cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲသီးစျေးကွက် အေးနေပြီး စျေးကျဆင်းလာ

. ဈေးကွက်သတင်းများ
ဖရဲသီးစျေးကွက် အေးနေပြီး စျေးတဖြည်းဖြည်းကျဆင်းလာကြောင်း ပြည်ပသို့ ဖရဲသီး တင်ပို့နေသည့် လုပ်ငန်းရှင် များထံမှ သိရပါသည်။ လက်ရှိရာသီဥတု အအေးပိုပြီး တရုတ်စားသုံးသူများ၏ ဝယ်ယူနိုင်မှုနှုန်း ကျဆင်းနေခြင်းကြောင့် စျေးနှုန်းများ ကျဆင်းလာကြောင်း သုံးသပ်ကြသည်။
  • "ဒီရက်ပိုင်း ဖရဲ-သခွားပို့ကုန်ပေါက်ဈေးတွေ တအိအိနဲ့ကျလာပါတယ်။ ဒီထပ်ကျရင်တော့ ကားခတောင်မလောက်တဲ့ အခြေအနေမျိုးရောက်မှာပါ။ လာအိုနိုင်ငံထွက် ဖရဲတွေ အဝင်များလို့ဈေးကျတာ'' ဟု ဖရဲတင်ပို့ရောင်းချသူတစ်ဦးက ပြောထားသည်။

    လက်ရှိ ဖရဲသီး အစီးပျက်ကို ယွမ် ၃၀၀၀၀ မှ ၄၀၀၀၀ အထိ ပေါက်စျေးရှိပြီး အရည်သွေးကောင်းပါက အမြင့်ဆုံးစျေး ယွမ်း ၅၀၀၀၀ အထပ် အထိ စျေးရကြောင်း သိရပါသည်။ လက်ရှိ စျေးကျနေသည့်အတွက် တောင်သူ နှင့် တင်ပို့သူများ အနေဖြင့် ဖရဲ၊သခွါး များကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဆိုပါက အရည်အသွေးကောင်းမှသာ တင်ပို့ သင့်ကြောင်း သိရပါသည်။

    "ဖရဲကားအဝင်နည်းရင် အရောင်းအဝယ် သွက်တယ်။ မြန်တယ်၊ ကားအဝင် များတာနဲ့ ဝယ်လက်က အီလည်လည် လုပ်လာပါတယ်၊ အရည်အသွေးကောင်းမွန်တဲ့အသီးသာ တင်သင့်ပါတယ်၊ မြန်မာနိုင်ငံမှာ အသီးရှားပေမဲ့ လာအိုဘက်က ပေါတဲ့အချိန် ဖြစ်နေတာရယ် အရည်သွေး မကောင်းတာကို ရောပြီး စျေးကွက်ကျတဲ့ဘက်ကို ရောက်သွားတာ ''ဟု ဖရဲ သစ်သီးပွဲရုံ တခုမှ တာဝန်ရှိသူတစဦး ကပြောထားပါသည်။


    တောင်သူများအနေဖြင့် ဈေးကွက်ပေါက်ဈေးနှင့် သတင်းအချက်အလက်များ စောင့်ကြည့်ကာ စျေးမရရှိပါက ခူးဆွတ် တင်ပို့မှုကို ဆိုင်းငံ့သင့်ပြီး ပြည်တွင်း စျေးကွက်သာ အားထားရောင်းချပါက အကျိုးအမြတ် ပိုရနိုင်ကြောင်း စျေးကွက်နားလည်သူများက ပြောထားခြင်းလည်းရှိသည်။

    လက်ရှိ ဆောင်းသီးနှံပေါ်ရာသီတွင် ဖရဲသီးဝယ်လိုအား နည်းပါးနေပြီး၊ သွင်းအားစုစရိတ်ကြီးမြင့်ခြင်းနှင့် လမ်းခရီး စရိတ်တို့ကြောင့် အချို့ဒေသရှိ ဖရဲစိုက်တောင်သူများတွက် ခြေမကိုက်ကြောင်းလည်း သိရပါသည်။

    ဖရဲသီးကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်စသည့်ဒေသ အများအပြားတွင်စိုက်ပျိုးကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဖရဲသီးများကို တရုတ်နိုင်ငံ တစ်ခုတည်းကိုသာအဓိက အားထား တင်ပို့နေရခြင်းဖြစ်ကြောင်း သိရပါသည်။

    ဖိုးချဲ(AMIA)

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
0
comments
0
views
4565
cover
cover
cover
cover
cover