cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တဝက်တပျက်ငါးကန်ဖော်ဆောင်နိုင်သော ငါးမွေးမြူရေးစနစ်

. ငါးမွေးမြူရေးဆောင်းပါးများ
လက်ရှိမွေးမြူရေး လုပ်ကိုင်နေသော ငါးမွေးတောင်သူများသည် မွေးမြူရေးကာလ အနည်းဆုံး(၁၂) မှ (၁၈)လအထိ မွေးမြူပြီးမှ ကန်ဖော်ကြသည်။
  • ယခုအခြေအနေတွင် ငါးစာကုန်ဈေးကြီးမားပြီး  အခြား ကုန်ကျစရိတ်များလည်း ကြီးမားခြင်းကြောင့် မတည်ရင်နှီးငွေ များကြပါသည်။ ထို့ကြောင့် မွေးမြူရေးကာလတလျှောက်လုံးတွင် ဝင်ငွေပြန်လည် ရရှိနိုင်စေရန် တဝက်တပျက်ကန်ဖော်နိုင်သောမွေးမြူရေး စနစ်ကိုပြောင်းလဲကျင့်သုံးကြောင်း အကြံပြုအပ်ပါသည်။

               တဝက်တပျက် ကန်ဖော်နိုင်စေရန်အတွက် အချိန်တိုအတွင်း ကြီးထွားနိုင်သော ငါးမျိုးစိတ်များကို ထည့် သွင်းမွေးမြူရပါမည်။ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း နှင့် ထိုင်းငါးခုံးမကြီး တို့သည် (၅-၆)လအတွင်း ရောင်းချနိုင်သော အရွယ်အစားထက်ပိုမိုကြီးထွားနိုင်ပါသည်။ ထိုငါးများကို တဝက် တပျက် ဖမ်းဆီးရောင်းချခြင်းဖြင့် ဝင်ငွေပြန်လည်ရရှိစေခြင်းအပြင် အောက်ဖော်ပြပါအကျိုးကျေးဇူးများ ရရှိနိုင် ပါသည်-

    ü ကျန်ရှိသောငါးများအတွက် သဘာဝအစာပေါများခြင်း

    ü ငါးအသေအပျောက် လျှော့နည်းလာခြင်း

    ü ငါးခိုးဖမ်းသောသူများအတွက် အန္တရာယ်ဈေးကွာလာခြင်း

    ü ရေလွမ်းမှု့ကြောင့် နှင့် အပူချိန်လွန်ကဲတို့ကြောင့် ငါးဆုံးရှုံးမှု့နည်းပါးလာခြင်း

    ü အစာ မြေဩဇာများပြန်လည်ဝယ်ယူရန် ငွေရရှိခြင်း

    ü တနှစ်အတွင်းကုန်ထုတ်လုပ်မှု့ တိုးတက်လာခြင်း

    ဖမ်းဆီးရောင်းချသင့်သော ငါးအရွယ်အစားမှာအောက်ပါအတိုင်းဖြစ်ပါသည်-

    Ø ငွေရောင် နှင့်ငါးခေါင်းပွ                     (၄၅)ကျပ်သား

    Ø ရွှေဝါငါးကြင်း                                  (၄၅)ကျပ်သား

    Ø မြက်စားငါးကြး                                (၅၀)ကျပ်သား

    Ø ထိုင်း ငါးခုံးမကြီး                              (၃၀)ကျပ်သား

    Ø ထိုင်းငါးပြေမ                                   (၅-၆)ကျပ်သား

    ဦးစန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
3
comments
0
views
555
cover
cover
cover
cover
cover