cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးစိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့နှုန်းထားနှင့် စိုက်ပျိုးနည်း စနစ်များ

. စိုက်ပျိုးနည်းစနစ်များ
အာလူးစိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့နှုန်းထားနှင့် စိုက်ပျိုးနည်း စနစ်များ
  • article

  • အာလူး စိုက်ပျိုးရန် အတွက် စိုက်ခင်းဘောင် ပြင်ဆင်ခြင်း
    စိုက်ခင်း ဘောင်ကို သေချာ ပြင်ဆင်ခြင်းဖြင့် အပင်ပေါက်နှုန်း ကောင်းစေသည်။ စိုက်ဘောင် တစ်ဘောင်တွင် အပင်ဦးရေ ဝင်ဆန့်မှုသည် မိမိတို့ ရွေးချယ်ထားသည့် အာလူးမျိုး၏ အရွယ်အစားပေါ်တွင် မူတည်ပြီး ပေါင်းမြက် နှိမ်နင်းရ လွယ်ကူစေရန် အတွက် စိုက်တန်းကြား အကွာအဝေး ထားရှိရန်လည်း လိုအပ်ပါသည်။ တစ်ဧက အတွက် လိုအပ်သည့် အာလူး မျိုးနှုန်းထားမှာ-
    1. မိုးကြိုမိုး အာလူးကို (မတ်-ဧပြီ/မေ-ဂျွန်) လတွင် စိုက်ပျိုးပြီး တစ်ဧကလျှင် ၆၅၀ ပိဿာခန့် လိုအပ်သည်။
    2. နွေအာလူး/ရေသွင်းအာလူးကို (ဇန်နဝါရီ-ဖေဖော်ဝါရီ)တွင် ရေသွင်း စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် ၆၀၀ ပိဿာခန့် လိုအပ်သည်။
    3. စက အာလူး (Saka potato) ကို (ဇူလိုင် - သြဂုတ်လ) များတွင် စိုက်ပျိုးကြသည်။
    4. ဆောင်းအာလူးကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် (၆၅၀-၇၀၀) ပိဿာ ခန့် လိုအပ်သည်။
    စိုက်ပျိုးသည့် အာလူးမျိုးပေါ် မူတည်ပြီး မျိုးနှုန်းထားကို (၆၅၀ မှ ၇၀၀) ပိဿာအထိ အသုံးပြုနိုင်သည်။ ကောင်းမွန်သည့် အထွက်နှုန်းကို ရရှိရန်အတွက် ခြောက်သွေ့သည့် ဒေသတွင် မိုးရေသောက် စိုက်ပျိုးပါက မြေပြန့်လိုက် အနေအထားတွင် စိုက်ပျိုးသည့် စနစ်ဖြင့် ပိုမိုသင့်တော်ပြီး ရေသွင်းစိုက်ပျိုးပါက စိုက်ခင်းအတွင်း စိုက်မြောင်းဖော်၍ စိုက်ပျိုးသင့်သည်။
    အာလူးကို အချိန်ကိုက် စိုက်ပျိုးခြင်း
    အပင်ပေါက်နှုန်း ကောင်းသော အာလူးမျိုးများကို လိုအပ်သည့် အစိုဓါတ်၊ အာလူးပင်အတွက် သင့်တော်သည့် မြေအနက် နှင့် တစ်ဧက အတွင်း ဝင်ဆံ့ရမည့် အပင်ဦးရေ ရရှိရန် သတ်မှတ်ပေး ထားသော ပင်ကြား တန်းကြားဖြင့် စိုက်ပျိုးခြင်းဖြင့် ကောင်းမွန်သည့် အထွက်နှုန်းကို ပြန်လည် ရရှိမည်ဖြစ်သည်။
    စိုက်ပျိုးနည်း စနစ်များ
    အပင်မစိုက်ခင် (၁-၂) ရက်အလိုတွင် သေးငယ်သည့် အာလူးမျိုးပိုင်းများ ရစေရန် ဓါးဖြင့်ခွဲစိတ်ရမည်။ ၂ လက်မခန့် ရှိသော မျိုးပိုင်းတစ်ခုစီတွင် မျက်စေ့ဖု (၂-၃) ခုပါရမည်။ အာလူးကို အတန်းလိုက်ချ စိုက်ပျိုးခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ရှမ်းပြည် ကဲ့သို့သော တောင်ကုန်းဒေသတွင် တစ်ဧကလျှင် အပင်ဦးရေ (၃၅၀၀၀) ရရန် အာလူးကို ပင်ကြား (၆) လက်မ၊ တန်းကြား (၂.၅) ပေ ကို မြေအနက် (၈) လက်မ အနက်တွင် စိုက်ပျိုးသင့်သည်။ မြေပြန့်ဒေသတွင် စိုက်ပျိုးပါက တစ်ဧကလျှင် အပင်ဦးရေ (၆၅၀၀၀) ဝင်ဆန့်ရန် အာလူးကို ပင်ကြား (၈) လက်မ၊ တန်းကြား (၁) ပေ ကို မြေအနက် (၈) လက်မ အနက်တွင် စိုက်ပျိုးသင့်သည်။ မြေခံအနေဖြင့် နွားချေး/ကြက်ချေးနှင့် မြေဆွေးကို စိုက်ခင်းထဲသို့ ရောမွှေ၍ ထည့်ပေးရမည်။


likes
11
comments
4
views
2653
cover
cover
cover
cover
cover