လည်လိမ်ရောဂါကြောင့် ကြက်တွေကို အဆုံးရှုံးခံမှာလား? ကာကွယ်မှာလား?
အဲလိုကြက်အရွယ်စုံအားလုံးနီးပါးသေဆုံးရင် ရွာတွေကလွယ်လွယ်ကူကူဘဲ “ကြက်နာကျပြီး သေတယ်လို့ဘဲ ပြောလေ့ရှိပါတယ်။
တကယ်တော့ ကြက်တွေမှာရောဂါအမျိုးမျိုးရှိပါတယ်။ တချို့ရောဂါတွေက တစ်ကောင်စ၊နှစ်ကောင်စ လောက်ဘဲ ရောဂါဖြစ်ပြီး သေတာရှိပါတယ်။ အဲဒါကိုတော့ ကြက်နာကျလို့ မခေါ်ပါဘူး၊ အုပ်လိုက်သေမှသာ ကြက်နာကျလို့ အလွယ်တကူခေါ်ကြတာပါ။ ကျေးရွာတွေမှာ ကြက်နာကျလို့ ပြောနိုင်တဲ့ရောဂါ (၂) မျိုးရှိပါတယ်။ လည်လိမ်ရော ဂါနဲ့ ကြက်ငှက်တုပ်ကွေးရောဂါတို့ ဖြစ်ပါတယ်။
ကြက်နာကျလို့ခေါ်နိုင်တဲ့ရောဂါ ၂ မျိုးအနက် နှစ်စဥ်နှစ်တိုင်းနီးပါးလောက်ဖြစ်လေ့ရှိတဲ့ရောဂါကတော့ လည်လိမ် ရောဂါဘဲဖြစ်ပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါကတော့ တခါတလေသာဖြစ်တတ်တဲ့အတွက် ကျေးရွာတွေမှာ မွေးထားတဲ့ကြက်တွေကို အမြဲဒုက္ခပေးပြီး သေစေတဲ့လည်လိမ်ရောဂါကို ပိုပြီး သိဖို့လိုသလို၊ လည်လိမ်ရောဂါကြောင့် အိမ်ထောင်စုတခုမှာဖြစ်စေ၊ ကျေးရွာတရွာလုံးမှာဖြစ်စေ၊ ဘယ်လောက်အထိ နစ်နာဆုံးရှုံးတယ်ဆိုတာကို သိစေချင်လို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။
အဲဒီတော့ လည်လိမ်ရောဂါဘာကြောင့်ဖြစ်တာလဲ? ဖြစ်လာရင်ကုလို့ရသလား? မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ? ဆိုတာတွေကို အကြမ်းဖျဥ်းရှင်းပြပါ့မယ်။
ကြက်လည်လိမ်ရောဂါ ဘာကြောင့်ဖြစ်တာလဲ?
-အလွန်ပြင်းတဲ့ ဗိုင်းရပ်(စ) တမျိုးကြောင့်ဖြစ်တာပါ။
ဘယ်ရာသီတွေမှာ လည်လိမ်ရောဂါဖြစ်တတ်သလဲ?
-လည်လိမ်ရောဂါဟာ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အများဆုံးဖြစ်တတ်တဲ့ ရာသီကတော့ နွေရာသီ တလျောက်လုံးနဲ့ မိုးရာသီ အစပိုင်းထိဖြစ်တတ်ပါတယ်။ မတ်၊ ဧပြီ၊ မေ၊ နဲ့ ဇွန်လတွေမှာပါ။
ဘယ်လိုကူးစက်တာလဲ?
-ရောဂါဖြစ်တဲ့ ကြက်ကထွက်လာတဲ့ပိုးပါတဲ့ မစင်ကို စားမိလို့၊ ရောဂါဖြစ်တဲ့ကြက်ကိုခုတ်ထစ်လို့ ထွက်လာတဲ့ ပိုးပါ တဲ့အသားစ၊ ကလီစာတွေကို အခြားကြက်တွေက စားမိလို့၊ ရောဂါဖြစ်တဲ့ ကြက်တွေရှူထုတ်တဲ့ ပိုးပါတဲ့လေကို အခြားကြက်တွေက ရှူမိလို့ ကြက်တွေမှာ ရောဂါကူးစက်တာဖြစ်ပါတယ်။
လည်လိမ်ရောဂါဖြစ်ရင် ဘာလက္ခဏာတွေကိုတွေ့ရသလဲ?
-ကြက်ငယ်၊ကြက်လတ်၊ကြက်ကြီးတွေအားလုံးမှာ အောက်ပါလက္ခဏာ ၂-၃ မျိုးဖြစ်စေ၊ အားလုံးဖြစ်စေ တွေ့ရမှာ ပါ။
-အကောင်းကြီးကနေ ရုတ်တရက်ဘာရောဂါလက္ခဏာမှမပြဘဲသေဆုံးတတ်ပါတယ်။ ညနေဘက်အိပ်တန်းတက် ချိန်မှာ အကောင်းကြီးကနေ မနက်မိုးလင်းတော့ အိပ်တန်းကပြုတ်ကျပြီးသေဆုံးနေတာမျိုးပါ။ (ရွာတွေမှာတော့ အဲလိုဖြစ်တာကို လည်လိမ်ရောဂါဖြစ်တယ်လို့မသိဘဲ “တန်းကျနာ”ဖြစ်တယ်လို့ဘဲသိထားကြတာပါ။)
-ကြက်တွေမှိုင်မယ်၊ကုပ်မယ်။တချို့အမောက်တွေပြာလာမယ်။
-အစာမစားတောဘူး။ ခေါင်းငိုက်စိုက်ကျနေပီး ပါးစပ်ထဲက အရည်တွေထွက်ကျနေမယ်။
-အသက်ရှူခက်တဲ့အတွက် လည်ပင်းကိုကွေးလိုက်၊ဆန့်လိုက်အသက်ရှုမယ်။
-ပါးစပ်နဲ့အသက်ရှူလမ်းကြောင်းမှာ ချွဲတွေရှိလို့ ခေါင်းခါပြီး ချွဲခပ်ထုတ်တာကိုတွေ့ရမယ်။
-ညဘက်ဆို ချွဲသံတွေကို ထင်ထင်ရှားရှားကြားရမယ်။
-ချေးရောင်စုံပန်းတာတွေ့ရမယ်၊ အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ချေးတွေပန်းတာကို ပိုတွေ့ရမယ်။
-အဲလိုဖြစ်ပီးတော့ နောက်ထပ် ၂-၃ ရက်ကြာရင် အများစုသောကြက်တွေ တကောင်ပြီး တကောင်သေကုန်မယ်။
-ကြက်အများစု (၉၀% အထက်) သေကုန်ပြီး မသေဘဲကျန်ခဲ့တဲ့ကြက်တချို့မှာ လည်ပင်းလိမ်တာ၊ခေါင်းစောင်း နေတာ၊ ခေါင်းမထိန်းနိုင်တာ၊ ခေါင်းတုန်တာ၊ ပတ်ချာလည်နေတာကိုတွေ့ရမယ်။ အဲလိုလည်ပင်းလိမ်တာကို အစွဲ ပြုပီးလည်လိမ်ရောဂါလို့ခေါ်တာပါ။
-ပြသနာက လည်လိမ်ရောဂါဖြစ်ရင်လည်ပင်းလိမ်တဲ့အဆင့်တောင်မရောက်ဘဲ ကြက်အများစုက သေကုန်တဲ့အ တွက် လည်လိမ်ရောဂါဖြစ်တယ်လို့ပြောရင် ကျေးရွာက လူတွေလက်မခံဘဲ တန်းကျနာဖြစ်တယ်၊ ကြက်နာကျ ဖြစ်တယ်လို့ဘဲပြောတတ်ကြတာပါ။
-ဒါဆို အထက်ပါရောဂါလက္ခဏာတွေကို ပြန်သတိထားမိရင် ရွာတွေမှာ ကြက်တွေအများကြီး သေတယ်ဆိုတာ လည်လိမ်ရောဂါကြောင့်ဖြစ်တယ်ဆိုတာသိလောက်ပါပြီ။
------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/420005277670248


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း