cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာဘာခြံငယ်ရှင်များဗဟုသုတရစေရန် မှိုင်းခံရာဘာအတန်းအစားများအကြောင်း

. ရိတ်သိမ်းချိန်လွန် နည်းပညာ
ရာဘာခြံငယ်ရှင်များဗဟုသုတရစေရန် မှိုင်းခံရာဘာအတန်းအစားများအကြောင်း
အားလုံးမင်္ဂလာပါ
ဒီနေ့ ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာခြံငယ်ရှင်များဗဟုသုတရစေမဲ့ မှိုင်းခံ ရာဘာအတန်းအစားများဖြစ်တဲ့ RSS-1, RSS-2, RSS-3, RSS-4, RSS-5 နဲ့ပက်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်။
၂၀၂၀ မှတ်တမ်းမျာအရ ကမ္ဘာမှာ ရာဘာကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့် အဓိကနိုင်ငံပေါင်း (၁၅) နိုင်ငံရှိပြီး အများဆုံးတင်ပို့ရောင်းချသည့်နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်ပါသည်။ ဒုတိယတင်ပို့ ရောင်းချသည့်နိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ကာ မြန်မာနိုင်ငံကတော့ အမှတ်စဉ် (၈) တွင်တည်ရှိနေပါသည်။
ရာဘာကိုအဓိကအများဆုံး ဝယ်ယူတဲ့နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။
မှိုင်းခံရာဘာပြားများနှင့်ပက်သက်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ သတ်မှတ်ချက်များ အနည်းငယ် ကွာဟချက်များမှလွဲ၍ အဓိကအခြေခံအချက်များကတော့ အတူတူပင်ဖြစ်ပါသည်။ ဝယ်ယူသူ၏ လိုအပ်ချက်နှင့်အညီ သတ်မှတ်ချက်များအပေါ် အခြေခံပြီးလည်း ရောင်းဝယ် ကြပါသည်။
အောက်တွင်ဖော်ပြထားသော သတ်မှတ်ချက်များသည် မှိုင်းခံရာဘာပြား အဆင့် ၁ မှ ၅ အထိ စံသတ်မှတ်ချက်များဖြစ်ကာ မလေးရှားနိုင်ငံထုတ် Rubber Plantation and Processing Technologies စာအုပ်မှ International Rubber Quality and Packing Conference (IRQPC) စံနှုန်းသတ်မှတ်ချက်ကို အခြေခံပြီး ဘာသာပြန်ဆိုထားပါသည်။
မှိုင်းခံရာဘာအဆင့် (၁) RSS-1
(၁) ရော်ဘာပြားသည် ‌ခြောက်သွေ့ သန့်ရှင်း ခိုင်ခန့်၍ အရောင်ကြည်လင်ပြီး မှိုင်းကျက်ညီရပါမည်။
(၂) ရော်ဘာပြားသည် မီးလောင်ဖု ၊အခေါက်အစအန ၊ သဲ ၊ အမှိုက်၊ မှို၊ ဖေါင်းကြွအဖု၊ လေပူပေါင်း၊ အစွန်းအထင်း၊ သံချေး၊ အမည်းကွက်၊ အစွန်းအပြောက်ငယ် ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော၊ မှိုင်းကျက်လွန်သော၊ စေးကပ်သော၊ အရောင်မကြည်လင်သော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေးများ ပြန့်ကျဲပါဝင်နေခြင်းကို လက်ခံနိုင်ပါသည်။
မှိုင်းခံရာဘာအဆင့် (၂) RSS-2
(၁) ရော်ဘာပြားသည် ခြောက်သွေ့ သန့်ရှင်း ခိုင်ခန့်၍ အရောင်ကြည်လင်ပြီး မှိုင်းကျက်ညီ
ရပါမည်၊
(၂) ရော်ဘာပြားသည် မီးလောင်ဖု ၊အခေါက်အစအန ၊ သဲ၊ ၊ အမှိုက်၊ မှို၊ ဖောင်းကြွဖု ၊ လေပူပေါင်း၊ အစွန်းအထင်း၊ သံချေး၊ အမည်းကွက် ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော၊ မှိုင်းကျက်လွန်သော၊ စေးကပ်သော၊ အရောင်မကြည်လင်သော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေးနှင့် အစွန်းအပြောက်ငယ် အနည်းငယ်ပါဝင်မှု
ကို လက်ခံနိုင်ပါသည်။
မှိုင်းခံရော်ဘာအဆင့် (၃) RSS-3
(၁) ရော်ဘာပြားသည် ခြောက်သွေ့ သန့်ရှင်း ခိုင်ခန့်၍ အရောင်ကြည်လင်ပြီး မှိုင်းကျက်ညီ
ရပါမည်။
(၂) ရော်ဘာပြားသည် မီးလောင်ဖု၊ သဲ၊ ၊ အမှိုက်၊ မှို၊ ဖောင်းကြွအဖု၊ လေပူပေါင်း၊ အစွန်းအထင်း၊ သံချေး ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော၊ မှိုင်းကျက်လွန်သော၊ စေးကပ်သော၊ အရောင်မကြည်လင်သော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေး၊ အစွန်းအပြောက်ငယ်နှင့် အမည်းကွက် အနည်းငယ်ပါဝင်မှုကို လက်ခံနိုင်ပါသည်။
မှိုင်းခံရော်ဘာအဆင့်(၄) RSS-4
(၁) ရော်ဘာပြားသည် ခြောက်သွေ့ပြီး မှိုင်းကျက်ညီ ရပါမည်။
(၂) ရော်ဘာပြားသည် မီးလောင်ဖု၊ အခေါက်အစအန ၊သဲ၊ အမှိုက်၊ မှို၊ ဖောင်းကြွအဖု နှင့် လေပူပေါင်း ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေး၊ အစွန်းအပြောက်ငယ်၊ အမည်းကွက်၊ အစွန်းအထင်း၊ သံချေး၊ အရောင်မကြည်လင်ခြင်း၊ အနည်းငယ် စေးကပ်ခြင်းနှင့် မှိုင်းကျက် လွန်ခြင်းကို လက်ခံနိုင်ပါသည်။
မှိုင်းခံရော်ဘာအဆင့်(၅) RSS-5
(၁) ရော်ဘာပြားသည် ခြောက်သွေ့ပြီး မှိုင်းကျက်ညီ ရပါမည်။
(၂) ရော်ဘာပြားသည် မီးလောင်ဖု၊ သဲ၊ အခေါက်အစန ၊ အမှိုက်နှင့် မှို ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်း၊ အစွန်းအပြောက်ငယ်၊ အမည်းကွက်၊ အစွန်းအထင်း၊ သံချေး၊ လေပူပေါင်း၊ ဖောင်းကြွအဖု ၊ အရောင်မကြည်လင်ခြင်း၊ အနည်းငယ် စေးကပ်ခြင်း၊ မှိုင်းကျက်လွန်ခြင်းနှင့် အနည်းငယ် အကျက်မညီခြင်းကို လက်ခံနိုင်ပါသည်။
ယနေ့မျှဝေရေးသားချက်များတွင် တစ်စုံတစ်ရာမှားယွင်းမှုနှင့် လိုအပ်ချက်များ မပြည့်စုံချက်များ ရှိခဲ့ပါက ရေးသားပြုစုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်းနှင့် ဖြည့်စွက်အကြံပြုမှုများကိုလည်း ကြိုဆိုလျက်ရှိပါသည်။ ဤမျှဝေခြင်းမှ ရာဘာမိသားစုများအနေနှင့် တစ်စုံတစ်ရာ ဗဟုသုတရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။ တင်ပြီးသမျှ ရာဘာဆောင်းပါးများကိုတစ်နေရာတည်းမှာ ပြန်လည်ဖတ်ရူ့လိုပါက ( အနာဂတ်မြန်မာ့ရာဘာ Future Myanmar Rubber ) Group တွင်ဝင်ရောက်ဖက်ရူ့ လေ့လာနိုင်ပါတယ်ခင်ဗျာ။
ရာဘာမိသားစုဝင်များအားလုံး ကျန်းမာချမ်းသာ၍ စီးပွားများတိုးတက်ပါစေကြောင်း ဆုတောင်းရင်း
ထွန်းသိန်း (B.Agr.Sc) - ရာဘာနည်းပညာအကြံပေး (၀၉ ၂၆၃၆၅၄၈၂၇)
ခင်ဌေးမော်(B.Agr.Sc) - ရာဘာနည်းပညာအကြံပေး (၀၉၇၆၇၄၈၇၂၂၅)
  • article
  • article
  • article
  • article
  • article
likes20comments0
views4055