီယက်နမ်နိုင်ငံ ငါးမွေးမြူခြင်းလုပ်ငန်းကို Village Link Co., Ltd ထွက်တိုးအဖွဲ့မှ ၂၀၂၄ခုနှစ်တွင်သွားရောက် လေ့လာခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံရှိ ငါးမွေးမြူရေး ကန်တိုင်းတွင် ထုံးအိတ် များနှင့် ဆားအိတ်များကို များစွာတွေ့ရှိရပါသည်။ မေးမြန်းချက်အရ ငါးရောဂါကို ထိန်ချုပ်ရန် ကြိုတင်စုဆောင်းထားခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ ထို့အပြင် ငါးရောဂါကျရောက်ပါကလည်း ဓာတုဆေးဝါးများကို သုံးစွဲခြင်း မရှိကြောင်းသိရှိရပါသည်။

               အနီစက်ရောဂါကျရောက်ခြင်းသည် ကန်ရေ အရည်အသွေးညံ့ဖျင်းခြင်း နှင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါသည်။ အနီစက်များသည် အမြှီးဖျား၊ ဆူးတောင်၊ ဦးခေါင်း၊ ပါးဟက်များတွင် ထင်ရှားစွာ တွေ့ရှိရပါသည်။ ရောဂါသည် ကူးစက်မှုမြန်ဆန်ပါသည်။ ငါးများ ကိုယ်ခံအားက သေဆုံးနိုင်ပါသည်။ ငါးရောဂါသည် ပျောက်ကင်းအောင်ကုသခြင်းထက် ထိန်းချုပ်ခြင်း၊ ရောဂါဆက်လက်မပြန့်ပွားစေရန် ဆောင်ရွက်ခြင်းကို ဦးစားပေးဆောင်ရွက်ကြရပါသည်။

               ထို့ကြောင့် အနီစက်ရောဂါကျရောက်ပါက တစ်ဧက ထုံး(၃၀)ပိဿာ (သို့မဟုတ်) ထုံး(၁၅)ပိဿာ နှင့်ဆား(၁၅)ပိဿာ ရောပြီး နေပူသောအချိန်တွင် ကန်အနှံ့ပက်ပေးပါက ရောဂါဆက်လက်ဖြစ်ပွားခြင်းကို ထိန်း ချုပ်နိုင်ပါသည်။ ရောဂါဆက်လက်မဖြစ်ပွားပါကလည်း ရက် (၂၀)ကျော် တလ ပြည့်ချိန်တွင် ထုံး(၁၅)ပိဿာ (သို့မဟုတ်) ထုံး (၇.၅)ပိဿာ နှင့် ဆား(၇.၅)ပိဿာကို ဆက်လက်ပြီးကန်အတွင်းပက်ပေးခြင်းဖြင့် ရောဂါကွင်း ဆက်ကို ဆက်လက်ဖြတ်တောက်နိုင်ပါသည်။

               အနီစက်ရောဂါကျရောက်နေသော အနီးရှိ အခြားငါးမွေးကန်တွင် အနီစက်ရောဂါမကျရောက်သေးပါ အဆိုပါ ရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တစ်ဧကလျှင် ထုံး (၁၅)ပိဿာ နှင့် ဆား(၁၅)ပိဿာ ကြိုတင် ပက်ပေးထားပါက ရောဂါကူးစက်မှု မရှိနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    --------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
1512
cover
cover
cover
cover
cover