cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သတိပြုရမည့် ပြောင်းဖူးပင် မှိုရောဂါသုံးမျိုး

. ရောဂါ
ပြောင်းဖူး စိုက်ပျိုး ထုတ်လုပ်မှုမှာ တိုးတက်များပြားလာသည်။ သို့သော် ရောင်းချရာတွင် ဈေးကွက်တည်ငြိမ်မှုမှာ မရှိသေးပေ။

အထူးသဖြင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုတွင် စပ်မျိုးပြောင်းဖူးများ ထုတ်လုပ်လာနိုင်ခြင်း၊ အထွက်ကောင်း၊ အရည်အသွေးကောင်းလာသဖြင့် စိုက်ပျိုးမှုများ လာခြင်းဖြစ်သည်ဟု သုံးသပ်မိသည်။

မွေးမြူရေးလုပ်ငန်းနှင့် ပြောင်းဖူးစေ့မှ အခြေခံထုတ်လုပ်သော စက်မှုလုပ်ငန်းများ တိုးချဲ့လာသည်နှင့် ကုန်ကြမ်းပြောင်းဖူးလည်း ဈေးကွက်ကြီးကြီးမားမား ရှိလာခြင်းဖြစ်ပြီး အများဆုံးကိုတရုတ်နိုင်ငံမှ ဝယ်ယူကြသည်ဟု သိရသည်။

ပြည်ပစပ်မျိုးပြောင်းများအပြင် ပြည်တွင်းစိုက်ပျိုးရေးသုတေသနဌာန၊ ရေဆင်းမှထုတ်လုပ်သော စပ်မျိုးပြောင်းတို့သည် စိုက်ပျိုးမှုများကြသည်။ ပြောင်းဖူးစိုက်ပျိုးမှုများသော ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်သို့ရောက်ရှိစဉ် ပြောင်းဖူးစိုက်ပျိုးကြသော တောင်သူများနှင့် တွေ့ဆုံရာတွင် ပြည်တွင်းစပ်မျိုးပေါင်းများစွာ ထုတ်လုပ်နေခဲ့သည်မှာ နှစ်ကာလကြာရှည်ပြီ ဖြစ်သော်လည်း တောင်သူအများစုသည် မသိကြသေး။

စိုက်ပျိုးမှုများကြသည်မှာ တရုတ်မျိုးနှင့် ထိုင်းမျိုးများ ဖြစ်ကြသည်။ မျိုးပေး၊ စိုက်စရိတ်ကြိုပေးနှင့် ဝယ်ယူမှုအာမခံသော စနစ်ကိုလည်း ကျင့်သုံးကြ၍ ပြည်ပမျိုးကို စိုက်ပျိုးကြသည်ဟု ထင်မြင်သုံးသပ်မိသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးပညာရှင်များက စပ်မျိုးပြောင်းများကို အမှတ်စဉ်အလိုက် စိုက်ပျိုးမည့်တောင်ပေါ်၊ မြေပြန့်ဒေသအလိုက် မျိုးပေါင်းများစွာ မျိုးစပ်ထုတ်လုပ်နိုင်ခဲ့သည်။

အခြားသော ပြောင်းဖူးစိုက်ပျိုးကြသည့် နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နှစ်မျိုးစပ်ပြောင်းဖူး၊ သုံးမျိုးစပ်ပြောင်းဖူးမျိုးများ ထုတ်လုပ်မှုတွင်စံမှီ၊ အရည်အသွေးမှီ ပြည်တွင်းထုတ်လုပ်နိုင်သဖြင့် ပြည်တွင်းပြောင်းစိုက်ပျိုးသူများ ဝင်ငွေပြောင်းလဲတိုးတက်လာသည်ကို ဒေသများစွာတွင် တွေ့မြင်ခဲ့ရသည်။ သို့သော် မျိုးရရှိမှု၊ ဖြန့်ဝေမှုမှာ လိုအပ်နေဆဲဖြစ်သည်။

မြေပြန့်မျိုး၊ တောင်ပေါ်မျိုးနှင့် တောင်ပေါ်မြေပြန့်နှစ်မျိုးစလုံး စိုက်ပျိုး၍ရသည့်မျိုးများ ရှိကြသည်။ အသက်ရက် ၉၀ မှ ၁၂၀ ရက်နှင့် တစ်ဧက တင်းရာကျော် ထွက်ရှိသည်။ ပြောင်းဖူးစိုက်ခင်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖျက်ပိုးနှင့် အပင်ရောဂါများလည်း ကျရောက်မှု ပိုများပြားလာသည်။

မြေပြန့်ဒေသတွင် ပြောင်းဖူးပင်စည်ပုပ်ရောဂါနှင့် အဖူးပုပ်ရောဂါများ ကျတတ်သည်။ တောင်ပေါ်ဒေသများတွင်ပြောင်းရွက်ခြောက်ရောဂါ ကျရောက်တတ်သည်။ ပြောင်းဖူးပင်တွင် မှိုရောဂါကျရောက်မှု ပိုမိုများပြားသည်။ မြေအောင်းမှိုများဖြစ်ပြီး မြေကြီးအပူချိန်များလျှင် ပွားများမှုများ၍ လျင်မြန်သည်။

တစ်နေရာတည်း၌ ပြောင်းဖူးအကြိမ်ကြိမ် ဆက်တိုက်စိုက်ပျိုးလျှင် ပိုမိုဖြစ်ပွားတတ်သည်။

ပင်စည်ပုပ်ရောဂါ
===========
ပင်စည်ပုပ်ရောဂါမှာပင်စည်အတွင်း အူကြောင်းထဲ၌ အနီရောင်၊ပန်းရောင်များ တွေ့ရသည်။ ရောဂါစတင်မှုသည် မြေကြီးနှင့်ကပ်လျက်နေရာ ပင်စည်ပေါ်တွင်အညိုရောင်အစက်ပြောက်ကို စတင်တွေ့ရသည်။
ရောဂါကြောင့် ဒဏ်ရာရနေရာတွင် မှိုအပြင် ဘက်တီးရီးယားများပါရောက်ရှိပြီး ပွားများ၍ ရောဂါဖြစ်စေသည့်သက်ရှိနှစ်မျိုး စုပြုံကျလာတတ်ပြီး ရောဂါပြင်းထန်လျှင် အပုပ်နံ့ထွက်လာသည်။

အဖူးပုပ်ရောဂါ
==========
အဖူးပုပ်ရောဂါမှာ မှိုအမျိုးအစားလေးမျိုးကြောင့် ဖြစ်ရသည်။ ရာသီဥတုစွတ်စို၊ မိုးများရေဝပ်လျှင် ဖြစ်တတ်သည်။ပြောင်းဖူးဖက်အတွင်းမှိုများကျရောက်ပြီးပြောင်းဖူးဖက်များ မပျော့ပြောင်းဘဲ မာကျစ်လာသည်။

အစေ့များ မှိုကျလာသည်။ အရင့်ပိုင်းတွင် အဖြူရောင်မှို တွေ့ရသည့် မှိုရောဂါတစ်မျိုး၊ အစေ့များပေါ်တွင် ပန်းရောင်မှိုတွေ့ရသည့် မှိုရောဂါတစ်မျိုး၊ အနီရောင်ပန်းရောင် နှစ်မျိုးတွေ့ရသည့် မှိုရောဂါတစ်မျိုးနှင့် မိုးခေါင်လျှင်ဖြစ်သော အစေ့များအူတိုင်ထဲမြုပ်ဝင်နေသည့် မှိုရောဂါတစ်မျိုးကို တွေ့ရတတ်သည်။

ရွက်ခြောက်ရောဂါ
============
ရွက်ခြောက်ရောဂါမှာရှမ်းပြည်နယ်တွင် အများဆုံးတွေ့ရသည်။
အရွက်ခြောက်ရောဂါ ပြင်းထန်လျှင်ပင်စည်ပုပ်ရောဂါ ထပ်မံဖြစ်လာနိုင်သည်။ရွက်ခြောက်ရောဂါမှိုသည် မြေကြီးထဲမှ လာမှုထက် လေထဲမှလွင့်ပါ၍ ပြောင်းဖူးပင်များသို့ ကျရောက်ခြင်းဖြစ်သည်။သို့ပါ၍ မြေထဲ၊ လေထဲ၊ ရေထဲ၊မှိုစေ့ထဲမှပါလာနိုင်သော မှိုရောဂါများကို ပြောင်းဖူးစိုက်ပျိုးသော ဒေသများတွင် ရောဂါခံနိုင်သော စပ်မျိုးပြောင်းများကို စိုက်ပျိုးပါ။ ဖြစ်လာလျှင် ရောဂါစတင်ဖြစ်ပွားမှုကို သိရှိပြီးရောဂါကျအစိတ်အပိုင်း ဖယ်ရှင်းသုတ်သင်ပါ။

မနိုင်လျှင် မှိုသတ်ဆေးအသုံးပြုသည့်အဆင့်ကိုဆောင်ရွက်ခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်
  • article
likes27comments1
views44201