ရန်ကုန်တိုင်း တပတ်စာ မိုးလေဝသအနေအခြေ
ဇန်နဝါရီ ၁၊ ၂၊ ၃ ရက်တွေမှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ရက်များမှာ တိမ်ကင်းစင်နိုင်ပါတယ်။
· နေ့အပူချိန်အမြင့်ဆုံး ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၅°C ဝန်းကျင် ရှိနေနိုင်ပါတယ်။
· မိုးရွာရန်မရှိသဖြင့် မြေဆီလွှာအတွင်းရေဓါတ်ကိန်းအောင်းမှု ၁ မီလီမီတာခန့်နှင့် မြေအောက်အနက် ၄၀ စင်တီမီတာအနက်တွင် မြေဆီလွှာစိုထိုင်းဆ ၅% ၊ မြေအောက်အနက် ၁၀၀ စင်တီမီတာတွင် ၂၁% ခန့်ရှိနိုင်ပါမယ်။
Win Naing
Administration Team,
MMWEATHER,
ငါးများ ဖမ်းဆီးပြီးနောက် သတိပြုရန်အချက်များ
ရွေးချယ်ဖမ်းဆီးထားသော ငါးများဖမ်းဆီးပြီးပါက ဈေးကောင်းရရှိစေရန်နှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရန် အောက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်သင့်ပါသည်။
- ဖမ်းယူထားသော ငါးများကို အရိပ်အောက်တွင် ထားပါ။
- ငါးများကို ဖြေးညှင်းစွာကိုင်တွယ်ပါ။
- ငါးများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောသန့်စင်ပါ။
- ငါးများထိခိုက်ပွန်းပဲ့ခြင်းနှင့် အကြေးခွံမကျွတ်စေရန် သတိပြုရမည်၊ ရောင်းချမည့် နေရာသို့အမြန် ဆုံးပို့ဆောင်နိုင်စေရန် စီမံရမည်။
----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း