cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၁၀)

. ဝက်မွေးမြူနည်း
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
  • တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။

    အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ

    - ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ

    ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။

    ကံထူးရှင်များကို ထွက်တိုးမှ

    1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်

    2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်

    3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။

    ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။

    ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၂) မှား ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ကြက်ငှက်တုပ်ကွေးသည်လည်း ရောဂါဖြစ်ခြင်းကိုသိခြင်းစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ဖြစ်ပြီ ဆိုပါက ကုသ၍မရနိုင်ပါ။ လူသို့ကူးစက်ပါသည်။ ရောဂါဖြစ်သည့်ကြက်ခြံမှလေကို ရှုမိခြင်း၊ ကြက်သားကိုကြက်အောင်မချက်ဘဲစား ခြင်းတို့ကြောင့် လူသို့ကူးစက်ကာသေနိုင်သည်အထိ အန္တရာယ်ရှိသဖြင့် လုံးဝမစားသင့်ပါ။

    ဇီဝလုံခြုံရေးစံနစ် ဖြင့်သာကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ရောဂါဖြစ်သည့်ကြက်များ၊ ရောဂါမဖြစ်သေးသည့်ကြက်များ အားလုံးကိုသတ်ပြီး မြေမြုပ်ရမည်။ ကျေးရွာ အာဏာပိုင်၊ ကျန်းမာရေးဌာန၊ မွေးကု ဦးစီးသို့ ချက်ခြင်းအကြောင်းကြားရမည်။

    ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ငှက်ပျောအူကို ခုတ်ပြီး အစိမ်းအတိုင်းဖြစ်စေ၊ ပြုတ်ပြီးဖြစ်စေ ကျွေးနိုင်သော်လည်း အချဥ်ဖောက်ပြီး ကျွေးမွေးခြင်း က ပိုမိုကောင်းမွန်ပါသည်။ အချဥ်ဖောက်လိုက်ခြင်းအားဖြင့်

    · အသားဓာတ်သည် ၂% ရှိရာမှ ၁၁% အထိ မြင့်တက်သွားသဖြင့် အသားဓာတ် ပိုမိုများလာခြင်း

    · အစာခြေဖျက်မှုနှင့် အစာစုပ်ယူမှုကို ပိုမိုကောင်းစေသဖြင့် ဝက်များကြီးထွားနှုန်း ပိုမိုကောင်းလာခြင်း

    · အူလမ်းကြောင်းရှိ အကျိုးပြုသော ဘက်တီးရီးယားပိုးများကို ပိုမိုရှင်သန်စေပြီး ဒုက္ခပေးသော ဘက်တီးရီး ယားပိုးများကို ဖယ်ထုတ်ပေးခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များကို ရရှိစေသဖြင့် ငှက်ပျောအူကို အစိမ်းအတိုင်းကျွေးသည်ထက် အချဥ်ဖောက်ကျွေးသင့်ပါသည်။

    ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။

    ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။


  • article
  • article
  • article
  • article
likes
6
comments
0
views
1255
cover
cover
cover
cover
cover