cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သခွတ်ပွင့်သုတ်စားဖူးကြလား... ဘယ်လိုတွေဆေးဖက်ဝင်သလဲ လေ့လာကြည့်ကြစို့...

. ကျန်းမာရေးဆောင်းပါးများ
မြန်မာဆေးကျမ်းများအဆိုအရ သခွတ်ပွင့်အနီ၊ အဖြူ နှစ်မျိုးစလုံး ချို၊ ဖန်၊ ခါး အရသာရှိ၏။  အေး၏။  အစာကိုပွစေတတ်၏။ သွေး၊ သလိပ်ကိုနိုင်၏ဟုဆိုသည်။
  • ဥတုဘောဇနကျမ်းအရ သခွတ်ပွင့်သည် ချို၊ ဖန်၊ ခါး အရသာရှိ၏။ အေး၏။ အစာကို မျှစေတတ်၏။ သွေး၊ သလိပ်တို့ကိုနိုင်၏။ ပန်းနာ၊ရင်ကျပ်ရောဂါ၊ အော့အန်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းဖောခြင်း၊ ဆီးအောင့်ခြင်း၊ သွေးအန်ခြင်း၊ သွေးကျခြင်း၊ ကြို့ထိုးခြင်း၊ လေနာရောဂါဖြစ်ခြင်းတို့ကို ပျောက်စေတတ်၏ ဟုဆိုထားသည်။ 

    သခွတ်ပွင့်ကိုပြုတ်၍ သုပ်စားနိုင်သကဲ့သို့ ချက်စားပါက အသံဝင်သူများ အသံထွက်လာသည်။ 

    •  မြွေကိုက်ခံရပါက သခွတ်ပင်၏ အခေါက်ကို ဝါးစားပေးခြင်းဖြင့်  မြွေဆိပ် ပြေစေနိုင်သည်။ 

    •  အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊   အသည်းရောင်အသားဝါ စသည့် အသည်းရောဂါအမျိုးမျိုးတို့အတွက် သခွတ်ပွင့်က လွန်စွာဆေးဖက်ဝင်သည်။ 

    သွေး၊ လေကျေစေကာ သွေးကိုသန့်စင်စေသဖြင့် အမျိုးသမီးများအတွက်  အလွန်ကောင်းသည့်ဓာတ်စာဖြစ်သည်။ 

    •  အခါးဓာတ်ကြောင့်  အသည်းကိုလွန်စွာ ကောင်းကျိုးပြုသည်။ 

    ဆီးချို၊ သွေးချိုရောဂါရှိသူများလည်း အထူးစားသင့်သည်။ 

    •  ခန္ဓာကိုယ်ထဲ  သွေး၊ လေလည်ပတ်မှုအားကောင်းသဖြင့်  လေငန်းရောဂါအတွက် ကောင်းကျိုးပြုသည်။ 

    သွေးတိုးရောဂါရှိသူများ  သခွတ်ပွင့်၏ဝတ်ဆံကိုဖယ်ပြီး အသင့်အတင့်စားနိုင် သည်။ 

    ကလေးများရေကျောက်ပေါက်လျှင် သခွတ်ပင်၏အရွက်ပြုတ်ရည်ကို  တိုက်ကျွေးနိုင်သည်။ 

    ခြေ၊ လက်ကိုက်ခဲလျှင် သခွတ်ပင်၏အရွက်၊အခေါက်တို့ကိုပြုတ်၍ ယင်းပြုတ်ရည်ဖြင့်ရေချိုးပါက ကိုက်ခဲမှုကို ပျောက်ကင်းနိုင်သည်။ 

    မျက်စိနာလျှင် သခွတ်ပင်၏အခေါက်ကို သွေးလိမ်းနိုင်သည်။ 

    •  အိမ်မွေးတိရစ္ဆာန်များ  အဆိပ်ရှိ အကောင်  ကိုက်ခံရလျှင် အရွက်ကိုထောင်း၍ ကျွေးပါက အဆိပ်ပြေစေသည်။ 

    အလွန်အဆိပ်ပြင်းသော အင်ဒရင်းပိုးသတ်ဆေးကို သခွတ်ပင်အောက်၌ တစ်ညတာထားရုံဖြင့် ဓာတ်ပြယ်စေသည်။ 

    သခွတ်ပွင့်၏ဝတ်ဆံသည်အလွန်ခါးသဖြင့် အခါးကြောက်သူများက  ဝတ်ဆံကို ဖယ်၍စားကြသည်။ 

    သခွတ်ပွင့်တွင် Moisture ရေငွေ့ဓာတ်များသဖြင့် ပုပ်ရိလွယ်တတ်သည်။ ထို့ကြောင့် ကြာကြာခံစေရန် အပွင့်ကိုနေရောင်ပြပြီး  အခြောက်လှန်း၍ သိမ်းရသည်။  သခွတ်ပွင့်ကို  အခြောက်လှန်းမည်ဆိုပါက အပွင့်အတွင်းမှ  ဝတ်ဆံများကိုဖယ်ပြီး  အပွင့်ကို ထက်ခြမ်းခွဲကာ ခြောက်သွေ့အောင် နေပူကျဲကျဲတွင် နှစ်ရက်ခန့်ပြရသည်။ ဖြူဆွတ်ဆွတ်သခွတ်ပွင့်သည် နေလှန်းလျှင် မည်းသွားတတ်ပြီး အပွင့်စိုကိုချက်ပြုတ်သောအခါ အရောင်ညိုမည်းသွားသည်။ 

    သခွတ်ပွင့်အစိုကို  ရေနွေးဖြော၍ အတို့အမြှုပ်အဖြစ် စားနိုင်သည်။ ငါးဟင်းထဲတွင် အပွင့်စို သို့မဟုတ် အပွင့်ခြောက်ကိုထည့်ပြီး ချက်စားနိုင်သကဲ့သို့ ကြော်၍လည်းစားနိုင်သည်။ သခွတ်ပွင့်ခြောက်ကိုပြုတ်ပြီး သုပ်စားပါက ခံတွင်းမြိန်စေသည်။ 

    အချုပ်အားဖြင့်ဆိုသော် သခွတ်ပွင့်ခြောက်သည် အစာအာဟာရအတွက်သော် လည်းကောင်း၊ ကျန်းမာရေး အတွက်သော်လည်းကောင်း ဆေးဖက်ဝင်သည့် အပင်ဖြစ်သကဲ့သို့ သခွတ်ပွင့်၏ ချို၊ ဖန်၊ ခါးအရသာတွင် အခါးစွက်နေသဖြင့် နှုတ်မြိန်စေကာ အစွမ်းထက်သည့် ဆေးဖက်ဝင် ဟင်းလျာတစ်ခွက်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။  ပေါက်ပေါက် 

    ------------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
14
comments
0
views
2632
cover
cover
cover
cover
cover