ဘက်စုံအသုံးဝင်သော ပိစပ်ပင်ရဲ့ ကြမ်းပိုးပြေးစေတဲ့ ထူးခြားအစွမ်း
ဒီတစ်ခါတော့ ငွေကုန်လည်းသက်သာ၊ ကြမ်းပိုးလည်း ပြေးမယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လမ်းဘေးများတွင် အလေ့အကျပေါက်သော ပိစပ်ပင်(ခေါ်) ရှမ်းပြေးပင် အရွက်လက်တစ်ဆုပ်၊ နှစ်ဆုပ်ခန့်ခူးပြီး ရေစင်စင်ဆေး၊ မိမိအိပ်သည့် အိပ်ယာ အောက်တွင် ဖြန့်ခင်းပြီးအိပ်ပေးပါ။
နောက်တစ်နေ့တွင် ပိစပ်ပင် (ခေါ်) ရှမ်းပြေးပင်အရွက်ဟောင်းများကို စွန့်ပစ်ပြီး အသစ်ထပ်မံ ဖြန့်ခင်းပြီးအိပ် (၃)ရက်ခန့် မပျက်မကွက် မှန်မှန်ပြုလုပ် ပေးပါက ကြမ်းပိုးအန္တရာယ်ကင်းဝေး သွားပါလိမ့်မည်။
ကြမ်းပိုးများကိုမသေစေဘဲ ထွက်ပြေးစေနိုင်သောကြောင့် ပါဏာတိပါတာကံလည်း မထိုက်စေတော့ပါ။
မူရင်းရေးသားသူကို လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။
---------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း