cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခုရက်သတ္တပတ် ၁ ပတ်အတွင်း ညအပူချိန်များလျော့ကျလာနိုင် အအေးပိုလာနိုင်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှ နောက်ပိုင်းရက်များတွင် ဧရာဝတီတိုင်းတခုလုံးတွင် အအေးပိုလာနိုင်ပါတယ်။
  • ·          အရှေ့ဘက်မှ ဆောင်းမုတ်သုံ(အရှေ့မြောက်မုတ်သုံ)လေအားဆက်လက်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့မှ လေထုမငြိမ်မသက်ဖြစ်သည့်အခြေအနေလျော့ကျလာခြင်းနှင့် တရုတ်ပြည်မကြီးမှ လေဖိအားများရပ်ဝန်းသက်ရောက်မှုတို့ကြောင့် ဒီဇင်ဘာ ၁၇-၁၈ ရက်များမှစတင်၍ ည/နံနက်အစောပိုင်းအချိန်များတွင် အအေးပိုလာနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း(ရပ်စောက်၊ တောင်ကြီး၊ ဟဲဟိုး၊ အင်းလေး၊ ဖယ်ခုံ) နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်း(မိုင်းဖြတ်၊ ကျိုင်းတုံနှင့် တာချီလိတ်) မြို့နယ်/ခရိုင်များနှင့် ချင်းပြည်နယ် (ဖလမ်း၊ ဟားခါး)ဒေသများမှာ နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းနိုင်ပြီး အမြင်တာ(Visibility) ၁ ကီလိုမီတာမှ ၀.၅ ကီလိုမီတာအထိ ကျဆင်းနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ(Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ယခုရက်သတ္တပတ် ၁ ပတ်အတွင်း ညအပူချိန်များလျော့ကျလာနိုင် အအေးပိုလာနိုင်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှ နောက်ပိုင်းရက်များတွင် ဧရာဝတီတိုင်းတခုလုံးတွင် အအေးပိုလာနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်းမှ အောက်ပါမြို့နယ်များတွင် ဖြစ်ပေါ်နိုင်သည့် ဆောင်းဥတုအခြေအနေများ- 

    o    မြန်အောင်မြို့နယ်အတွင်း ယခုတပတ်အတွင်းမှာ တိမ်ကင်းစင်နေပါမယ် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ပါတယ်။ မြန်အောင်မြို့နယ်အတွင်း ရခိုင်ရိုးမတောင်ကြောနှင့်ကပ်လျှက်ရှိတဲ့ဒေသများမှာ အနိမ့်ဆုံးအပူချိန် ၁၄°C အထိ ကျဆင်းနိုင်ပါမယ်။ 

    o    ပုသိမ်မြို့နယ်အတွင်း တိမ်ကင်းစင်နေနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C မှ ၂၀°C  အထိရှိနိုင်ပါတယ် 

    o    ဖျာပုံနှင့်ဘိုကလေးမြို့နယ်များအတွင်း တိမ်ကင်းစင်နေနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၂°C မှ ၁၄°C အထိ ရှိနိုင်ပါတယ်။ 

    o    ဟင်္သာတ၊ ညောင်တုန်း၊ ငသိုင်းချောင်းမြို့နယ်များတွင်လည်း တိမ်ကင်းစင်နေနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၂°C မှ ၁၄°C ရှိနိုင်ပါတယ်။ 

    o    ဧရာဝတီတိုင်းမှ အထက်ပါမြို့နယ်များနှင့် နီးစပ်သောကျန်ရှိသည့်မြို့နယ်များသည် အထက်ဖေါ်ပြပါမြို့နယ်များနီးပါးတူညီသော တိမ်ဖြစ်ပေါ်မှုအခြေအနေနှင့် အပူချိန်များရှိနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၇၀% မှ ၈၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၃၈% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၆၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၇၉% ခန့် ရှိနိုင်ပါတယ်။ မိုးမရွာနိုင်တော့တဲ့အတွက် မြေဆီလွှာစိုထိုင်းဆများအနည်းငယ်ထပ်မံလျော့ကျနိုင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် 135 ခန့်အထိ မြင့်တက်နေနိုင်သောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများ(ရင်ကြပ်-ပန်းနာရှိသူများ) အထူးဂရုစိုက်ကြစေချင်ပါတယ်။ ပုံမှန်ကျန်းမာရေးကောင်းသူများအတွက် သက်ရောက်မှုမရှိပါ။ 

    ·          ယခု ၁ ပတ်အတွင်း မီတာ ၁၀၀ အမြင့်အထိ အရှေ့မြောက်ဘက်နှင့်မြောက်ဘက်အရပ်များမှ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်း အများဆုံး တနာရီ ၇ မိုင်မှ ၁၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့ 

    မှဲ့ပြောက်စွန်းရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက် 

    • မှဲ့ပြောက်စွန်းရောဂါသည် မျိုးစေ့ဆောင်ရောဂါဖြစ်ပြီး နေ့အပူချိန်မြင့်ခြင်း ( ၃၇ ဒီဂရီအထက်)၊ အာဟာရမျှတမှုမရှိခြင်းနှင့် ဖော့စ်ဖရပ်စ် (P) ချို့တဲ့သောမြေများတွင် မှဲ့ပြောက်စွန်းရောဂါအဓိက ကျရောက်တတ်ပါတယ်။ 
    • ရောဂါကျရောက်သည်ကို စတင်တွေ့ရပါက Hexaconazole ကိုပထမအကြိမ် အသုံးပြုပါ။ 
    • တစ်ပတ်ခြားပြီး ဒုတိယအကြိမ်အဖြစ် Tebuconazole+ Chlorothalonil ကိုအသုံးပြုနိုင်ပါတယ်။ 

     ရွှေဝါငါးကြင်းမွေးမြူသူများထံ အကြံပြုချက် 

    ရွှေဝါငါးကြင်းသည် ကြီးထွားနှုန်းမြန်သော ငါးမျိုးဖြစ်ပါသည်။ တနှစ်သားအရွယ်ရောက်လျှင် မျိုးပွားနိုင်သော အခြေအနေတွင်ရှိပါသည်။ ရွှေဝါငါးကြင်းကို ဆေးထိုး သားဖောက်ပြုလုပ်နိုင်သလို၊ သဘာဝအလျှောက်လည်း မျိုးပွားနိုင်သည်။ သဘာဝအလျှောက် ဥချ သားပေါက်နိုင်ရန် ပြုပြင်ဆောင်ရွက်ပေးရပါမည်။ နှစ်စဉ် အေးသောအချိန်လများတွင် ရွှေဝါငါးကြင်းသားပေါက်ခြင်းသည် အကောင်းဆုံဖြစ်ပါသည်။ 

    ထို့ကြောင့် ဒီဇင်ဘာလမှ ဇန်နဝါရီအတွင်း သဘာဝအလျှောက် သားပေါက်ခြင်းသည် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ 

    ------------- 

      ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download   

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
9
comments
0
views
2305
cover
cover
cover
cover
cover