cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲစိုက်ခင်း ပေါင်းနှိမ်နင်းနည်း

. ပေါင်းမြက်
မြေပဲစိုက်ခင်း ပေါင်းနှိမ်နင်းနည်း
မြေပဲစိုက်ခင်းတွင် အပင်သက်တမ်း ၄၅ ရက်မတိုင်ခင်မှာ ပေါင်းကို ကို နိုင်အောင် မနှိမ်နင်းနိုင်ဘူးဆိုရင် အထွက်ကို ထိခိုက်နိုင်ပါတယ်။ လက်ပေါင်းလိုက်ပြီး နှိမ်နင်းနိုင်သလို ဓါတုဆေး အသုံးပြုပြီးလည်း နှိမ်နင်းနိုင်ပါတယ်။

လက်ပေါင်းလိုက်ခြင်း
- ပထမအဆင့်ကို စိုက်ပျိုးပြီး (၇) ရက်ခန့်မှာ ပြုလုပ်ပေးပါ။၊
- ဒုတိယအဆင့်ကိုတော့ စိုက်ပျိုးပြီး ၂၁-၂၈ ရက်အတွင်း နှိမ်နင်းပေးပါ။
- နောက်ဆုံး ပေါင်းသင်အဆင့်မှာတော့ ပေါင်းကြီးထွားမှုပေါ် မူတည်ပြီး၊ စိုက်ပျိုးပြီး ရက် ၆၀ ထက် နောက်မကျဘဲ ပြုလုပ်ရပါမယ်။
ဓါတုဆေးဖြင့်ပေါင်းနှိမ်နင်းခြင်း
ဓါတုဆေး အနေနဲ့က မျိုးစေ့ချပြီး ၁-၃ ရက်အတွင်း “ကြိုတင်ပေါင်းသတ်ဆေး” (မျိုးညှောင့်မပေါက်မီသုံးသောဆေး) Pendimethalin ( ပန်ဒီမီသလင်း) တစ်ဧကလျှင် တစ်လီတာ မှ တစ်လီတာခွဲကို ဆေးဖျန်းပုံး ၁၀ ပုံးမှာ ဖျော်ပြီး နှိမ်နင်းနိုင်ပါတယ်။
ပေါင်းပင်ပေါက်ရောက်မှု အခြေအနေ အလွန်များပြားနေပါက “ရွေးချယ်ပေါင်းသတ်ဆေး” ကို မြေပဲပင်များ မစိုက်ပျိုးမီ အသုံးပြုရပါမယ်။
စိုက်ပျိုးပြီးနောက်ပိုင်း ပေါင်းပင်များကို ရေ (၄) ဂါလံမှာ ဟာလိုဇီဖော့ပ်-အာရ်-မီသိုင်း စားပွဲတင်ဇွန်း ၂-၃ ဇွန်း နှုန်းဖြင့် ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။
ပေါင်းသတ်ဆေးများ သုံးပြီးပြီးချင်း မြေပဲကို ချက်ချင်းစိုက်ပျိုးခြင်းကို ဦးကြီးတို့ ရှောင်ကြဉ်သင့်ပါတယ်။
မြေပဲစိုက်ပြီးနောက်ပိုင်း ပေါင်းသတ်ဆေး အသုံးပြုရန် လိုအပ်လာပါက မြေပဲပင်ငယ်လေးများကို ထိခိုက်မှု မရှိစေဖို့ အရှိန်မပြင်းတဲ့ ဆေးဖျန်းခေါင်းကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။
Source- ICRISAT
  • article
likes22comments0
views2442