cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 58 ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 115 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ 24 ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အဆင့်မဟုတ်၍ စိုးရိမ်စရာမရှိပါ။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှ လေပွေလှိုင်း INVEST-93W သည် လေဖိအားနည်းရပ်ဝန်း Tropical Depression 35W အဖြစ် ပိုမိုအားကောင်းလာပြီး၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ကာ၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိလာနိုင်ပါမယ်။ 

    ·          အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်းနှင့် ဘရူနိုင်းနိုင်ငံကြား-တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်းသို့ လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြင့် ရောက်ရှိလာနိုင်ပါတယ်။ 

    ·          လေဖိအားနည်းရပ်ဝန်း 35W ၏အရှိန်သက်ရောက်မှုကြောင့် ဒီဇင်ဘာ ၁၀ ရက် မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်သော်လည်း မိုးရေချိန်ရရှိနိုင်မည့်အခြေအနေအလွန်နည်းနိုင်ပါမယ်။ (၂၄ နာရီအတွင်း မိုးရေချိန် ၀.၂ လက်မခန့်သာ ရွာနိုင်သည်) ။ 

    ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          ရှမ်းပြည်နယ်တွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၁°C အထိရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၁°C အထိရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၄°C ခန့် ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်မှ GUST ၁၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၅၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% ရှိနေနိုင်ပါမယ်။ 

    ·          နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန်အမြင့်ဆုံး (Feels Like Temperature) က ၂၇°C ခန့်ရှိနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်ရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၃၅% ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၃၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၅၃% ခန့် ရှိနိုင်ပါတယ်။ မိုးမရွာနိုင်တော့တဲ့အတွက် မြေဆီလွှာစိုထိုင်းဆများ-အနည်းငယ်ထပ်မံလျော့ကျနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 58 ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 115 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ 24 ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အဆင့်မဟုတ်၍ စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ရှမ်းပြည်နယ်အတွင်း ဂေါ်ဖီ/မုန်ညင်းမုန်လာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း ဂေါ်ဖီ/မုန်ညင်းမုန်လာစိုက်ပျိုးရာတွင် ဂေါ်ဖီအမဲပုပ်ရောဂါကျရောက်ပါက အရွက်၏ အနားရှိ ရေဝင်ပေါက်များမှတစ်ဆင့် အရွက်များပေါ်တွင် ကျရောက်ဖျက်ဆီးပါသည်။ ဘတ်တီးရီးယားဟာ ရွက်ကြောများမှတစ်ဆင့် ပင်စည်သို့ရွေ့လျားပြီး အခြားအရွက်များကို ကူးစက်ပျံ့နှံ့ပါတယ်။ ဘတ်တီးရီးယားဖျက်ဆီးထားသော အရွက်ဟာ ဝါလာပြီးနောက် အညိုရောင်ပြောင်းကာ လုံးဝခြောက်သွေ့သွားပါတယ်။ အရွက်တွင် ဗွီပုံသဏ္ဍန် ရေစိုနာကွက်ကို တွေ့ရပါတယ်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • မျိုးစေ့ဆောင်ရောဂါဖြစ်သည့်အတွက် မစိုက်ပျိုးမီ မျိုးစေ့ကိုရေနွေးစိမ်ပေးပါ။ 
    • ရေအလွန်အကျွံသွင်းခြင်းမှ ရှောင်ကြဥ်ပါ။ 
    • မျိုးရင်းမတူသောသီးနှံဖြင့် သီးလှည့်စိုက်ပါ။ 
    • စိုက်ခင်းထဲမှ ရောဂါကျအပင်များကို ဖယ်ရှားဖျက်ဆီးပေးပါ။ 
    • ဘက်တီးရီးယားကိုသယ်ဆောင်နိုင်သော ပိုးမွှားများကို ကြိုတင်ကာကွယ်ပါ။ 
    • ဓာတုဆေးအသုံးပြုလိုပါက ကာဆူကာမိုင်စင်၊ ကော့ပါးပါဝင်သော မှိုသတ်ဆေးများ ကြိုတင်ပက်ဖျန်းပေးပါ။  

    ဆောင်းရာသီ ငါးမွေးကန်တွင် ပျော်ဝင်အောက်စီဂျင်စစ်ဆေးရန် 

    ငါးမွေးကန်များတွင် ဆောင်းရာသီ မနက်ခင်းတွင် ကန်အတွင်းရှိ ရေမျက်နှာပေါ်တွင် ငါးများတက်ရောက်ပြီး အသက်ရှုနေကြသည်ကို ကြုံတတ်ပါသည်။ နေရောင်ခြည်ကျရောက်မှ ပြန်လည်ငုတ်ဆင်းသွားတတ်ကြပါသည်။ အဆိုပါလက္ခဏာတွေ့ရှိပါက မိမိတို့ငါးကန်အတွင်း ပျော်ဝင်အောက်စီဂျင် ကျဆင်းလာသည်ကို သတိပြုစေလိုပါသည်။ အဆိုပါ ငါးကန်များတွင် တဧကငါးထည့်နှုန်းထက် ပိုမိုထည့်သွင်းခြင်း နှင့် ရေဩဇာအလွန်အမင်းများ နေခြင်း(ကန်ရေအရောင်သည် အစိမ်းရင့်ရောင်၊ စိမ်းညိုရောင်ဖြစ်နေခြင်း) တို့ကြောင့် ဖြစ်ပါသည်။ ဒုတိယအရေးကြီးသောအဆင့်မှာ ကန်အောက်ခြေညစ်ညမ်းမှုှု့များနေခြင်း နှင့် ကန်အောက်ခြေတွင် အမိုးနီးယား ဖြစ်နေခြင်းတို့ကြောင့် ဖြစ်ပါသည်။ 

    ထို့ကြောင့် မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။   

    ------------     

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
2027
cover
cover
cover
cover
cover