cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲပင် မျိုးစေ့နှုန်းထားနှင့် စိုက်နည်းစနစ်

. မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း
မြေပဲပင် မျိုးစေ့နှုန်းထားနှင့် စိုက်နည်းစနစ်
မိမိစိုက်ပျိုးတဲ့ နည်းလမ်းအပေါ်မူတည်ပြီး မြေပဲမျိုးစေ့နှုန်းထား ကွဲပြားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးဖို့ သင့်လျော်တယ်လို့ အကြံပြုတိုက်တွန်းထားတဲ့ မျိုးစေ့နှုန်းထားကတော့၊ အတန်းလိုက်စနစ်အတွက် မြေပဲမျိုးစေ့ ၁ တင်းခွဲ (မြေပဲတောင့် ၆ တင်း) နှုန်းဖြစ်ပါတယ်။

မြန်မာ့တောင်သူဦးကြီးတို့ အကျိုးဖြစ်ထွန်းတဲ့ မြေပဲမျိုးများကတော့ ရက် မြေပဲမျိုးများမှာ ရက် ၁၀၅- ၁၂၀ မျိုး ဆင်းပဒေသာ-၅၊ ၁၀၅-၁၁၅ရက်မျိုး ဆင်းပဒေသာ-၆၊ ရက် ၉၀-၉၅ ရက်မျိုး ဆင်ပဒေသာ ၇ နှင့် ၉၅- ၁၀၅ ရက်မျိုး ဆင်းပဒေသာ-၁၁ တို့ ဖြစ်တဲ့အတွက် ဒီမျိုးများကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
လက်တွေ့ မြေပဲစိုက်ပျိုးရာမှာ ဦးကြီးတို့အတွက် အသုံးတည့်နိုင်မယ့် နည်းလမ်းကောင်းများကတော့
* မိုးရာသီ အစမှာ စိုက်ပျိုးတဲ့ မိုးမြေပဲခေါ် မိုးကြိုမြေပဲများကို ဇွန်လ နောက်ဆုံးအပတ်မှာ စိုက်ပါ။ မိုးရာသီ အလယ်မှာ စိုက်ပျိုးသော မိုးမြေပဲကိုတော့ သြဂုတ်လ ၁၅ ရက် မကျော်မီစိုက်သင့်ပါတယ်။ မိုးအကုန်တွင် စိုက်ပျိုးသော ဆောင်းမြေပဲ သို့မဟုတ်မိုးနှောင်းမြေပဲကိုတော့ နိုဝင်ဘာလ ၁၅ ရက်ထက် နောက်မကျဘဲ စိုက်ပျိုးရပါမယ်။
* အပင်ပေါက်နှုန်းကောင်းစေဖို့ မြေဆီ အစိုဓာတ်ကို လုံလောက်အောင် ထားရပါမယ်။ မြေပဲစေ့များကို ခြောက်သွေ့တဲ့ မြေမှာ လုံး၀ မစိုက်ပျိုးသင့်ပါ။
* မြေပဲစိုက်ပြီး မိုးသန်းထန်စွာရွာသွန်းခဲ့ပါက မြေပဲစေ့များ ရိပုပ်သွားနိုင်တာမို့ စိုက်ခင်းမှအတွင်းမှ ရေကို ချက်ချင်း ပြောင်စင်အောင် ထုတ်ပေးရပါမယ်။
* အပင်ကြီးထွားပုံနှင့် မျိုးပေါ်မူတည်ပြီး (ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုး) နေရာခြား စိုက်ပျိုးသင့်ပါတယ်။
* စိုက်ပျိုးချိန်တွင် မြေအနက် ၁ လက်မခွဲမှ ၂ လက်မခန့် အနက်အထိ ရောက်အောင် တူးဆွ စိုက်ပျိုးပါ။ အပင်ပေါက်နှုန်း မြန်ဖို့နဲ့ ညီမျှစေဖို့အတွက် မြေအစိုဓာတ် ရရှိစေရန် မျိုးစေ့များ ပတ်လည်ရှိ မြေသားများကို ပြန်ဖို့ပေးပါ။
* ပင်ထောင်မျိုးတွင် ၁၅×၄ (သို့မဟုတ်) ၁၂×၄ လက်မခန့် နေရာခြားသင့်ပြီး၊ ပင်ပြန့်မျိုးအတွက်မူ ၁၈×၆ လက်မခန့် ခြားသင့်ပါတယ်။ အပင်တစ်ပင်နှင့်တစ်ပင်ကြား ၄ လက်မနဲ့ ၆ လက်မခန့် ခြားမှသာ ဘေးကိုင်းထွက်ရာမှာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
  • article
likes22comments1
views2047