ပဲစောင်းလျားသီး စိုက်ပျိုးနည်း
ပဲစောင်းလျားသီးကို အတို့အမြုပ်ပြု၍လည်းကောင်း ၊ သုပ်၍ လည်းကောင်း ၊ သီးစုံဟင်းချက် ၍ လည်းကောင်း စားသောက်ကြသည်။
ပဲစောင်းလျားမြစ်သည် လူတိုင်းနှစ်သက်စွာ စားသုံးကြသည့် ပဲမြစ်ပင် ဖြစ်လေသည်။
ပဲစောင်းလျားအား မိုးဦးကျ ကဆုန်လ ၊ နယုန်လနှင့် မိုးနှောင်း သီတင်းကျွတ်လ ၊ တန်ဆောင်းမုန်းလများတွင် စိုက်ပျိုးနိုင်ပါသည်။
ပဲစောင်းလျား စိုက်ပျိုးမည့် မြေနေရာတွင် အမှိုက်များစုပုံပြီး မီးရှို့ပါက ပို၍ ကောင်းပါသည်။ ထို့နောက် မြေကို ညက်စွာ ပြုပြင်ပြီး နွားချေး မြေဆွေး အစရှိသည်တို့နှင့် သမအောင် ရောနှောရပါမည်။
အရှည်ပေ ၂၀ အကျယ် ၁ ပေနှင့် အမြင့် ၁ပေခန့်ရှိသော ဘောင်ကလေးများ ပြုလုပ်ပေးရပါမည်။
တစ်ဘောင်နှင့် တစ်ဘောင် အလျားလိုက် မြောင်းဆွဲပြီး မြောင်းထဲတွင် ၂ ပေ အကွာထား၍ ကျင်းကလေးများ တူးရပါမည်။
တစ်ကျင်းလျှင် မျိုးစေ့ ၂ စေ့ ၃ စေ့ကို ဖုံးအုပ်စိုက်ပျိုးရပါမည်။
အပင်ကလေးများ တစ်ထွာတစ်မိုက်ခန့် ရောက်၍ နှာမောင်းကလေးများ ထွက်ပေါ်လာသောအချိန်တွင် ပေါင်းလိုက်ခြင်း မြေဆွခြင်းနှင့် တိုင်ထောင်စင်ကလေးများ ပြုလုပ်ပေးရပါမည်။
မိုးဦးကာလ စိုက်ပျိုးသော အပင်များကို စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ ခန့်ကြာလျှင် ခူးဆွတ်ရပါသည်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း