မန္တလေးတိုင်း ဒီဇင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများအခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သတိပြုသင့်သည့်အချက်များ
· အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့်တောင်တရုတ်ပင်လယ်ပြင်များတွင်ထူးခြားသည့်အခြေအနေဖြစ်ပေါ်မှု မရှိပါ။
· ညအပူချိန်များ သိသိသာသာကျဆင်းလာသော်လည်း နေ့အပူချိန်များပြန်လည်မြင့်တက်လာပြီး မိုးရွာသွန်းမှုရပ်တန့်သွားတဲ့အတွက် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေက စိုက်ပျိုးရေးတောင်သူများအတွက် စိုက်ပျိုးပင်ရေငွေ့ပျံနှုန်း၊ မြေဆီလွှာရေငွေ့ပျံနှုန်းတွေမြင့်တက်လာပါတယ်။
· အခြားသောပြည်နယ်တိုင်းဒေသများဖြစ်တဲ့ - ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းများမှ စိုက်ပျိုးပင်ရေငွေ့ပျံနှုန်း၊ မြေဆီလွှာရေငွေ့ပျံနှုန်းမြင့်တက်မှုသည် အသင့်အတင့်မှ မြင့်မားသောအဆင့် (Moderate to High level) မှာ ရှိနေတာကြောင့်၊
တိမ်ဖြစ်ထွန်းမှုနည်းပါးချိန်များမှာ -
§ “မြေဆီလွှာအစိုဓါတ်ကိုထိန်းသိမ်းနိုင်ရန် ရေသွင်းခြင်း”၊
§ “ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင်နေကာစများမိုးပေးခြင်း”၊
§ စိုက်ပျိုးပင်များ၏ ပင်စည်/အရွက်ခြောက်သွေ့ညှိုးနွမ်းလာမှုကို သတိထားစောင့်ကြည့်ခြင်း” များကို စိုက်ပျိုးရေးပညာရှင်များနှင့်တိုင်ပင်ပြီး ဆောင်ရွက်ရန်လိုအပ်ပါမယ်။
· အလယ်ပိုင်းမိုးနည်းရေရှားဒေသများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့၏ မြေဆီလွှာအထက်ပိုင်း ၄၀ စင်တီမီတာအနက် (Top Soil depth) ၏ မြေဆီလွှာခမ်းခြောက်မှုသည် ယခုတပတ်အတွင်း ၇% မှ ၉% ခန့်သာရှိကြောင်း Windy Drought Monitoring တိုင်းတာချက်မှာ တွေ့ရပါတယ်။
· အလယ်ပိုင်းမိုးနည်းရေရှားဒေသများနှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ မြေဆီလွှာအတွင်းရေဓါတ်ပါဝင်မှုသည် နှစ်စဉ်ဖြစ်မြဲအောက် ၉.၁ မီလီမီတာလျော့နည်းပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတိုတွင် မြေဆီလွှာအတွင်းရေဓါတ်ပါဝင်မှုသည် နှစ်စဉ်ဖြစ်မြဲအထက် ၁၀.၄ မီလီမီတာ ပိုနေပါမည်။
၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ
· ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပြီး မိုးရွာရန်မရှိပါ။ နံနက်အစောပိုင်းနှင့် ညပိုင်းမှာ မြူဆိုင်းသောအခြေအနေ(hazy-weather-conditions) ဖြစ်ပေါ်နိုင်ပါတယ်။
မန္တလေးတိုင်းအတွင်း အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ
· မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နယ်စပ်အနီးမှ မိုးကုတ်၊ ထင်းရှုးခြံနှင့် ပြင်ဦးလွင်မြို့နယ်တွေမှာ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အနိမ့်ဆုံးညအပူချိန် ၁၀°C အထိကျဆင်းနိုင်ပါမယ်။
· ၄ ရက်အတွင်းဖြစ်နိုင်သည့် နေ့/ညအပူချိန်အပါအဝင် ၄ ရက် ကြိုတင်ခန့်မှန်းချက်များကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div
· မန္တလေးတိုင်းအတွင်းမှာ မြောက်ဘက်နှင့် အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ရုတ်တရက်ဆောင့်တိုက်သောလေပြင်း(GUST) တနာရီ ၁၅ မိုင်နှုန်းခန့်အထိရှိနိုင်ပါမယ်။
· နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၄၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% မှ ၁၀၀% အထိရှိနေနိုင်ပါမယ်။
· လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၂၉°C အထိရှိနိုင်ပါတယ်။
· မန္တလေးတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၂% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၃၁% ခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအလယ်ပိုင်း မိတ္ထီလာခရိုင်အတွင်းကဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၂၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၄% ခန့် ရှိနိုင်ပါတယ်။
· မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၅၅ အထိသာရှိနေနိုင်တာကြောင့် စိုးရိမ်ရန်မလိုပါ။
ယခုတပတ်အတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအညွှန်းကိန်းသည် 5 to 6 ပတ်ဝန်းကျင် (HIGH) တွင်ရှိနေသဖြင့် နေ့လည်နေ့ခင်းအချိန် အပြင်ထွက်သည့်အခါ အန္တရာယ်များသည့်အဆင့်မဟုတ်သော်လည်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်၍ ထွက်သင့်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
ငါးကန်များ ငါးသန်းကျရောက်ခြင်းမှ ကာကွယ်နည်း
- ငါးသန်း (သိုမဟုတ်)ရေသန်းများကျရောက်ပါက ဓါတု ဆေးဝါးများကိုမသုံးစွဲရန် အကြံပြုပါသည်။ သဘာဝနညးဖြင့် ဆောင်ရွက်ပါက အလျှင်အမြန်ပျောက်ကင်းနိုင်ပါ သဖြင့် အောက်ပါနည်းလမ်းများအားတင်ပြအပ်ပါသည်။
- ရေသန်းများရှိသောကန်ထဲသို့ ဝါးခြမ်းပြားများ နေရာအနှံ့ချထားပေးပါ။ ရေသန်းများသည် ဝါးခြမ်းပြား တွင် တွယ်ကပ်နေပါမည်။ နောက်တနေ့ အဆိုပါ ဝါးခြမ်းများကို ကန်ထဲမှ ဆယ်ယူပြီး နေပူပူတွင် လှန်း ထားပေးပါ
- ရေသန်းရှိသော ကန်ရေများကို မိမိကန်သို့ မဝင်ရောက်စေရန် တာဆီးပေးပါ။ ရေသန်းရှိသောကန်မှပစ္စည်းများကို ယူဆောင် သုံးစွဲပါက နေပူပူတွင် ခြောက်သွေ့အောင်နေလှန်းပြီမှ သုံးစွဲပါရန် အကြံပြုပါသည်။
- ရေသန်းတွေ့ရှိသည်မှချက်ချင်းဆောင်ရွက်ပါ။ချက်ချင်းမဆောင်ရွက်ပါက ဆိုးကျိုးကိုဖြစ်ပေါ်စေပါလိမ့် မည်။
-------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း