cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းဖူးကို ဒုက္ခပေးတဲ့ ရွက်ဖြတ်ပိုး

. ပိုးမွှား
ARMYWORM လို့လည်း ခေါ်တယ်။ ဒီပိုးဟာ အပင်ငယ်စဉ်ကနေ မြိတ်ဆာထွက်တဲ့အထိ ဖျက်ဆီးနိုင်တဲ့အတွက် ဂရုစိုက်ရပါမယ်။ မြိတ်ဆာတို့၊ ခေါင်ညွန့်တို့ထိ ကိုက်ဖြတ်ခံရပြီဆိုရင်တော့ အထွက်သိသိသာသာ ကျသွားနိုင်ပါတယ်။ အရွယ်ရောက်နေတဲ့ ဒီရွက်ဖြတ်ပိုးဟာ ကြီးပြီး လေးလံတဲ့ ခန္ဓာကိုယ်ရှိတယ်။ ခန္ဓာကိုယ်အရောင်က အညိုရောင်၊ ဖလံဟာ တစ်လက်မခန့်ရှည်ပြီး ရှေ့အတောင်နှစ်ဘက်ရဲ့ အလည်ဗဟိုမှာ အဖြူစက်ပျောက် တစ်ခုစီ ရှိတယ်။ ဖလံကောင်ကြီးတွေဟာ ပြောင်းရွက်၊ မြက်နဲ့အခြားလက်ခံပင်တွေပေါ်မှာဥကို အစုလိုက် အပြုံလိုက် အုပြီး အရွက်လိပ်ပြီး ဥကိုဖုံးပေးထားတယ်။ အရွယ်ရောက်ပြီး ခူကောင်ကြီးဟာ တစ်လက်မခွဲခန့်ရှည်ပြီး ကိုယ်ရဲ့နံဘေးမှာ အဖြူပါတဲ့ အဝါရောင်အစင်းတွေ ရှိတယ်။ ကိုယ်လုံးပေါ်မှာ မထင်မရှားအစင်းများ ပါရှိတယ်။ ခူကောင်ရဲ့ ကျောကုန်းမှာ စိမ်းနက်ရောင်ရှိပြီး ဦးခေါင်းမှ ခန္ဓာကိုယ် အလယ်ပိုင်းထိ အဖြူရောင်အစင်းများ ပါရှိတယ်။ ရုပ်ဖုံးကို မြေကြီးထဲမှာလုပ်ပြီး ညအခါ အပင်ပေါ်တက်ရောက်စားပြီး နေ့အခါ မြေကြီးထဲဆင်းပြီး ခိုအောင်းနေလေ့ရှိတယ်။ တချို့ဖလံအကြီးစားများဟာ ပတ်ဝန်းကျင်ခြုံနွယ်၊ မြက်တွေထဲမှာ ခိုအောင်းနေတတ်ပြီး ဧပြီလနှင့် မေလလောက် ပြောင်း စိုက်ချိန်ရောက်ရင် ပြောင်းဖူးခင်းဆီ သွားကြတယ်။ ဖလံအမဟာ နွေဦးရာသီမှာ ဥအုတတ်တယ်။ ပထမသားဆက်ကို မေလမှ ဇွန်လအထိ တွေ့ရတယ်။
ပြောင်းဖူးပင်ပေါက်စ အပင်ငယ်အရွယ်ကို ဒုက္ခပေးတယ်။ ဒုတိယသားဆက်ကို ဩဂုတ်လနှင့် စက်တင်ဘာလမှာ တွေ့ရတယ်။ပြောင်းဖူးပင် သက်လတ်နဲ့ အပင်ကြီးတွေကို ဖျက်ဆီးတယ်။ တစ်နှစ်မှာ သားဆက်သုံးဆက်ထိ ပေါက်ဖွားနိုင်တဲ့အတွက် ပြောင်းဖူးပင်တစ်သက် ဒုက္ခပေးနိုင်တယ်။ ပြောင်းဖူးရွက်ဖြတ် ပိုးများဟာ ပြောင်းခင်းအနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ ခြုံ၊ မြက်၊ နှံစားသီးနှံတွေမှာ ခိုအောင်းပြီး သူ့တို့ရဲ့ဘဝသက်တမ်းကို ရှင်သန်အောင်နေတယ်။ ခိုအောင်းနေပြီး ပြောင်းဖူးစိုက်ပျိုးချိန်ရောက်ရင် ပြောင်းဖူးခင်းကို အလုံးအရင်းနဲ့ ဝင်ရောက် ဖျက်ဆီးတတ်တယ်။ အဲ့ဒီအခြေအနေမျိုးမှာ ပိုပြီး ဖျက်ဆီးခံရတာ တွေ့ရတယ်။ အဲ့ဒီပြောင်းဖူးရွက်ဖြတ်ပိုးဟာ ကျနေတဲ့အခင်းမှာ အစာကုန်သွားရင် (သို့) အစာမကြိုက်တော့ရင် အခြားပြောင်းခင်းတွေကို ပြောင်းရွှေ့ပြီး ဖျက်ဆီးစားသောက်တတ်ကြတယ်။ သူရဲ့ ဘဝစက်ဝန်းဟာ တစ်လကျော်လေးသာ ဖြစ်တဲ့အတွက် အုလိုက်၊ အကောင်ပေါက်လိုက်၊ ရုပ်ဖုံးလုပ်လိုက်၊ ဖလံထွက်လာလိုက်နဲ့ သံသရာလည်ပြီး ပြောင်းပင်ကို ဖျက်ဆီးနေတော့တာပါဘဲ။
ဒီပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
-ပြောင်းစိုက်ခင်း ပတ်ဝန်းကျင်ရှိ ခြုံမြက်၊ ပေါင်းများကို ပြောင်အောင်ရှင်း၊ မီးရှို့ပစ်ပါ။
-ပြောင်းရွက်ပေါ်မှာ ဥတွေအစုအပြုံလိုက်တွေ့ရင် ကောက်ယူ ဖျက်ဆီးပစ်ပါ။
-အပင် ၁၀ ပင်မှာ ခူကောင် ၅၀ ကောင်ကျော် တွေ့ပြီးဆိုရင် ထိသေအာနိသင်ရှိတဲ့ ဆေးနဲ့၁၀ ရက်ခြားတစ်ကြိမ် ဖျန်းပေး၊ ဒါမှမဟုတ်ရင် စားသေအာနိသင်ရှိတဲ့ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးနဲ့ ၁၀ ရက်ခြားတစ်ကြိမ် ဖျန်းပေးပါ။
-ညပိုင်းမှာ အပင်ပေါ်တက်ပြီး စားသောက်တတ်တဲ့အတွက် ညနေပိုင်းမှာ ဆေးဖျန်းရန်သတိပြုပါ။ ခူကောင်ဟာ အရေခွံလဲတတ်တဲ့ အတွက် အရေခွံလဲချိန်ကြည့်ပြီး ဆေးဖျန်းရင် ပိုထိရောက်ပါတယ်။
- အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်
  • article
likes21comments2
views44145