Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး)
 
- ဖော်မီဆာဖန် ပေါင်းသတ်ဆေး ရွေးချယ်အာနိသင်ရှိတယ်။ ညွှန်းကြတယ် preplant (အပင်မစိုက်ခင်), pre emergence (အပင်မပေါက်မီ) သုံးလို့ရတယ်ဆိုပေမယ့် တကယ်က သူ့မှာ systemic (ပင်လုံးပြန့်) ထက် contact (ထိသေ) အာနိသင်သာပိုများတာမို့ post emergence (အပင်ပေါက်ပြီးချိန်) မှာ သုံးတာသာ အထိရောက်ဆုံး။ - ပေါင်းသတ်ဆေးနဲ့ပက်သက်ပြီး ကျနော် post တခုမှာရေးဖူးတယ်။ ဆေးတွေသည် ပုံမှန်ရှင်သန်နေတဲ့နေရာက ပေါင်းနဲ့ ခြောက်သွေ့ ရေပြတ် မြေဆီမကောင်းတဲ့နေရာကပေါင်း ၂ မျိုးအပေါ်မှာ ဖျန်းကြည့်။ အမြန်ဆုံးထိရောက်တာက ပုံမှန်ရှင်သန်ဖို့ကောင်းတဲ့အနေအထားမှာ ပေါက်နေတဲ့ပေါင်းအပေါ်မှာပဲ ပိုအာနိသင်ပြတယ်။ - ဆေးတမျိုးကို စိုက်ခင်းထဲကမြက်အပေါ်နဲ့ လမ်းဘေးက မြက်အပေါ် ဖျန်းကြည့်။ ဘယ်ဟာက ပိုသိသာသလဲလို့။ ဆိုလိုတာက ပေါင်းသတ်ဆေးများသည် ကျန်းမာသန်စွမ်းသော အပင်ရဲ့အရွက်တစ်ရှူးထဲမှာ ပိုမိုထိရောက်စွာပျံ့နှံ့ပြီး အာနိသင်ပြနိုင်လို့ဖြစ်တယ်။ - ထားပါတော့ Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး) အကြောင်းဆက်ပြောရရင် ....... - သူက post emergence contact (အပင်ပေါက်ပြီးမှသုံးတဲ့ ထိသေဆေး)ဆိုပေမယ့် ပေါင်းပင်အရမ်းကြီးနေပြီဆိုရင်တော့ အပြီးသတ်မပေးနိုင်တတ်ဘူး။ - ဆိုတော့ကာ......ပေါင်းပင် ငယ်စဥ်မှာပဲ အသုံးပြုသင့်တဲ့ဆေး။ အဲဒါအပြင် ပေါင်းသတ်ဆေးတိုင်းလိုလိုမှာ အညွန်းက မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းများကို သေစေသည်ဆိုတာချည်းပဲ။ အဲဒါကိုလည်း လက်ခံနေကြတာပဲ။ - တကယ်တော့ ပေါင်းသတ်ဆေး ai (မူလပါဝင်သောဆေးအာနိသင်) တခုစီတိုင်းက အားသာချက်တခုစီရှိကြတယ်။ Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး)ဆိုရင် ရွက်ပြန့်ပေါင်းတွေ ငယ်စဥ်မှာ အတော်ထိရောက်တယ်။ တခါတရံမှာ သီးနှံပင်ကို လောင်တတ်တယ်။ ပါဝင်တဲ့ safener (ပေါင်းမဟုတ်သောအပင်များကို ထိခိုက်မှု မရှိစေရန်အတွက်ထည့်ထားသော ဓါတုဓါတ်ပေါင်း) အရပေါ့။ - ဒါပေမယ့်သူက Sodium salt (ဆိုဒီယမ်ဆား) ပုံစံဆေးဖြစ်တာကြောင့် သီးနှံပင်ဟာ ဆေးလောင်ပြီး မကြာခင်မှာပဲ အတက်အလက်တွေထပ်ထွက်ပြီး recovered (ပြန်ပြီးနလန်ထခြင်း) ဖြစ်လာနိုင်တာလည်း တွေ့ရတယ်။ - အထူးသတိပြုရမှာက - Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး) ကို ရေရှိတဲ့စိုက်ခင်းမှာ မသုံးသင့်ပါဘူး။ မြေအစိုဓါတ် ၈၀% အထက်မှာရှိရင် မသုံးသင့်ပါဘူး။ သုံးပြီးရင် ရေမလောင်းရပါဘူး။ မိုးလွတ်မှလည်းဖျန်းသင့်ပါတယ်။ (ရေရှိသောအခြေအနေမှာ half life (ဆေးအာနိသင်) သည် နာရီပိုင်းအတွင်းရောက်သွားနိုင်လို့ ပေါင်းပင်အပေါ် မထိရောက်နိုင်လို့ပါ) - အာလူး၊ ပဲပုပ်၊ ကြက်သွန် အစရှိသောစိုက်ခင်းများအတွက်တော့ အစောပိုင်းကာလ ပေါင်းရှင်းဖို့ ဆိုရင် ဒီ ai (မူလပါဝင်သောဆေးအာနိသင်) လေးက မဆိုးပါဘူး။ - ဆေးနှုန်းထားမှန်ဖို့ အလွန်အရေးကြီးပါတယ်။ - သူရဲ့ half life (ဆေးအာနိသင်)သည် မြေကြီးထဲမှာ အစိုဓါတ် ၅၀ % ရှိခဲ့ပါက ၄၅ ရက်ခန့်ဖြစ်ပါတယ်။ သီးနှံ တရာသီအတွက် အစောပိုင်းကာလမှ တကြိမ်သာအသုံးပြုသင့်သော ai (မူလပါဝင်သောဆေးအာနိသင်) ဖြစ်ပါတယ်။ - မူရင်းရေးသားသူ -Dr. DaDa(Ph.D Entomology) မှကူးယူဖော်ပြပါသည်။ - တောင်သူများနားလည်လွယ်စေရန် တချို့ အင်္ဂလိပ်စကားလုံးများကို မြန်မာမှု ပြုထားပါသည်။ - ကူးယူဖော်ပြခွင့်ပေးပါသော Dr. DaDa(Ph.D Entomology) ကိုထွက်တိုးမှ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ။ - ------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
