cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သရက်ကင်းတစ်တက်၏ အကျိုးကျေးဇူးများ

. ကျန်းမာရေးဆောင်းပါးများ
မြန်မာပြည်မှာသဘာဝအလျာက်ပေါက်သော အပင်တမျိုးဖြစ်ပြီးစီးပွားဖြစ်စိုက်ပျိုးကြသလို အိုးထဲတွင်လည်း စိုက်ပျိုး၍ကြပါသည်။  သရက်သီးအနံ့နှင့်တူတာကြောင့် သရက်ကင်းပင်ဟုခေါ် ကြသည်။
  • သရက်ကင်းပင်သည် နနွင်းပင် ၊ တောက်တာဖူးပင်နှင့် ခပ်ဆင်ဆင်တူ၍ ပင်လုံး၊ ပင်စည် အရွက်မှာတော့ မတူပါဘူး။ အမြင့် ၁ ပေ ၂ ပေခန့်မြင့်ပြီး နနွင်းပင် ၊ တောက်တာဖူးပင်ထက်ကြီးပြီး ဥမှာသေးပါတယ်။ ချင်းတက်လို အတက်အခက်ပုံစံတူပေမဲ့ဥအရောင်မှာတော့အဖြူရောင်သမ်းပြီး အနည်းငယ်ဝါပါတယ်။ အေး၊ ဖန်၊ ခါး၊ စပ်အနည်းငယ် အရသာရှိပြီး ငပိရည်ကျိုဖြင့် အတို့အမြှုပ် လုပ်စား၍သော်လည်းကောင်း၊ ထောင်းပြီးငပိနှင့်ကြော်စား၍သော်လည်းကောင်း၊ ၎င်းအပြင် အချဉ် ရည်ဟင်းချက်ရာတွင်လည်း အနည်းငယ်လှီးထည့်၍ ချက်ပြုတ်စားကြပါသည်။ ကျန်းမာရေးအတွက်လည်း အလွန်အသုံးဝင်ပါသည်။ ဝမ်းမီးတောက်ခြင်း၊ ထုံနာ ကျင်နာရောဂါ ၊ပန်းနာ၊ ရင်ကျပ်၊ လေးဘက်နာ၊ ဆီးရောဂါ၊ ကျောက်ကပ်၊ သွေးမသန့်အဖုအပိတ်ယားနားတို့ကိုလည်း ပျောက်ကင်းစေပါတယ်။ ထိခိုက်ဒဏ်ရာရရှိပါက ဒဏ်ရာပေါ်ကို ဥအတက်ထောင်း၍အုံပေးရင် သက်သာစေပါကြောင်း၊ အရိုးအက်၊ အဆစ်လွဲ၊ အရိုးကျိုးစသည့် အရိုးအဆစ်များထိခိုက်ခြင်းများဖြစ်ပါက ဒဏ်ရာ ကိုကြပ်စည်းပေးခြင်း၊ စားသုံးပေးခြင်းဖြင့်လည်းသက်သာပျောက်ကင်းစေပါသည်။ သရက် ကင်းဥကို သကြားသင့်ရုံနှင့် ပြုတ်သောက်ပါက သွေးဝမ်းရောဂါ၊ ထုံကျင်ကိုက်ခဲတဲ့ရောဂါ၊ ကိုယ်လက်ကိုက် ခဲတောင့်တင်းခြင်း၊ ဆီးကြောတင်းခြင်း၊ အစားပျက်ခြင်း၊ လေအောင့်ခြင်း၊ နှလုံးမငြိမ်သက်ခြင်း တို့ကို သက်သာစေပါတယ်။ ထို့ကြောင့် သရက်ကင်းစားသုံးခြင်းဖြင့် လူသားတို့အတွက်ရောဂါဘာ ယ ကင်းဝေးစေတဲ့ ဆေးတစ်ဖုံဖြစ် စားသုံးသင့်ပါကြောင်း အကြုံပြုလိုပါသည်။ 

    DOCA(ကယား) 

    Photo crd to original uploader

    ---------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
6
comments
0
views
23922
cover
cover
cover
cover
cover