cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျန်းမာရေးအတွက်ကောင်းတဲ့ စတော်ဘယ်ရီ

. ကျန်းမာရေးဆောင်းပါးများ
အရောင်အသွေးစိုစိုပြေပြေနဲ့ အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ အနီရောင် စတော်ဘယ်ရီသီးလေးတွေဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနေပါတယ်။ ဒါကြောင့်စတော်ဘယ်ရီသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး (10) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
  • ၁။     ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း 

    ဗီတာမင်စီပါ၀င်တဲ့ အစားအစာကို စားပေးခြင်းဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါ တယ်။ စတော်ဘယ်ရီသီးဟာ ဗီတာမင်စီကြွယ်၀နေတဲ့ အသီးအနှံဖြစ်တာကြောင့် စတော်ဘယ်ရီလှိုင်လှိုင်ပေါချိန်မှာ မိမိရဲ့ တစ်နေ့တာ အစားအသောက်တွေထဲ မဖြစ်မနေ ပါ၀င်အောင်စားပေးသင့်ပါတယ်။ 

     ၂။     အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ခြင်း 

    စတော်ဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီများစွာပါ၀င်တာကြောင့် အသက်ကြီးလာသူတွေမှာ ဖြစ်တတ်တဲ့ အမြင်အာရုံဆုံးရှုံးခြင်းကိုဖြစ်စေတဲ့ မျက်စိအတွင်းတိမ် မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိမှန်ဘီလူးမှာရှိတဲ့ ပရိုတင်း တွေကို ပျက်စီးခြင်းမှတားဆီးပေးနိုင်ပါတယ်။ 

     ၃။    ကင်ဆာရောဂါကို ချေဖျက်ပေးနိုင်ခြင်း 

    ကင်ဆာဆဲလ်တွေကြီးထွားမှုကို နှိမ်နင်းပေးနိုင်တဲ့ Ellagic acid ဟာ စတော်ဘယ်ရီသီးမှာ ပါ၀င်တာကြောင့် ကင်ဆာရောဂါသည်တွေ စားသုံးရမယ့် အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ 

     ၄။     အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း 

    ခန္ဓာကိုယ်မှ ကော်လဂျင်ဓာတ် ဆုံးရှုံးပါက အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကော်လဂျင်များစွာထုတ်ပေးနိုင်တဲ့ ဗီတာမင်စီကြွယ်၀စွာပါ၀င်တဲ့ စတော်ဘယ်ရီသီးကို စားပေး ခြင်းဖြင့် အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်။ 

     ၅။     မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးခြင်း 

    စတော်ဘယ်ရီသီးမှာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက် စထရောတွေကိုလျှော့ချပေးပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

     ၆။     ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း 

    စတော်ဘယ်ရီသီးမှာပါရှိတဲ့ အင်တီအောက်ဆီးဒင်နဲ့ phytochemicals (အပင်မှရတဲ့ ကောင်းသောဓာတုပစ္စည်း)တွေဟာ အရိုးအဆစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်စေတဲ့ အဆစ်ရောင်နာဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။  

    ၇။     သွေးလည်ပတ်မှုကောင်းစေခြင်း 

    စတော်ဘယ်ရီသီးမှာပါ၀င်တဲ့ ပိုတက်ဆီယမ်ဟာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် သွေးဖိအားမြင့်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။   

     ၈။   ဆီးချိုသွေးချိုဖြစ်ခြင်းမှကာကွယ်ပေးခြင်း 

    အမျှင်ဓာတ်ချို့တဲ့မှုကြောင့် ဖြစ်စေတဲ့ ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးချို သွေးချိုအမျိုးအစား (2) ဖြစ်ခြင်းမှ အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်ပါတယ်။   

    ၉။    ကိုယ်အလေးချိန်ကျစေနိုင်ခြင်း 

    ကိုယ်အလေးချိန်ထိန်းထားနိုင်ခြင်းဟာ ဆီးချိုသွေးချိုအမျိုးအစား (2) ရောဂါန့ဲ နှလုံးရောဂါ မဖြစ်အောင်ကာကွယ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စတော်ဘယ်ရီသီးမှာ အဆီပါ၀င်မှုမရှိတဲ့ အပြင် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေ စားသင့်တဲ့အသီးအနှံဖြစ်ပါတယ်။   

    ၁၀။    သန္ဓေသားကျန်းမာရေးအတွက် ကောင်းစေခြင်း 

    ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် ကိုယ်၀န်ဆောင်ဖို့ အစီအစဉ်ရှိသူတွေဟာ သန္ဓေ သားရဲ့ဦးနှောက်၊ ဦးခေါင်းခွံ၊ နာဗ်ကျောရိုးပုံမှန်အတိုင်း ဖွံ့ဖြိုးအောင်၊ မွေးရာပါချို့ယွင်းချက် မရှိအောင် ဖောလစ်အက်ဆစ်ဓာတ်ကြွယ်၀တဲ့ စတော်ဘယ်ရီသီးကို စားပေးဖို့လိုအပ်ပါတယ်။ 

    Mg Hlaing Thwin 

    www.drmyanmar.com ကူးယူဖော်ပြသည်။ 

    ----------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
6
comments
0
views
10684
cover
cover
cover
cover
cover