cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သောရောဂါများ

. ဝက်မွေးမြူနည်း
ဝက်များတွင် အာဟာရချို့တဲ့ပါက ချို့တဲ့သည့်အာဟာရပေါ်မူတည်ပြီး ချို့တဲ့သည့်လက္ခဏာများ ကိုတွေ့ရတတ်သော်လည်း ရေဘူယျလက္ခဏာများမှာ ဝက်များသည် အစာစားသော်လည်း အစာစား မကောင်းခြင်း၊ ကြီးထွားနှုန်းမကောင်းခြင်း ၊ပိန်ခြင်း၊ စသည်တို့ဖြစ်ပါသည်။
  • ·      ဝက်ကိုကျွေးမွေးသည့် အစာထဲတွင် လုံလောက်သောအဟာရများ မပါဝင်ပါက ကြာလာသည့်အခါ ဝက်များတွင် အာဟာရချို့တဲ့ခြင်းများကို တွေ့ရတတ်သည်။ ချို့တဲ့သည့်အဟာရပေါ်မူတည်ပြီး သက်ဆိုင်ရာ အာဟာရချို့တဲ့ သည့် လက္ခဏာများကို တွေ့ရတတ်သည်။

    ·      အသားဓါတ်ချို့တဲ့ပါကဝက်များသည် ကြီးထွားနှုန်းမကောင်းခြင်း၊ သားမအောင်ခြင်း၊ သားပေါက်ကောင်ရေ နည်းခြင်း၊ ဝက်မနို့ထွက်မကောင်းခြင်းတို့ ဖြစ်တတ်သည်။

    ·      ဗိုက်တာမင်နှင့်သတ္တုဓါတ်ချို့တဲ့ပါက အစာစားမကောင်းခြင်း၊ အမွေးခြောက်ခြင်း၊ ကြီးထွားနှုန်း မကောင်း ခြင်း၊ ရောဂါဖြစ်လွယ်ခြင်း၊ များကိုတွေ့ရသည်။

    ·      ရက်သားဝက်ငယ်လေးများတွင် သံဓါတ်ချို့တဲ့ပါက ဝမ်းဖြူသွားခြင်း၊ အားနည်းခြင်းများကို တွေ့ရသည်။ (အဖြစ်များသဖြင့် အသေးစိတ်ကို သံဓါတ်ချို့တဲ့ခြင်းကြောင့် ရက်သားဝက်ငယ်များ ဝမ်းဖြူသွားခြင်း ခေါင်းစဥ်တွင်ကြည့်ပါ။)

    ·      ထို့ကြောင့်ဝက်များတွင် အာဟာရချို့တဲ့ပါက ချို့တဲ့သည့်အာဟာရပေါ်မူတည်ပြီး ချို့တဲ့သည့်လက္ခဏာများ ကိုတွေ့ရတတ်သော်လည်း ရေဘူယျလက္ခဏာများမှာ ဝက်များသည် အစာစားသော်လည်း အစာစား မကောင်းခြင်း၊ ကြီးထွားနှုန်းမကောင်းခြင်း ၊ပိန်ခြင်း၊ စသည်တို့ဖြစ်ပါသည်။

    ·      ကိုယ်ပူတက်ခြင်း၊ မှိုင်ခြင်း၊ အစာမစားခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ် ခြင်းများမရှိပါ။

    ထို့ကြောင့်အဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သောရေဘူယျလက္ခဏာများသည်ကပ်ပါးပိုးများကြောင့်ဖြစ်တတ်သော ရေဘူယျလက္ခဏာများနှင့် ဆင်ဆင်တူပါသည်။

    ---------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60677

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
0
comments
0
views
0
cover
cover
cover
cover
cover