cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အပင်များတွင် ပုံစံမမှန်ဖြစ်ပေါ်ခြင်း (Fasciation)

. အပင်အာဟာရ
ကန်စွန်းဥစိုက်တဲ့မိတ်ဆွေတစ်ယောက်ကမေးမြန်းလို့ အပင်တွေမှာ ပုံစံမမှန်ဖြစ်ခြင်းတွေကို လေ့လာမိပါတယ်။ သူ့ရဲ့ကန်စွန်းစိုက်ခင်းမှာဖြစ်သလိုမျိုး ကျွန်တော်ကိုယ်တိုင်လဲ ကြုံဖူးပါတယ်။ ကန်စွန်းဥပင်ရဲ့နွယ်က ပြားချပ်နေပြီး အဲဒီအပေါ်မှာမှ အရွက်တွေထွက်နေတာပါ။ အရွက်တွေကလဲ ပုံမမှန်၊ နေရာမမှန်စွာ ထွက်နေကြတာပါ။ နဂါးသိုက်က လာသလိုလို ဘာလိုလိုပေါ့ဗျာ။
  • ဒီလိုဖြစ်ခြင်းကို ပုံမမှန်ခြင်းလို့ခေါ်တာပေါ့ (သေချာတာပေါ့ ပုံပျက်နေတာကိုး)။ ကန်စွန်းဥမှာဆိုရင် အခုလို နွယ်ကပြားနေတာအပြင် ခေါင်းပွအလုံးကြီးဖြစ်နေတာလဲ ကြုံဖူးပါတယ်။ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။

    ပထမဆုံးဖြစ်နိုင်တာကတော့ အပင်အာဟာရမမျှတတာပါ။ နွားချေးတွေနဲ့ မြေသြဇာတွေထားတဲ့နေရာနားက ကန်စွန်းပုံတွေမှာ ဒီလိုမျိုးပိုဖြစ်တာကို တွေ့ခဲ့ရပါတယ်။ တခြားသီးနှံတွေမှာတော့ ရေကြောင့်ဖြစ်နိုင်ပေမယ့် ကျွန်တော့်ကန်စွန်းပုံတွေကတော့ ရေကန်နား၊ ရေအမြဲသွင်းနေကျမို့ မဖြစ်နိုင်ပါဘူး။ အခြားအကြောင်းရင်းတစ်ချက်ကတော့ ဗိုင်းရပ်စ်ကြောင့်လဲ ဖြစ်နိုင်ပါတယ်။

    ဒီလိုဖြစ်ခြင်းဟာ ကန်စွန်းဥရဲ့အထွက်နှုန်းကိုတော့ မထိခိုက်နိုင်ပါဘူး။ ရွက်စားကန်စွန်းဆိုရင်တော့ ပုံမမှန်တော့ ရောင်းချနိုင်မှာမဟုတ်ဘူးပေါ့ဗျာ။

    ဒီလိုမျိုးပုံမမှန်ဖြစ်ခြင်းကို သီးနှံအတော်များများမှာ မိတ်ဆွေတို့ တွေ့ဖူးကြမယ်ထင်ပါတယ်။ နွယ်တွေသာမက၊ အရွက်တွေ၊ ပန်းပွင့်တွေနဲ့ အသီးတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။

    အကြောင်းရင်းအချို့ကို လေ့လာကြည့်ရအောင်။

    (၁) ဗီဇကြောင့်လို့ ဆိုပါတယ်။

    ဥပမာ ပဲပုတ်မှာဆိုရင် ငုပ်လျှိူးနေတဲ့ဗီဇတစ်ခုကြောင့်ပါ။ အဲ့ဗီဇလေးဟာ မိဘအပင်မှာ ခိုးကြောင်ခိုးဝှက် ဆွေစဉ်မျိုးဆက်ပါလာပြီး၊ သူ့လိုမျိုးကြိတ်ပါလာတဲ့ မိဘအပင်နဲ့ပေါင်းဖက်မိရင်တော့ ထကြွလာပြီး၊ ပဲပုတ်ပင်လည်း ပုံပျက်ပြီပေါ့။

    (၂) အကြောင်းရင်းနောက်တစ်ခုကတော့ အပင်ကြီးထွားဇုံထိခိုက်မိလို့ပါပဲ။

    (i) ကြီးထွားဇုံကိုပိုးကိုက်မိတာဖြစ်ချင်ဖြစ်မယ်၊

    (ii) ရောဂါကျတာလဲ ဖြစ်နိုင်ပါတယ်၊

    (iii) အပူချိန်ရုတ်တရက်ပြောင်းလဲသွားတယ်၊

    (iv) ဇင့်ဓာတ်ချို့တဲ့ခြင်း သို့မဟုတ် နိုက်ထရိုဂျင်တွေတအားများနေတာ

    (v) ဒါမှမဟုတ် ရေငတ်နေတာကြာပြီးမှ ရုတ်တရက်မိုးရွာချလိုက်တာမျိုးပေါ့၊

    (vi) ဟော်မုန်းတွေ အချိုးအစားမညီတာ။

    ဗီဇကြောင့်မဟုတ်ဘဲ အထက်ပါအကြောင်းရင်းတွေကြောင့်သာဆိုရင်တော့ ပုံပျက်နေတဲ့အပင်မှရတဲ့ နောက်မျိုးဆက်မှာ ဒီလိုပြဿနာရှိမှာမဟုတ်ပါဘူး။ ပန်းပွင့်တွေဆိုရင်တော့ ပုံစံအသစ်တွေ ရနိုင်လို့ တချို့မျိုးစပ်ပညာရှင်တွေက နှစ်သက်ကြပါတယ်။

    ပုံစံမမှန်ခြင်းကို စတော်ဘယ်ရီသီးတွေမှာလဲ မိတ်ဆွေတို့မြင်ဖူးကြတယ်မဟုတ်လား။ ကျွန်တော်တို့စားသုံးသူတွေ မနှစ်သက်ကြဘူးလေ။ စတော်ဘယ်ရီသီးလေးက ပြားပြားဝိုင်းဝိုင်းလေးဖြစ်နေမယ်၊ အဖုလုံးလေးဖြစ်နေမယ်။ (ပုံစံအပေါ်မူတည်ပြီး Nubbins or Button berries လို့ ချစ်စနိုးနဲ့ခေါ်ကြပါတယ်)

    အကြောင်းရင်းကတော့ ဝတ်မှုန်ကူးတာမလုံလောက်ဘူး၊ ကြမ်းပိုးစုပ်လိုက်လို့၊ ရာသီဥတုအေးခြင်း/ပူခြင်း၊ အာဟာရချို့တဲ့ခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ စတော်ဘယ်ရီသီးက ကြက်မောက်ပုံအဖုဖုလေးနဲ့ စုနေတာပါပဲ။ နေ့တာတိုရင်၊ အရမ်းအေးရင် ဖြစ်တတ်ပါတယ်တဲ့။

    ဒီလိုဖြစ်ပွားတာကို ပုံစံမမှန်ခြင်းလို့ ပြောလို့ရသလို တချို့ကတော့ ထွန်းတယ်လို့သတ်မှတ်ချင်ပါတယ်။ မျိုးသစ်တွေရနိုင်လို့ ကောင်းတဲ့အချက်တွေရှိတယ်လို့လဲဆိုပါတယ်။ ဘာပဲပြောပြော ပုံမမှန်ဖြစ်ပေါ်ရခြင်းဟာ အကြောင်းရင်းများစွာရှိတာမို့ အငြင်းပွားစရာတွေကတော့ ရှိနေဆဲပါ။

    ကဲ……ကိုယ့်အပင်လေးတွေ လှလှပပလေးနဲ့ ပုံစံမှန်ချင်တယ်ဆိုရင်တော့..

    (၁) အာဟာရကို အချိန်မီမျှမျှတတကျွေးပါ။

    (၂) ရေကို စနစ်တကျအချိန်ကိုက် ပုံမှန်ပေးပါ။

    (၃) အပင်အမျိုးအစားအလိုက် သင့်တော်တဲ့ ရာသီဥတုအခြေအနေမှသာ စိုက်ပျိုးပါ။

    (၄) ပိုးမွှားရောဂါမကျဖို့ ဂရုစိုက်ပေးပါ။

    ဒေါက်တာဝဏ္ဏထွန်း

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes
17
comments
0
views
4321