cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဓာတ်မြေသြဇာနှင့် ရေတို့၏ ဆက်စပ်တုံ့ပြန်မှု

. ရေ
ဓာတ်မြေသြဇာနှင့် ရေတို့၏ ဆက်စပ်တုံ့ပြန်မှု
  • article
  • ရေသည် ပျော်ဝင်အရည်၏ အသက် (တစ်နည်းအားဖြင့်) အရေးအကြီးဆုံး ပစ္စည်းဖြစ်ပါသည်။ ရေ၏ ရွေ့လျားစီးဝင်သွားလာမှု၊ဓာတု၊ ရူပ အပြုအမူများကြောင့် သက်ရှိ လောကဖြစ်သည့် သစ်ပင်နှင့် တိရစ္ဆာန်တို့ လုံးဝဥဿုံလိုအပ်ချက် ဖြစ်ပေါ်တိုးတက်မှုများကို ဖြစ်ပေါ်စေခြင်းသာ ဖြစ်သည်။ ရေသည် မြေဆီလွှာတွင်းရှိ အပင်အာဟာရဓာတ်များကို အပင်တို့၏ အတွင်းအင်္ဂါများဆီသို့ ပို့ဆောင်ပေးပါသည်။ ရေသည်ပင်လျှင် မြေဆီလွှာ၏မျက်နှာပြင်ရှိ သဘာဝသြဇာဓာတ်နှင့် အပင်အာဟာရဓာတ်များကိုတိုက်စားသယ်ယူသွားသလို မြေအောက်နက်စွာသော အရပ်အထိ စီးဆင်းစိမ့် ပျောက်ဆုံးသွားစေပါသည်။ ဓာတ်မြေသြဇာထည့်သွင်းသည့် လုပ်ကိုင်ဆောင်ရွက်သည့် နည်းစနစ် တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ အပင်ဖြစ်ထွန်းမှုကို အဟန့်အတားဖြစ်ပေါ်စေသည့် အာဟာရဓာတ်ချို့တဲ့မှု ပြဿနာလည်း လျော့နည်းပျောက်ကွယ်သွားမှာ ဖြစ်ပါသည်။ မြေဆီလွှာတွင် ထည့်သွင်းပေးသည့် ဓာတ်မြေသြဇာ မလေလွင့်စေရန်နှင့် အာဟာရဓာတ်ချို့တဲ့မှု မရှိစေရန် ရေထိန်းသိမ်းရေးနှင့် ရေအသုံးချရေးသည်သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးအတွက် အလွန်အရေးပါသည့် လုပ်ငန်းတစ်ရပ်အဖြစ် ရှေ့တွင် အမြဲဂရုပြုရမည့် ကိစ္စဖြစ်ပါသည်။ဓာတ်မြေသြဇာနှင့် ရေသယံဇာတဟူသော အရေးပါသည့် အရင်းအမြစ်နှစ်ခုကို ဘက်ညီချိန်ဆတတ်ရန် ရေသည် သစ်ပင်၏အတွင်းအင်္ဂါနှင့် မြေဆီတွင်း မည်သို့ဝင်ထွက်လှုပ်ရှားသည်ဟူသော အသိအမြင်ရရှိရန်မှာ လွန်စွာအရေးပါလှပါသည်။ သစ်ပင်အတွက် ကစီချက်လုပ်ခြင်းဟူသော အလင်းဖြင့်ကစီဖွဲ့စည်းခြင်း (Photosynthesis) အတွက် လိုအပ်သည့် ကုန်ပစ္စည်းတစ်မျိုးမှာ ရေဖြစ်ပါသည်။ ထိုရေကို ပုံမှန်အားဖြင့် မြေဆီလွှာတွင်းမှ ရယူကြရမြဲဖြစ်သည်။ လေထုတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်တို့ကို သစ်ရွက်အတွင်း နေရောင်ခြည်ရရှိချိန်မှာ အရွက်တွင်းက အစိမ်းခဲကလေးများဖြစ်သည့် Chlorophyll အကူအညီဖြင့်ကစီဓာတ်၊ ရေနှင့် အောက်ဆီဂျင်ဓာတ်အဖြစ် ပြောင်းလဲပေးလိုက်သည်။ ယခု ဖော်ပြခဲ့သော ဇီဝဓာတုဖြစ်စဉ်တွင် စုပ်ယူရရှိသော ရေပမာဏ၏ တစ်ရာခိုင်နှုန်းထက်နည်းသော ပမာဏသာလျှင် အသုံးပြုခဲ့သော်လည်း ကျန်သောရေ အထူးသဖြင့် ၉၅ရာခိုင်နှုန်းခန့်သည် အပင်၏ စိုရွှမ်းသော အင်္ဂါများတွင်သာ စုဆောင်းရောက်ရှိသွားစေသည်။ သို့ဖြစ်၍ စိမ်းလန်းစိုရွှမ်းသောအပင်တစ်ပင်လုံး၏ အလေးချိန် ၉၀ ရာခိုင်နှုန်းကျော်သည် ရေဖြစ်သည်ကို တွေ့ရမည်ဖြစ်ပြီး သစ်သားများထုတ်လုပ်သည့်သစ်တောပင်များတွင်လည်း ခုတ်ပြီးစတွင် ရေသည် အနည်းဆုံး ၅၀ ရာခိုင်နှုန်းကျော် ပါဝင်နေတတ်ပါသည်။သစ်ပင်၊ သစ်ရွက်တို့မှ ရေငွေ့ပြန်ခြင်းသည် ရေများစွာဆုံးရှုံးစေသည့် သစ်ပင်တို့၏ ဘဝရှင်သန်ရေးအတွက် မရှိမဖြစ်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။ ဤ လုပ်ငန်းသည် စင်စစ်အားဖြင့် ရေကို လေထုကရသလို မြေတွင်းကလည်း ရသည်။ တစ်ဖန်လေထုတွင်းသို့လည်း သစ်ပင်က ပြန်လည်ပေးပို့ရသော အပေးအယူလုပ်ငန်းစဉ် (သဘာဝရေလည်ပတ်မှုစဉ်လာ) ကို ဖြည့်ဆည်းခြင်းသာ ဖြစ်ပါသည်။ ဤသို့ဖြင့် ရေသည် သစ်ပင်၏ ဇီဝကမ္မဖြစ်စဉ်အတွက် သယ်ယူပို့ဆောင်ပေးရသည့်တာဝန်ကိုယူရပေသည်။ အပင်မှ အငွေ့ပြန်ခြင်းသည်လည်း အပူစွမ်းအင်ညီမျှခြေရအောင် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။တစ်ဂရမ်မျှသောရေ အငွေ့ပြန်ရန် စွမ်းအင် ကယ်လိုရီ ၅၈၀ လိုအပ်သည်။ ထိုသို့သော အပူစွမ်းအင်ကို အသုံးချပြီး အငွေ့ပြန်ပေးလိုက်ရသည့်အတွက် အပင်၏အရွက်တွင် အပူချိန်လျော့ကျသွားစေသည်။ တစ်နည်းအားဖြင့် အေးမြသွားစေသည်။သစ်ပင်နှင့် ရိုးတံ၊ ပင်စည်အရွက်တို့တွင် လိုအပ်သော ရေပမာဏ မရှိတော့လျှင် ညှိုးရော်သွားတတ်သည်။ အကြောင်းမှာသစ်ပင်၊ သစ်ရွက်တို့တွင်းရှိဆဲလ်များတွင် ရေမရှိသောအခါ တောင့်မနေဘဲ လျော့ရိလျော့ရဲ ဖြစ်သွားတော့သည်။များစွာသောသစ်ပင်တို့၏ ပျော့ပြီးတင်းမာကျစ်လျစ်သော ဆဲလ်နံရံ၊ အခန်းနံရံများ မရှိကြပေ။ ရေအပြည့်အဝရှိမှသာ တောင့်တင်းမာကျစ်နေနိုင်မှာဖြစ်သည်။ ရေမလုံလောက်လျှင် သစ်ပင်တွင်းရှိ ဆဲလ်များ မကြီးထွားမကျယ်ပြန့်နိုင်တော့၍ အပင်ရှင်သန်ဖြစ်ထွန်းမှုကို ထိခိုက်စေပါသည်။ အပင်၊ အရွက်၊ အဖူးအပွင့်များ ကြီးထွားရန်မူရင်းဆဲလ်များ ခွဲထွက်ပွားစီးရန်လိုအပ်ရာရေပြတ်ခြင်း၊ မလုံလောက်ခြင်းတို့ကြောင့် မပွားစီး မကြီးထွားနိုင်တော့ပေ။ Rolaud Renne ပညာရှင်တစ်ဦး၏ စူးစမ်းတွက်ချက်မှုတစ်ခုအရ အမေရိကန် ပြည်ထောင်စုတွင် ရွာသောမိုးရေ ၂၁ လက်မ သို့မဟုတ် အမေရိကန်ပြည်ထောင်စု၏ တစ်နှစ်အတွင်းရွာသွန်းသမျှ မိုးရေ၏ ၇၀ ရာခိုင်နှုန်း လေထုအတွင်းသို့ အငွေ့ပြန်ခြင်း (Evapotranspiration) ဖြင့် အပြင်လေထုထဲသို့ ရောက်သွားသည်ဟု ဆိုသည်။ အခြားသော ၃၀ ရာခိုင်နှုန်း (ကိုးလက်မ) မှာ မြေတွင်းသို့လည်းကောင်း၊ မြစ်ချောင်းများသို့လည်းကောင်း စီးဝင်ပျောက်ဆုံးသွားသည်ဟု ဆိုပါသည်။Evaporation ခေါ်သည့်မြေပြင်မှ ရေငွေ့ပြန်ဆုံးရှုံးမှုသည် မြေပြင်ကရော၊ သစ်ပင်များကပါ အတူတကွ အငွေ့ပြန်ပျောက်ဆုံးသည်။Evapotranspiration ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိတတ်သည်ဟု ဆိုသည်။ သို့အားဖြင့် သစ်ပင်၊ သစ်ရွက်တို့မှ အငွေ့ပြန် (Transpiration) သောကြောင့် ရေဆုံးရှုံးရမှုမှာအများဆုံးဖြစ်သည်ဟု ဆိုလိုပါသည်။ အပင်မှ အငွေ့ပြန်၍ ဆုံးရှုံးသော ရေပမာဏကို သစ်ပင်သီးနှံတို့၏ မြေပေါ်ပိုင်းပစ္စည်းအားလုံး၏ အလေးချိန်တစ်ပေါင်စီနှင့် ဆုံးရှုံးရသော ရေပမာဏကို အချိုးချတွက်ချက်မှုဖြင့် ပြတတ်ပါသည်။The ratio of water transpired by plants for each pound of above ground dry matter produced ဟု ဆိုလိုပါသည်။ အပင် အမျိုးအစားများ၏ မြေပေါ်ပိုင်း အခြောက်တစ်ပေါင်ရရန် ကုန်မည့်ရေပမာဏများမှာ စပါးမှာ ၆၈၂ ပေါင်၊အယ်လ်ဖာဖာမှာ ၈၅၈ ပေါင်၊ အုတ်မှာ ၆၃၅ ပေါင်၊ ဝါမှာ ၂၆၂ ပေါင်၊ ဘာလီမှာ ၅၂၁ ပေါင်၊ ဂျုံမှာ ၅၀၅ ပေါင်၊ ပြောင်းဖူးမှာ၃၇၂ ပေါင်နှင့် နှံစားပြောင်းမှာ ၂၇၁ ပေါင်တို့ ဖြစ်သည်။ ရေကို အကျိုးရှိရှိ အသုံးချနိုင်စေရန် မြေသြဇာ (ဓာတ်မြေသြဇာရောသဘာဝမြေသြဇာပါ) လုံလောက်အောင်ထည့်ပေးရန် လိုသည်ဟုဆိုသည်။ အသေအချာ အနီးကပ်လေ့လာသောအခါ သီးနှံတို့သည် အထွက်နှုန်းမြင့်သည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ သက်တမ်းတစ်ခုအတွက် ရေကတော့ ပမာဏတူလောက်ပဲ စုပ်ယူသည်ဟု ဆိုသည်။ သီးနှံများ၏ အပင်အာဟာရစုပ်ယူရာတွင် အမြစ်မှစုပ်ယူခြင်း၊ Massflow ခေါ်သည့် အာဟာရပျော်ရည်စုပ်ယူခြင်းနှင့် disffusion ဟုသာ ကွဲပြားပြီး ရေက အဓိက ဖြစ်သည်ကို တွေ့ရသည်ဟု ဆိုသည်။ အမြစ်ကစုပ်ယူခြင်းသည် အမြစ်တိုးတက်ပွားများရန် ရေအဓိကလိုအပ်သည်။ ကယ်လ်စီယမ် (ထုံး) နှင့် မဂ္ဂနီစီယမ်တို့လို ရွေ့လျားမှုနှေးကွေးသည်။အပင်အာဟာရပစ္စည်းများကို အမြစ်ကစုပ်ယူရန် အကောင်းဆုံး အလွယ်ဆုံးဖြစ်သည်။Massflow system ခေါ်သည့် အမြစ်က အာဟာရစုပ်ယူမှုမှာ အရွက်တွင်းမှ ရေဓာတ်လျော့သွားလျှင် အရွက်မှသည် ရိုးတံ၊ အခက်၊ ပင်စည်မှ အမြစ်တိုင်အောင်ဆက်နေသော ပင်တွင်းကလာပ်စည်း (Cells) များတွင်းရှိ ရေဓာတ်လျှော့လိုက်လာသည်နှင့် အမြစ်က ရေပို့ပေးရသည်ဖြစ်ရာ အမြစ်ကလည်း အနီးရှိမြေတွင်းကရေကို စုပ်ယူရသည်ဖြစ်ရာ ထိုရေနှင့်အတူ ဆာလ်ဖိတ်နှင့် နိုက်ထရိတ်တို့သည် ထိုအမြစ်က အဆင့်ဆင့်ဆွဲအားဖြင့် စုပ်ယူသော အရှိန်အတိုင်းအပင်တွင်းသို့ အမြစ်ကနေ ဝင်ရသောကြောင့် ပင်စည်နှင့် အမြစ်ဝန်းကျင်တွင်ရေအလုံအလောက်ရှိရန် လိုပါသည်။သုတကျော်မြန်မာတောင်သူကြီးများ ဂျာနယ်


likes3comments0
views939