စပါးမှိုသီးရောဂါ ကာကွယ်နှိမ်နင်းနည်း
ရောဂါလက္ခဏာများ
- စပါးမှိုနှံသီး ရောဂါဖြစ်ပွားပါက စပါးစေ့များအား အရောင်အသွေး မှေးမှိန်စေကာ အရည်အသွေးကျဆင်းစေပါသည်။ ထို့အပြင် မျိုးညှောက်ပေါက်နှုန်းကိုလည်း လျှော့ကျစေပါသည်။
- စပါးမှိုနှံသီး ရောဂါ ဖြစ်ပွားထားသော အပင်များရှိ စပါးစေ့များသည် မှိုလုံးလေးများအဖြစ် ပြောင်းလဲသွားပါသည်။ ထိုအလုံးလေများသည် တဖြေးဖြေး လိမ္မော်ရောင် အဖြစ်ပြောင်းလာကာ နောက်ဆုံးတွင် အနက်ရောင်ဖြစ်သွားပါသည်။
- အများအားဖြင့် စပါးနှံတစ်ခုလုံးတွင် ရောဂါကျရောက်လေ့မရှိသော်လည်း မှိုသီးများနှင့် နီးကပ်နေသော စပါးစေ့များတွင်မူ အဖျင်းများ နေတတ်ပါသည်။
စပါးမှိုသီး ရောဂါကို ဘယ်လို ကာကွယ်နှိမ်နှင်းမလဲ?
စပါးမှိုသီးရောဂါအား ကာကွယ်နှိမ်နှင်းခြင်းစပါးမှိုနှံသီးရောဂါအား ကာကွယ်ရန် ဖော်ပြပါ လမ်းညွှန်ချက်များကို လိုက်နာသင့်ပါသည်။
- လယ်ကွင်းအား သန့်ရှင်းအောင် ထားပါ။
- ရောဂါဖြစ်နေသော မျိုးစေ့များ၊စပါးနှံများနှင့် ပင်ကြွင်းပင်ကျန်များအား ရိတ်သိမ်းပြီးနောက် ဖယ်ရှားပစ်ပါ။
- နိုက်ထရိုဂျင်မြေသြဇာကို လိုအပ်သလောက်သာ အသုံးပြုပါ။
- ထိရောက်သော မှိုသတ်ဆေးများကို အနှံမထွက်ခင် အချိန်တွင် ကြိုတင်ကာကွယ် အသုံးပြုပါ။
- စပါးပင်များအား စပါးမှိုနှံသီးရောဂါမှ ကာကွယ်ရန်
၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဇီစတိုဗင် (၂၀%) + ဒိုင်ဖန်နိုကိုနားဇိုး (၁၂.၅%) အက်စီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း
၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဟတ်ဇာကိုနာဇိုး ၅% အက်စီ စားပွဲတင်ဇွန်း (၆-၈) ဇွန်း ကို အသုံးပြုပေးပါ။ သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)