cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်လည်လိမ်ရောဂါအကြောင်း သိကောင်းစရာ

. ကြက်မွေးမြူနည်း
• လည်လိမ်ရောဂါဖြစ်ပီဆိုပါက အသိစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ကုသ၍ လုံးဝမရပါ။ မုချသေ မည်ဖြစ်ပါသည်။ လည်လိမ်ရောဂါကို လည်လိမ်ကာကွယ်ဆေးသုံးပြီး ကြိုတင် ကာကွယ်နိုင်ပါသည်။
  • ·      အလွန်ပြင်းသော ဗိုင်းရပ်(စ) တမျိုးကြောင့် ရောဂါဖြစ်ပွားရခြင်းဖြစ်သည်။

    ·      ကြက်တွင်သာ အများဆုံးဖြစ်တတ်ပြီး ငှက်များ၊ဘဲများတွင် ဖြစ်လေ့မရှိပါ။

           ရောဂါလက္ခဏာများ

           (၁) အလွန်ပြင်းထန်မြန်ဆန်သည့်ပုံစံ

    ·      မည်သည့်ရောဂါလက္ခဏာမှ မပြဘဲရုတ်တရက် သေဆုံးတတ်သည်။ ညနေအိပ်တန်းတက်ချိန်တွင် အကောင်းအတိုင်းရှိသော်လည်း မိုးလင်းပါက အိပ်တန်းမှ ပြုတ်ကျသေဆုံးခြင်းကို ကြုံဖူးမည်ဖြစ် သည်။ ကျေးရွာများတွင် တန်းကျနာဟုခေါ်ဆိုကြပါသည်။ ထို့ကြောင့်မှတ်သားရန်မှာ တန်းကျနာဟု ခေါ်ဆိုသည့်ရောဂါမှာ လည်လိမ်ရောဂါ၏ ပြင်းထန်မြန်ဆန်သောပုံစံဖြစ်ပါသည်။

           (၂) အသင့်အတင့်ပြင်းထန်မြန်ဆန်သည့်ပုံစံ

    ·      ကြက်များ မှိုင်ကုပ်ခြင်း

    ·      အစာမစားခြင်း

    ·      အချို့အမောက်ပြာလာခြင်း

    ·      ခေါင်းငိုက်စိုက်ကျနေပြီး ပါးစပ်မှ အရည်များထွက်ကျခြင်း

    ·      အသက်ရှူခက်သဖြင့် လည်ပင်းကွေးလိုက်ဆန့်လိုက်အသက်ရှူခြင်း

    ·      ချွဲကျပ်သဖြင့် ချွဲကိုခပ်ထုတ်သည့် အသံကြားရခြင်း

    ·      ညဘက်အချိန်တွင် ချွဲသံများကိုထင်ရှားစွာကြားရခြင်း

    ·      အစိမ်းရောင်ရှိသည့် ဝမ်းများသွားခြင်း

    ·      ထိုသို့လက္ခဏာများကိုတွေ့ရပြီး နောက် ၃-၄ ရက်တွင်ကြက်များ သေဆုံးခြင်းများကို တွေ့ရသည်။

    ·      များသောအားဖြင့် ရောဂါဖြစ်သော ကြက်အများစုသည် အထက်ပါလက္ခဏာများကိုသာ တွေ့ရပြီး သေဆုံးကုန်ပါသည်။

          (၃) ပျော့သောပုံစံ

    ·      ပျော့သောပုံစံသည်လည်း ဒုတိယပုံစံအတိုင်းတွေ့ရပြီး အချို့သောကြက်များ ပြန်လည်ကောင်းမွန်လာပါ သည်။

    ·      မသေဘဲကျန်ခဲ့သော ကြက်များအားလုံးတွင်မဟုတ်သော်လည်း အချို့သောကြက်များ လည်ပင်းလိမ်ခြင်း၊ ခေါင်းတုန်ခြင်း၊ ခေါင်းမထိန်းနိုင်ခြင်း၊ ပတ်ချာလည်နေခြင်း၊ စသည့်လက္ခဏာများကိုတွေ့ရပါသည်။ထိုသို့ လည်ပင်းလိမ်ခြင်းကို အစွဲပြုပီးလည်လိမ်ရောဂါဟုခေါ်ဆိုကြခြင်းဖြစ်သည်။

    ·      သို့သော် ကြက်အများစုသည် ပထမနှင့် ဒုတိယပုံစံဖြစ်ပီး အများစု(၉၅%ကျော်)သည် သေဆုံးကုန်ပြီး လည်ပင်းလိမ်သည့် အဆင့်ကို သိပ်မတွေ့ရသဖြင့် ကျေးရွာတွင်လည်လိမ်ရောဂါဟု ဆိုပါက လက်မခံဘဲ တန်းကျနာ၊ ကြက်နာကျ ဖြစ်သည်ဟုသာ ပြောဆိုကြခြင်း ဖြစ်သည်။အမှန်မှာ လည်လိမ်ရောဂါဖြစ်ပွား ခြင်းဖြစ်ပါသည်။

    ကုသခြင်း

    ·      လည်လိမ်ရောဂါဖြစ်ပီဆိုပါက အသိစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ကုသ၍ လုံးဝမရပါ။ မုချသေ မည်ဖြစ်ပါသည်။ ရောဂါမဖြစ်သေးသော ကြက်များကို စောစောရောင်းထုတ်ခြင်း၊ စားလိုက်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

    ကာကွယ်ခြင်း

    ·      လည်လိမ်ရောဂါကို လည်လိမ်ကာကွယ်ဆေးသုံးပြီး ကြိုတင် ကာကွယ်နိုင်ပါသည်။ လည်လိမ် ကာကွယ် ဆေးကို ကြိုတင်အသုံးပြုကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

    လူသို့ကူးစက်ခြင်း

    ·      လူသို့ကူးစက်ခြင်းမရှိပါ။

    လည်လိမ်ကာကွယ်ဆေးနှင့်အသုံးပြုပုံ

    ·      လည်လိမ်ကာကွယ်ဆေးတွင် ပိုးအသေကာကွယ်ဆေးနှင့် ပိုးအရှင်ကာကွယ်ဆေးဟူ၍ (၂)မျိုးရှိသည့် အနက် ပိုးအရှင်ကာကွယ်ဆေးကို အသုံးပြုသင့်ပါသည်။

    ·      ပိုးအရှင်ကာကွယ်ဆေးကိုကြက်ကလေး အသက် (၁) ရက်သားမှ မည်သည့် အသက်အရွယ်ကိုမဆိုအသုံပြု နိုင်ပါသည်။

    ·      ပုံတွင်ပါသည့် လည်လိမ်ကာကွယ်ဆေး အသားနှင့်ဖျော်ရည်ကို ဖျော်ပြီး ၁ နာရီအတွင်းကုန်အောင် အသုံး ပြုရမည်။

    ·      ပိုးအရှင်ကာကွယ်ဆေးကို ကြက်၏ မျက်စိထဲ၊ နှာခေါင်းပေါက်ထဲ၊ ပါးစပ်ထဲ အစက်ချပေးနိုင်သကဲ့သို့ရေထဲ ဖျော်တိုက်ခြင်းဖြင့်လည်း အသုံးပြုနိုင်ပါသည်။

    ·      ကာကွယ်ဆေးကို တကြိမ်သုံးပြီးနောက် နောက်ထပ် ၃ လကြာတိုင်း တကြိမ်စီပုံမှန်သုံးပေးရန်လိုအပ်ပါ သည်။ ထို့ကြောင့် တနှစ်လျင် ၄ ကြိမ်အသုံးပြုပေးပါက လည်လိမ်ရောဂါဖြစ်ပွားနိုင်ခြင်းမရှိတော့ပါ။

    ·      သတိပြုရန်မှာ လည်လိမ်ကာကွယ်ဆေးကိုသုံးမည်ဆိုပါက သယ်ယူချိန်၊သိမ်းဆည်းချိန်၊အသုံးပြုချိန်များ တွင် ရေခဲမပြတ်အောင်ထားပေးရမည်။ ရေခဲပြတ်ပါက ကာကွယ်ဆေး၏အာနိသင်ရှိမည်မဟုတ်ပါ။

       --------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59986

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
21
comments
3
views
1379
cover
cover
cover
cover
cover